========================
စီရော်နယ်လ်ဒိုနဲ့ ဂျော်ဂျီနာရိုဒရီဂွက်ဇ်တို ရှစ်နှစ်ကြာ လက်တွဲပြီးနောက် စေ့စပ်ခဲ့
========================
ပေါ်တူဂီနာမည်ကျော်ဘောလုံးသမား စီရော်နယ်လ်ဒိုနဲ့ ဂျော်ဂျီနာရိုဒရီဂွက်ဇ်တို ရှစ်နှစ်ကြာ လက်တွဲပြီးနောက် စေ့စပ်ခဲ့ပါတယ်။
ဂျော်ဂျီနာရိုဒရီဂွက်ဇ်က ဒီအကြောင်းကို သူ့ရဲ့ Instagram ကနေ ပရိသတ်ကို အသိပေးခဲ့တာပါ။
”ကျွန်မ သဘောတူပါတယ်။ ဒီအရာနဲ့ ကျွန်မဘဝတစ်ခုလုံးအတွက်ပေါ့”လို စီရော်နယ်လ်ဒိုရဲ့ဇနီးလောင်းဖြစ်လာသူ ဂျော်ဂျီနာက ရေးသားကာ စေ့စပ်လက်စွပ်ပုံနဲ့အတူ Instagram မှာ တင်ခဲ့ပါတယ်။
စီရော်နယ်လ်ဒို(၄၀ နှစ်)နဲ့ ဂျော်ဂျီနာ(၃၁ နှစ်)တိုဟာ ၂၀၁၇ FIFA Football Awards မှာ သူတိုနှစ်ဦး ချစ်ကြိုက်နေမှုကို လူသိရှင်ကြား ချပြခဲ့ပါတယ်။
အဲဒီနှစ်မေလမှာပဲ ပထမဆုံး Instagram post အဖြစ် အတူတွဲတင်ခဲ့ပါတယ်။
ဂျော်ဂျီနာရဲ့အောင်မြင်ခဲ့တဲ့ “I am Georgina” Netflix reality series မှာ စီရော်နယ်လ်ဒိုက အလွန်စိတ်ဝင်စားစရာကောင်းပြီး သူ့အသက်အရွယ်ထက် အများကြီးရင့်ကျက်သူလို မှတ်ချက်ပြုခဲ့ပါတယ်။
ဂျော်ဂျီနာဟာ အာဂျင်တီးနား-စပိန် မော်ဒယ်တစ်ဦးဖြစ်ပြီး entrepreneurနဲ့ social media influencer လည်းဖြစ်ပါတယ်။ #Eleven