အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဉ်များ သြဂုတ်လ (၁၆) ရက်နေ့တွင် ကစားမည်
အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဉ်များ သြဂုတ်လ (၁၆) ရက်နေ့တွင် ကစားမည်
—————————————-
ဗီယက်နမ် နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပတဲ့ အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲကြီးရဲ့ ဆီမီးဖိုင်နယ်ကို အိမ်ရှင် ဗီယက်နမ် အသင်းနဲ့ အတူ ထိုင်း အသင်း၊ မြန်မာ အသင်းနဲ့ သြစတြေးလျ ယူ-၂၃ အသင်းတို့ တက်ရောက်သွားခဲ့ပါတယ်။
ဆီမီးဖိုင်နယ် ပထမပွဲစဉ် အဖြစ် သြဂုတ်လ (၁၆) ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီ အချိန်မှာတော့ ဗီယက်နမ် အသင်းနဲ့ သြစတြေးလျ ယူ-၂၃ အသင်းတို့ ပွဲစဉ်ကို ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပြီး ဒီပွဲစဉ်က SKYNET SPORTS X ရုပ်သံလိုင်းနဲ့ SKYNET Application တို့က တိုက်ရိုက် ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။
ဆီမီးဖိုင်နယ် ဒုတိယ ပွဲစဉ် အဖြစ် သြဂုတ်လ (၁၆) ရက်နေ့ မြန်မာစံတော်ချိန် ည ၇ နာရီ အချိန်မှာတော့ မြန်မာ အသင်းနဲ့ ထိုင်း အသင်းတို့ ကစားသွားမှာ ဖြစ်ပြီး SPORTS X ရုပ်သံလိုင်းနဲ့ SKYNET Application အပြင် Channel 9 ရုပ်သံလိုင်းတို့က တိုက်ရိုက် ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပါတယ်။