အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ၏ ၾကားဝင္ညႇိႏႈိင္းမႈျဖင့္ အဇာဘိုင္ဂ်န္ႏွင့္ အာေမးနီးယားႏိုင္ငံတို႔ ၿငိမ္းခ်မ္းေရးရယူ

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ၏ ၾကားဝင္ညႇိႏႈိင္းမႈျဖင့္ အဇာဘိုင္ဂ်န္ႏွင့္ အာေမးနီးယားႏိုင္ငံတို႔ ၿငိမ္းခ်မ္းေရးရယူ
===============================
အေမရိကန္ႏိုင္ငံ၏ ၾကားဝင္ညႇိႏႈိင္းမႈျဖင့္ ရယူခဲ့သည့္ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို အဇာဘိုင္ဂ်န္ ႏိုင္ငံႏွင့္ အာေမးနီးယား ႏိုင္ငံတို႔က ဩဂုတ္လ ၈ ရက္တြင္ လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။

အဆိုပါသေဘာတူညီခ်က္ကို ဝါရွင္တန္ၿမိဳ႕ အိမ္ျဖဴေတာ္၌ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ေတြ႕ဆုံ ေဆြးေႏြးၿပီးေနာက္ အဇာဘိုင္ဂ်န္သမၼတ အီလ္ဟမ္အယ္လ္ လီယက္ဗ္ ႏွင့္ အာေမးနီးယားဝန္ႀကီးခ်ဳပ္ နီကိုးလ္ ပါရွင္ယန္ တို႔က လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္သည္။

၃၅ ႏွစ္ၾကာ ပဋိပကၡမ်ားျဖစ္ခဲ့ရသည့္ အဇာဘိုင္ဂ်န္ႏွင့္ အာေမးနီးယားတို႔အေနျဖင့္ ယခုအခ်ိန္တြင္ မိတ္ေဆြႏိုင္ငံမ်ား ျဖစ္လာၿပီျဖစ္ေၾကာင္း သမၼတ ေဒၚနယ္ထရမ့္ က ေျပာၾကားခဲ့သည္။

ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္အရ ပဋိပကၡမ်ားကိုရပ္ဆိုင္းရန္၊ သံတမန္ဆက္ဆံေရးလမ္းေၾကာင္းမ်ား ဖြင့္လွစ္ရန္ႏွင့္ တစ္ႏိုင္ငံ အခ်ဳပ္အျခာပိုင္နက္နယ္ေျမ တည္တံ့ခိုင္ၿမဲမႈကို တစ္ႏိုင္ငံကေလးစားရန္ အဇာဘိုင္ဂ်န္ ႏွင့္ အာေမးနီးယားႏိုင္ငံတို႔က သေဘာတူထားေၾကာင္း သမၼတ ေဒၚနယ္ထရမ့္ က ေျပာၾကားခဲ့သည္။

အာေမးနီးယားႏွင့္ အဇာဘိုင္ဂ်န္တို႔သည္ အဇာဘိုင္ဂ်န္ႏိုင္ငံအတြင္း တည္ရွိေသာ္လည္း အာေမးနီးယား လူမ်ိဳးအမ်ားစု ေနထိုင္သည့္ နာေဂၚနီ-ကာရာဘက္ခ္ေဒသႏွင့္ ပတ္သက္၍ ႏွစ္ေပါင္းမ်ားစြာ ပဋိပကၡမ်ားျဖစ္ခဲ့ ၾကသည္။ အဇာဘိုင္ဂ်န္ႏွင့္ အာေမးနီးယား တို႔သည္ ဆိုဗီယက္ျပည္ေထာင္စုဝင္မ်ားျဖစ္ခဲ့ဖူးၿပီး အစဥ္အလာအားျဖင့္ ႐ုရွားႏိုင္ငံ၏ ဩဇာသက္ေရာက္ေသာ ႏိုင္ငံမ်ားျဖစ္ၾကေၾကာင္း သိရသည္။


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံတို့ ငြိမ်းချမ်းရေးရယူ
===============================
အမေရိကန်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ရယူခဲ့သည့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို အဇာဘိုင်ဂျန် နိုင်ငံနှင့် အာမေးနီးယား နိုင်ငံတို့က ဩဂုတ်လ ၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါသဘောတူညီချက်ကို ဝါရှင်တန်မြို့ အိမ်ဖြူတော်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တွေ့ဆုံ ဆွေးနွေးပြီးနောက် အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ်အယ်လ် လီယက်ဗ် နှင့် အာမေးနီးယားဝန်ကြီးချုပ် နီကိုးလ် ပါရှင်ယန် တို့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

၃၅ နှစ်ကြာ ပဋိပက္ခများဖြစ်ခဲ့ရသည့် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့အနေဖြင့် ယခုအချိန်တွင် မိတ်ဆွေနိုင်ငံများ ဖြစ်လာပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး သဘောတူညီချက်အရ ပဋိပက္ခများကိုရပ်ဆိုင်းရန်၊ သံတမန်ဆက်ဆံရေးလမ်းကြောင်းများ ဖွင့်လှစ်ရန်နှင့် တစ်နိုင်ငံ အချုပ်အခြာပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲမှုကို တစ်နိုင်ငံကလေးစားရန် အဇာဘိုင်ဂျန် နှင့် အာမေးနီးယားနိုင်ငံတို့က သဘောတူထားကြောင်း သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့သည်။

အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့သည် အဇာဘိုင်ဂျန်နိုင်ငံအတွင်း တည်ရှိသော်လည်း အာမေးနီးယား လူမျိုးအများစု နေထိုင်သည့် နာဂေါ်နီ-ကာရာဘက်ခ်ဒေသနှင့် ပတ်သက်၍ နှစ်ပေါင်းများစွာ ပဋိပက္ခများဖြစ်ခဲ့ ကြသည်။ အဇာဘိုင်ဂျန်နှင့် အာမေးနီးယား တို့သည် ဆိုဗီယက်ပြည်ထောင်စုဝင်များဖြစ်ခဲ့ဖူးပြီး အစဉ်အလာအားဖြင့် ရုရှားနိုင်ငံ၏ ဩဇာသက်ရောက်သော နိုင်ငံများဖြစ်ကြကြောင်း သိရသည်။