ဥပၸါတသႏၲိေစတီေတာ္ျမတ္ႀကီးအား ရစ္(ခ္်)တာစေကး ၈ အဆင့္ထိ ခံႏိုင္ရည္ရွိေအာင္ ျပဳျပင္လ်က္ရွိ

ဥပၸါတသႏၲိေစတီေတာ္ျမတ္ႀကီးအား ရစ္(ခ္်)တာစေကး ၈ အဆင့္ထိ ခံႏိုင္ရည္ရွိေအာင္ ျပဳျပင္လ်က္ရွိ
=============================
ေနျပည္ေတာ္အတြင္း ငလ်င္ဒဏ္ေၾကာင့္ ထိခိုက္မႈရွိခဲ့သည့္ ဥပၸါတသႏၲိေစတီေတာ္ျမတ္ႀကီးအား ရစ္(ခ္်)တာ စေကး (၈) အဆင့္ရွိ ငလ်င္ဒဏ္ခံႏိုင္သည္အထိ အေသးစိတ္ျပဳျပင္လ်က္ရွိေၾကာင္း သိရပါတယ္။

ျပဳျပင္မႈမ်ားကို မူလပုံစံမပ်က္ဘဲ ဧၿပီလ ၂၅ ရက္မွစတင္ကာ ျပဳျပင္မႈမ်ားလုပ္ေဆာင္ေနၿပီး အျမန္ဆုံးၿပီးစီးႏိုင္ရန္ ေဆာင္႐ြက္လ်က္ ရွိပါတယ္။ ဥပၸါတသႏၲိေစတီေတာ္ျမတ္ႀကီး၏ ပႏၷက္တင္ မဂၤလာအခမ္းအနားကို ၂၀၀၆ ခုႏွစ္တြင္ ေဆာင္႐ြက္ခဲ့ကာ တည္ေဆာက္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ရာတြင္ အခ်င္း ၁ မီတာရွိ Bored Pile ေပါင္း ၄၄၀ ေပၚတြင္ စနစ္တက်တြက္ခ်က္၍ အုတ္ျမစ္ခ်တည္ေဆာက္ခဲ့ျခင္းျဖစ္လို႔ ငလ်င္ဒဏ္ႀကဳံေတြ႕ခ်ိန္တြင္ မူလေစတီေတာ္ႀကီး၌ အနည္းငယ္သာ ထိခိုက္ပ်က္စီးခဲ့ပါတယ္။

ထိခိုက္ပ်က္စီးခဲ့မႈမ်ားကို ႏိုင္ငံေတာ္မွ အျမန္ဆုံးျပန္လည္ျပဳျပင္ႏိုင္ရန္ စီမံေဆာင္႐ြက္လ်က္ရွိၿပီး ထိခိုက္ ပ်က္စီးခဲ့ရသည့္ ေစတီေတာ္ႀကီးရင္ျပင္ေတာ္ႏွင့္ သာသနိကအေဆာက္အဦမ်ား ျပန္လည္ျပဳျပင္ျခင္း၊ ဘက္စုံျပဳျပင္ မြမ္းမံျခင္းမ်ားေဆာင္႐ြက္ရာမွာ ပါဝင္ကုသိုလ္ယူလႉဒါန္းႏိုင္ၾကေၾကာင္းလည္း သိရပါတယ္။


ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ရစ်(ခ်ျ)တာစကေး ၈ အဆင့်ထိ ခံနိုင်ရည်ရှိအောင် ပြုပြင်လျက်ရှိ
=============================
နေပြည်တော်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်မှုရှိခဲ့သည့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ရစ်(ခ်ျ)တာ စကေး (၈) အဆင့်ရှိ ငလျင်ဒဏ်ခံနိုင်သည်အထိ အသေးစိတ်ပြုပြင်လျက်ရှိကြောင်း သိရပါတယ်။

ပြုပြင်မှုများကို မူလပုံစံမပျက်ဘဲ ဧပြီလ ၂၅ ရက်မှစတင်ကာ ပြုပြင်မှုများလုပ်ဆောင်နေပြီး အမြန်ဆုံးပြီးစီးနိုင်ရန် ဆောင်ရွက်လျက် ရှိပါတယ်။ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပန္နက်တင် မင်္ဂလာအခမ်းအနားကို ၂၀၀၆ ခုနှစ်တွင် ဆောင်ရွက်ခဲ့ကာ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာတွင် အချင်း ၁ မီတာရှိ Bored Pile ပေါင်း ၄၄၀ ပေါ်တွင် စနစ်တကျတွက်ချက်၍ အုတ်မြစ်ချတည်ဆောက်ခဲ့ခြင်းဖြစ်လို့ ငလျင်ဒဏ်ကြုံတွေ့ချိန်တွင် မူလစေတီတော်ကြီး၌ အနည်းငယ်သာ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ထိခိုက်ပျက်စီးခဲ့မှုများကို နိုင်ငံတော်မှ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပြီး ထိခိုက် ပျက်စီးခဲ့ရသည့် စေတီတော်ကြီးရင်ပြင်တော်နှင့် သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်ခြင်း၊ ဘက်စုံပြုပြင် မွမ်းမံခြင်းများဆောင်ရွက်ရာမှာ ပါဝင်ကုသိုလ်ယူလှူဒါန်းနိုင်ကြကြောင်းလည်း သိရပါတယ်။