ပူတင်နှင့် ထရမ့် တို့ အလက်စကာဆွေးနွေးပွဲပြီးနောက် အမေရိကန်နှင့် ဆက်ဆံရေးတိုးတက်ရန် ရုရှား မျှော်လင့်
ပူတင်နှင့် ထရမ့် တို့ အလက်စကာဆွေးနွေးပွဲပြီးနောက် အမေရိကန်နှင့် ဆက်ဆံရေးတိုးတက်ရန် ရုရှား မျှော်လင့်
======================
ရုရှားသမ္မတ ဗလာတီမီယာပူတင် နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့၏ လာမည့်တွေ့ဆုံဆွေးနွေးပွဲ များမှ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရေး အကူအညီ ဖြစ်နိုင်ရန် မျှော်လင့်ကြောင်း ရုရှားဒုတိယနိုင်ငံခြားရေး ဝန်ကြီး Sergei Ryabkov ကို ကိုးကား၍ ရုရှားနိုင်ငံထုတ် Izvestia နေ့စဥ်တွင် သြဂုတ်လ ၁၂ ရက်က သတင်းထုတ် ပြန်ခဲ့သည်။
အလက်စကာထိပ်သီးအစည်းအဝေးသည် နှစ်နိုင်ငံကြား တိုက်ရိုက်ခရီးသည်တင် လေယာဥ်ခရီးစဥ်များ ပြန်လည်စတင်ခြင်း အပါအဝင် တိကျသောကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်သဘောတူညီချက်များ ချမှတ်နိုင်ရန် အထောက်အကူဖြစ်စေနိုင်ကြောင်း Ryabkov က ပြောကြားခဲ့သည်။
ရှေ့လာမယ့် အဆင့်မြင့်ဆွေးနွေးပွဲများမှ လေကြောင်းဆက်သွယ်မှုများ ပြန်လည် တည်ဆောက်မှုကဲ့သို့ ကိစ္စရပ်များကို ရှေ့သို့တက်လှမ်းနိုင်ပြီး နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် လှုံဆော်အားပေးမှုတစ်ခု ပေးစွမ်းနိုင်ရန် မျှော်လင့်ကြောင်း Ryabkov က ပြောကြားခဲ့သည်။
ရုရှားသမ္မတ ဗလာတီမီယာပူတင် နှင့် လာမည့် သြဂုတ်လ ၁၅ ရက် ဆွေးနွေးပွဲသည် သဘောတူညီမှုများ ဆိုင်ရာ အကြိုသဘောအစည်းအဝေးတစ်ခုဖြစ်ကြောင်း ထရမ့် က သြဂုတ်လ ၁၁ ရက်၌ ပြောကြားခဲ့သည်။
ရုရှားသမ္မတ လက်ထောက် Yuri Ushakov ကလည်း အစည်းအဝေးကျင်းပရာ နေရာရွေးချယ်မှု ဆီလျော် မှန်ကန်ကြောင်းနှင့် အဆိုပါဒေသသည် နှစ်နိုင်ငံလုံးအတွက် စီးပွားရေးအကျိုးစီးပွားများဆုံရာ နေရာဖြစ်ကြောင်း ပြောကြားခဲ့သည်။