အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲ မြန်မာနှင့် ဖိလစ်ပိုင် ယနေ့ကစားမည်
အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲ မြန်မာနှင့် ဖိလစ်ပိုင် ယနေ့ကစားမည်
====================
ယနေ့ည(၇)နာရီအချိန်တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု နောက်ဆုံးပွဲတက်ရောက်ရေး မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို ထိပ်တိုက်တွေ့ဆုံကြမည်ဖြစ် သည်။
မြန်မာအမျိုးသမီးအသင်းသည် အုပ်စုအဖွင့် ပွဲစဉ်တွင် ဩစတြေးလျအသင်း နှင့် ဒုတိယ အုပ်စုပွဲစဉ်တွင် တီမောအသင်းတိုကို အနိုင်ကစားထားနိုင်ခဲ့သည်။
ဖိလစ်ပိုင်အသင်းကို အနိုင် (သို့မဟုတ် )သရေ ရလဒ်ထွက်ပေါ်ပါက ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားမည်ဖြစ်သလို ဂိုးကွာခြားချက် တစ်ဂိုးထက်ပို မရှုံးခဲ့ပါက အုပ်စုပထမဖြင့် တက်လှမ်းနိုင်မည်ဖြစ်သည်။
ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာအမျိုးသမီးအသင်းတွင် ပါဝင်သည့် တိုက်စစ်မှူး မေထက်လူနှင့်အခြားသော ကစားသမားအချို့ပွဲမထုတ်လာခြင်းအပေါ် မြန်မာဘောလုံးပရိတ်သတ်အကြား ဝေဖန်မှုများ မြင့်တက်နေသည်။