အင္ဒိုနီးရွားက အေရွ႕ေတာင္အာရွ၌ တာတိုပစ္အျမင့္ပ်ံဒုံးက်ည္ ပထမဆုံးအသုံးျပဳသည့္ႏိုင္ငံျဖစ္လာ
အင္ဒိုနီးရွားက အေရွ႕ေတာင္အာရွ၌ တာတိုပစ္အျမင့္ပ်ံဒုံးက်ည္ ပထမဆုံးအသုံးျပဳသည့္ႏိုင္ငံျဖစ္လာ
==========================
အင္ဒိုနီးရွားႏိုင္ငံသည္ အေရွ႕ေတာင္အာရွေဒသ၌ တာတိုပစ္အျမင့္ပ်ံဒုံးက်ည္ကို ပထမဆုံးအသုံးျပဳသည့္ ႏိုင္ငံျဖစ္လာေၾကာင္း အေရွ႕ကာလီမန္တန္ျပည္နယ္ရွိ စစ္ေရးဆိုင္ရာဝါသနာရွင္မ်ား၏ လူမႈကြန္ရက္တြင္ တင္ထားေသာ သတင္းမ်ားအရ သိရသည္။
ယခုလအေစာပိုင္းတြင္ လူမႈကြန္ရက္စာမ်က္ႏွာတစ္ခုက KHAN ဒုံးက်ည္ဓာတ္ပုံမ်ားကို တင္ခဲ့ၿပီးေနာက္ စစ္ဘက္ဆိုင္ရာဘေလာ့မ်ားတြင္လည္း အက်ယ္တဝင့္ ေဖာ္ျပလာသည့္ အျပင္ ျပည္တြင္း သတင္းဌာနႀကီးတစ္ခုျဖစ္သည့္ Kompas တြင္ပါ တရားဝင္ေဖာ္ျပလာျခင္းျဖစ္သည္။
တူကီယဲႏိုင္ငံရွိ Roketsan ကုမၸဏီက ထုတ္လုပ္ထားေသာ အဆိုပါတာတိုပစ္ အျမင့္ပ်ံဒုံးက်ည္ကို အေရွ႕ ကာလီမန္တန္ျပည္နယ္ရွိ စစ္စခန္းတစ္ခု၌ ထားရွိျခင္းကို ဓာတ္ပုံမ်ားတြင္ေတြ႕ရသည္။
ယင္းဒုံးက်ည္ သည္ အေလးခ်ိန္ကီလိုဂရမ္ ၂,၅၀၀ ရွိၿပီး ကီလိုဂရမ္ ၄၇၀ ရွိထိပ္ဖူးကို တင္ေဆာင္ကာ ကီလိုမီတာ ၂၈၀ ရွိပစ္မွတ္ ကိုပစ္ခတ္ႏိုင္ေၾကာင္း AGC သတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။
အင်ဒိုနီးရှားက အရှေ့တောင်အာရှ၌ တာတိုပစ်အမြင့်ပျံဒုံးကျည် ပထမဆုံးအသုံးပြုသည့်နိုင်ငံဖြစ်လာ
==========================
အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှဒေသ၌ တာတိုပစ်အမြင့်ပျံဒုံးကျည်ကို ပထမဆုံးအသုံးပြုသည့် နိုင်ငံဖြစ်လာကြောင်း အရှေ့ကာလီမန်တန်ပြည်နယ်ရှိ စစ်ရေးဆိုင်ရာဝါသနာရှင်များ၏ လူမှုကွန်ရက်တွင် တင်ထားသော သတင်းများအရ သိရသည်။
ယခုလအစောပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာတစ်ခုက KHAN ဒုံးကျည်ဓာတ်ပုံများကို တင်ခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာဘလော့များတွင်လည်း အကျယ်တဝင့် ဖော်ပြလာသည့် အပြင် ပြည်တွင်း သတင်းဌာနကြီးတစ်ခုဖြစ်သည့် Kompas တွင်ပါ တရားဝင်ဖော်ပြလာခြင်းဖြစ်သည်။
တူကီယဲနိုင်ငံရှိ Roketsan ကုမ္ပဏီက ထုတ်လုပ်ထားသော အဆိုပါတာတိုပစ် အမြင့်ပျံဒုံးကျည်ကို အရှေ့ ကာလီမန်တန်ပြည်နယ်ရှိ စစ်စခန်းတစ်ခု၌ ထားရှိခြင်းကို ဓာတ်ပုံများတွင်တွေ့ရသည်။
ယင်းဒုံးကျည် သည် အလေးချိန်ကီလိုဂရမ် ၂,၅၀၀ ရှိပြီး ကီလိုဂရမ် ၄၇၀ ရှိထိပ်ဖူးကို တင်ဆောင်ကာ ကီလိုမီတာ ၂၈၀ ရှိပစ်မှတ် ကိုပစ်ခတ်နိုင်ကြောင်း AGC သတင်းဌာနဖော်ပြချက်အရ သိရသည်။