အာဆီယံအမျိုးသမီး ဆီမီးဖိုင်နယ် ပွဲစဉ်များတွင် VAR အသုံးပြုမည်

အာဆီယံအမျိုးသမီး ဆီမီးဖိုင်နယ် ပွဲစဉ်များတွင် VAR အသုံးပြုမည်

————————————

မြန်မာအမျိုးသမီးအသင်း နှင့် ထိုင်းအမျိုးသမီးအသင်းတို ယှဉ်ပြိုင်ရမည့် အာဆီယံအမျိုးသမီး ဆီမီးဖိုင်နယ် အပါအဝင် အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ဩစတြေးလျယူ ၂၃ အသင်းတို၏ ဆီမီးဖိုင်နယ်ပွဲစဉ်တွင်လည်း VAR အသုံးပြုမည်ဖြစ်သည်။

ဗီဒီယိုအကူဒိုင်စနစ်(VAR)ကို အာဆီယံအမျိုးသမီးဘောလုံးပြိုင်ပွဲ၌ ပထမဆုံးအဖြစ် စတင်အသုံးပြုခြင်းလည်း ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် အုပ်စု(B)၌ ဩစတြေးလျယူ၂၃ အသင်းနှင့် တီမောအသင်းတိုကို အနိုင်ရပြီး ဖိလစ်ပို င်အသင်းကို သရေကျကာရမှတ် (၇) မှတ်ဖြင့် အုပ်စုပထမရရှိခဲ့ကာ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဩဂုတ်လ (၁၆)ရက်၌ စတင်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို ဩဂုတ်လ (၁၉) ရက်၌ ယှဉ်ပြိုင်ကစားကြမည်လည်း ဖြစ်သည်။