======================
DEMU ရထားတစ်စင်း ရန်ကုန်-ပဲခူးခရီးစဉ်၌ ထပ်တိုးပြေးဆွဲ
======================
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ ရန်ကုန်-ပဲခူးရထားခရီးစဥ်၌ DEMU ရ ထားတစ်စင်းကိုထပ်တိုးကာ သြဂုတ် ၁၁ ရက်မှစတင်၍ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-ပဲခူးရထားခရီးစဥ်၌ နေ့စဥ် တစ်ကြိမ်ပြေးဆွဲပေးလျက်ရှိသော DEMU ရထားအားလိုက်ပါစီး နင်းသူများပြား၍ ခရီးသည်များ၏လိုအပ်ချက်ကြောင့် ထပ်တိုးပြေးဆွဲပေးခြင်းဖြစ်ကာ နေ့စဥ် နှစ်ကြိမ်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်ဘူတာကြီးမှ မနက်ဖြန် သြဂုတ် ၁၁ ရက်ည နေ ၄ နာရီ ၄၅ မိနစ်နှင့် ညနေ ၅ နာရီ ၁၅ မိနစ်တိုတွင်စတင်ထွက်ခွာပြေးဆွဲပေးသွားမည်ဖြစ်ပြီး ပဲခူးဘူတာတွင် ညအိပ်ရပ်နားကာ သြဂုတ် ၁၂ ရက်နံနက် ၆ နာရီနှင့် နံနက် ၆ နာရီခွဲတိုတွင် ပဲခူးဘူတာမှစတင်ထွက်ခွာလာမည်ဖြစ်ကြောင်း သိရသည်။
လမ်းခရီး၌ ပုဇွန်တောင်ဘူတာ၊ မလွှကုန်းဘူတာ၊ သင်္ဃန်းကျွန်းဘူတာ၊ တိုးကြောင်ကလေးဘူတာ၊ ရွာသာကြီးဘူတာ၊ လေးဒေါင့်ကန်ဘူတာ၊ ဒါးပိန်ဘူတာ၊ ကော့ချဲဘူတာ၊ ထုံးကြီးဘူတာ၊ ကျောက်တန်းဘူာ၊ တာဝဘူတာ၊ ဘုရားသုံးဆူဘူတာတို၌ရပ်တန့်ပေးသွားမည်ဖြစ်ကာ လက်မှတ်ခအနေဖြင့် တစ်ဦးလျင် ခရီးစဥ် စ/ဆုံးအား ၂၅၀၀ ကျပ်ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ #Popular