စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်း‌ ရောင်းချပေးမည်

စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်း‌ ရောင်းချပေးမည်

စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်း‌ရောင်းချပေးမယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဩဂုတ်လ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

နိုင်ငံခြားငွေကြေးဈေးကွက်ကတစ်ဆင့် ရောင်းချပေးမှာ ဖြစ်ပြီး ရောင်းချမည့် နေ့ရက်ကိုတော့ ဖော်ပြထားခြင်း မရှိခဲ့ပါဘူး။ ဗဟိုဘဏ်က CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း ကျော်ကို စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေ၊ အမေရိကန်ဒေါ်လာ ၄ သိန်းခွဲကျော်ကို CMP ကုမ္ပဏီတွေနဲ့ Non-trade payment တွေအတွက် ဩဂုတ်လ ၁၂ ရက်က ရောင်းချပေးခဲ့ပါတယ်။

ဒါ့အပြင် ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်တွေနဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ FX Market Online Trading Platform ကနေ တရုတ်ယွမ် ၂ သန်းနီးပါးကို ဩဂုတ်လ ၁၂ ရက်က ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။