စပါးအသင်းကိုအနိုင်ယူပြီး ဥရောပစူပါဖလားကို ပီအက်စ်ဂျီအသင်း ပထမအကြိမ်ဆွတ်ခူး

စပါးအသင်းကိုအနိုင်ယူပြီး ဥရောပစူပါဖလားကို ပီအက်စ်ဂျီအသင်း ပထမအကြိမ်ဆွတ်ခူး

=======================

၂၀၂၅ ယူအီးအက်ဖ်အေ ဥရောပစူပါဖလား ဗိုလ်လုပွဲကို ဩဂုတ်လ ၁၄ ရက်တွင် ‌အီတလီနိုင်ငံ၌ ပီအက်စ် ဂျီအသင်းနှင့် စပါးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပီအက်စ်ဂျီအသင်းက  ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး   ချန်ပီယံဆုကို   ပထမအကြိမ်ဆွတ်ခူး နိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်ဘောလုံးရာသီက ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့သည့်  ပီအက်စ်ဂျီအသင်းနှင့်  ယူရိုပါလိဂ် ဖလားဆွတ်ခူးခဲ့သည့် စပါးအသင်းတို့ ဥရောပပြိုင်ပွဲ အဆင့်တွင်  ပထမအကြိမ်အဖြစ်  ဥရောပစူပါဖလား ဗိုလ်လုပွဲယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကာ  ပွဲချိန်မိနစ် ၉၀ တွင် နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့၍ ပယ်နယ်တီ အဆုံးအဖြတ်ခံယူရာ  ပီအက်စ်ဂျီအသင်းက  ၄ ဂိုး- ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်တွင်     ပီအက်စ်ဂျီအသင်းနည်းပြ အင်းနရစ်က ဒမ်ဘီလီ၊ ဘာကိုလာ၊ မန်ဒက်၊  မော် ကွင်ဟို  စသည့်အဓိကကစားသမားများဖြင့်  ပွဲထွက်လာပြီး    စပါးအသင်းကလည်း   ရစ်ချာလီဆန်၊  ကူဒက်စ်၊   ဗန်ဒီဗန်    စသည့်ကစားသမားများဖြင့်   ပွဲထွက်လာကာ  ပီအက်စ်ဂျီအသင်းကို   အသာစီး ရယူ ကစားနိုင်ခဲ့သည်။

ပွဲချိန် ၃၉ မိနစ်တွင် စပါးအသင်းမှ ခံစစ်ကစား သမား ဗန်ဒီဗန်က အဖွင့်ဂိုးသွင်းယူခဲ့ကာ  ဒုတိယပိုင်း ပွဲချိန် ၄၈ မိနစ်တွင်လည်း အသင်းခေါင်းဆောင် ရိုမီယို က ဒုတိယဂိုးသွင်းယူနိုင်ခဲ့ရာ ချေပဂိုးများလိုအပ်နေ သည့်   ပီအက်စ်ဂျီအသင်းအနေဖြင့်  တိုက်စစ်မြှင့် ပြန်လည်ကစားခဲ့ပြီး  ပွဲကစားချိန်  ၈၅  မိနစ်တွင် လူစားဝင်ကစားသမားများဖြစ်ကြသည့် လီကောင်အင်နှင့ ရာမို့စ်တို့က အသင်းအတွက် ချေပဂိုးများ သွင်းယူ၍  ပွဲပြီးဆုံးချိန်တွင် နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ သည်။

ထို့နောက် ပယ်နယ်တီအဆုံးအဖြတ်ကို ခံယူခဲ့ရာ  ပီအက်စ်ဂျီအသင်းမှ   ဗီတင်ဟာ၊  စပါးအသင်းမှ ဗန်ဒီဗန် နှင့် မက်တိုင်တဲတို့ ပယ်နယ်တီလွဲချော်ခဲ့ခြင်းကြောင့်  ပီအက်စ်ဂျီအသင်းက  ၄ ဂိုး – ၃  ဂိုးဖြင့် အနိုင်ရရှိပြီး ဥရောပစူပါဖလားချန်ပီယံဆုကို ရရှိခဲ့ သည်။

ထို့ပြင် အဆိုပါပွဲစဉ်၏ အကောင်းဆုံး ကစားသမားဆုကို    ပီအက်စ်ဂျီအသင်းအတွက်   အကောင်းဆုံးခြေစွမ်းပြကစားခဲ့သည့်       တိုက်စစ်ကစားသမား ဒမ်ဘီလီက ဆွတ်ခူးရရှိခဲ့သည်။

ပီအက်စ်ဂျီ အသင်းအနေဖြင့် ဥရောပစူပါဖလား ဗိုလ်လုပွဲကို  ဒုတိယအကြိမ်  ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်ပြီး ၁၉၉၆ ခုနှစ်က ဂျူဗင်တပ်စ်အသင်းနှင့် ယှဉ် ပြိုင်ကစားရာတွင် အရေးနိမ့်ပြီး ယခုအခါ ဥရောပ စူပါဖလားသမိုင်းတွင်  ပထမအကြိမ်  ဗိုလ်စွဲခဲ့သည့်  ပြင်သစ်ကလပ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

Ref;Fotmob