ထိုင္းႏိုင္ငံတြင္ မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ ထုတ္ေပး
ထိုင္းႏိုင္ငံတြင္ မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ ထုတ္ေပး
==================
ျမန္မာႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံအလုပ္သမားဝန္ႀကီးဌာနတို႔ ပူးေပါင္းေဆာင္႐ြက္မႈျဖင့္ ထိုင္းႏိုင္ငံ၌ ရွိေသာ ျမန္မာအလုပ္သမားမ်ားကို ထိုင္းႏိုင္ငံ၏ အလုပ္သမားဥပေဒပါ ခံစားခြင့္မ်ားရရွိႏိုင္ေစေရး၊ အလုပ္လုပ္ကိုင္ခြင့္ သက္တမ္းအျပည့္အဝရရွိေစေရးႏွင့္ အလုပ္သမားေရးရာကိစၥရပ္မ်ား ျဖစ္ေပၚလာသည့္အခ်ိန္ လြယ္ကူလ်င္ျမန္စြာ ေျဖရွင္းေဆာင္႐ြက္ေပးႏိုင္ေရးအတြက္ မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္ (Certifi-cate of Identity- CI ) ထုတ္ေပးေရးလုပ္ငန္းစဥ္ကို ထိုင္းႏိုင္ငံ စမုစခြန္၊ စမုပရာကန္၊ ဆူရတ္ဌာနီႏွင့္ ခ်င္းမိုင္တိုတြင္ စခန္းေလးခု ဖြင့္လွစ္ၿပီး ၂၀၂၅ ခုႏွစ္ ဩဂုတ္ ၆ ရက္မွ စတင္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ စခန္းမ်ားဖြင့္လွစ္ ေဆာင္႐ြက္ေပးလ်က္ရွိရာတြင္ ထိုင္းစံေတာ္ခ်ိန္ ေန႔စဥ္နံနက္ ၈ နာရီမွ ညေန ၄ နာရီခြဲအထိ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္းသိရသည္။
ထို႔ျပင္အပတ္စဥ္ တနလၤာေန႔ႏွင့္ ျမန္မာသံ႐ုံး (ဗန္ေကာက္ၿမိဳ႕)မွ သတ္မွတ္ထားေသာ ႐ုံးပိတ္ရက္မ်ားကို အလုပ္နားရက္အျဖစ္ သတ္မွတ္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။
ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ထုတ်ပေး
==================
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံ၌ ရှိသော မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေပါ ခံစားခွင့်များရရှိနိုင်စေရေး၊ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းအပြည့်အဝရရှိစေရေးနှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certifi-cate of Identity- CI ) ထုတ်ပေးရေးလုပ်ငန်းစဉ်ကို ထိုင်းနိုင်ငံ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီနှင့် ချင်းမိုင်တိုတွင် စခန်းလေးခု ဖွင့်လှစ်ပြီး ၂၀၂၅ ခုနှစ် ဩဂုတ် ၆ ရက်မှ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စခန်းများဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိရာတွင် ထိုင်းစံတော်ချိန် နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ထို့ပြင်အပတ်စဉ် တနင်္လာနေ့နှင့် မြန်မာသံရုံး (ဗန်ကောက်မြို့)မှ သတ်မှတ်ထားသော ရုံးပိတ်ရက်များကို အလုပ်နားရက်အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။