တရုတ်မှာ ၁.၄ စက္ကန့်နဲ့ 50GB ဖိုင်ကို ဒေါင်းလုပ်လုပ်နိုင်တဲ့ 6G ကို စမ်းသပ်အောင်မြင်
တရုတ်မှာ ၁.၄ စက္ကန့်နဲ့ 50GB ဖိုင်ကို ဒေါင်းလုပ်လုပ်နိုင်တဲ့ 6G ကို စမ်းသပ်အောင်မြင်
===============================================
အရည်အသွေးအလွန်မြင့်တဲ့ 4K ရုပ်ရှင်ကားကြီးတစ်ကားကို ဒေါင်းလုပ်ဆွဲဖို့ ဘယ်လောက်ကြာကြာစောင့်ရမလဲ။ မိနစ်နဲ့ချီလား၊ နာရီဝက်လောက်လား။ အခု တရုတ်နိုင်ငံမှာတော့ ၁.၄ စက္ကန့်ပဲ ကြာပါတော့တယ်။
တရုတ်နိုင်ငံရဲ့ အကြီးဆုံးဆက်သွယ်ရေးကုမ္ပဏီ China Mobile ဟာ 6G ကွန်ရက် ရှေ့ပြေးစမ်းသပ်မှုတစ်ခုမှာ အဲဒီလို အိပ်မက်ဆန်တဲ့အမြန်နှုန်းကို ကမ္ဘာ့စံချိန်တင် ရရှိခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။ ဒီအမြန်နှုန်းဟာ လက်ရှိ 5G ကွန်ရက်ထက် အဆ ၂၀ လောက်ပိုမြန်နေပြီး နည်းပညာလောကကို အံ့အားသင့်စေခဲ့ပါတယ်။
ဒီလောက်မြန်တဲ့ 6G ကွန်ရက်က ကျွန်တော်တို့ရဲ့ဘဝကို ဘယ်လိုပြောင်းလဲပေးမှာလဲ။ စဉ်းစားကြည့်ပါ…
Hologram ခေတ်ဆီသို့: ဗီဒီယို Call ခေါ်ဆိုတဲ့အခါ တစ်ဖက်ကလူက ကိုယ့်ရှေ့မှာ လူကိုယ်တိုင်ရောက်နေသလို Hologram ပုံရိပ်အနေနဲ့ ပေါ်လာနိုင်ပါတယ်။
အဝေးထိန်းခွဲစိတ်မှု: ကမ္ဘာ့တစ်ဖက်ခြမ်းက အထူးကုဆရာဝန်ကြီးက အလွန်တိကျတဲ့ စက်ရုပ်လက်တံကို အသုံးပြုပြီး သင့်ကို ခွဲစိတ်ကုသပေးနိုင်မှာပါ။
စက်ရုံ၊ အလုပ်ရုံများရဲ့ တော်လှန်ရေး: စက်ပစ္စည်းတွေကို အလွန်တိကျစွာ အဝေးကနေ ထိန်းချုပ်နိုင်တာကြောင့် အန္တရာယ်များတဲ့ လုပ်ငန်းခွင်တွေမှာ လူအစား စက်ရုပ်တွေက အစားထိုးဝင်ရောက်လာမှာပါ။
ဒါတွေအားလုံးဟာ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ထဲကမဟုတ်ဘဲ 6G နဲ့အတူ မကြာခင်မှာ တကယ်ဖြစ်လာတော့မယ့် အနာဂတ်ရဲ့ပုံရိပ်တွေ ဖြစ်ပါတယ်။
China Mobile ရဲ့ ဒီအောင်မြင်မှုဟာ တရုတ်နိုင်ငံကို 6G နည်းပညာပြိုင်ပွဲမှာ ရှေ့ဆုံးကနေ ဦးဆောင်နိုင်အောင် ပို့ဆောင်ပေးလိုက်သလိုပါပဲ။ ကျွမ်းကျင်သူတွေကတော့ ဒီအနာဂတ်ကွန်ရက်ကို ၂၀၃၀ ခုနှစ်လောက်မှာ ကမ္ဘာတစ်ဝန်းက လူအများ စတင်သုံးစွဲနိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။
Ref : Fossbytes
#DigitalTimes