2025 SKYNET ပိုက်ကျော်ခြင်းပြိုင်ပွဲကြီး (၈) ရက်ကြာ ကျင်းပပြုလုပ်မည်

2025 SKYNET ပိုက်ကျော်ခြင်းပြိုင်ပွဲကြီး (၈) ရက်ကြာ ကျင်းပပြုလုပ်မည်

==========================

မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲချုပ်နှင့် Skynet ရုပ်သံတိုပူးပေါင်းစီစဥ်ကျင်းပသည့် 2025 SKYNET ပိုက်ကျော်ခြင်းပြိုင်ပွဲကြီးကို ဩဂုတ် (၁၇) ရက်မှ ဩဂုတ် (၂၄) ရက်အထိ (၈) ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲအား ယခင်နှစ်နှင့်မတူမျိုးဆက်သစ်များပါထည့်သွင်းထားပြီး (၄)ယောက်တွဲ Event တွင် လက်ရွေးစင်အဆင့်နှင့် ဝန်ကြီးဌာနအဆင့် အားကစားသမားများ၊ ပြည်နယ်နှင့်တိုင်းပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူထားသည့် မျိုးဆက်သစ်အသင်းတစ်သင်းတိုကိုလည်း ထည့်သွင်းယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ပွဲစဉ်များအနေဖြင့် MEN QUADRANT EVENT အမျိုးသား (၄)ယောက်တွဲပြိုင်ပွဲ၊ MEN REGU EVENT အမျိုးသား (၃) ယောက်တွဲပြိုင်ပွဲ၊ WOMEN QUAD RANT EVENT အမျိုးသမီးလေးယောက်တွဲပြိုင်ပွဲတိုပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကို ရန်ကုန်မြို ရွှေထွဋ်တင်ကွင်းတွင်ကျင်းပမည်ဖြစ်ကာ ပြိုင်ပွဲကျင်းပရန် (၂) ရက်သာလိုတော့ကြောင်း သိရသည်။