ဘာစီလိုနာအသင္း၏ ရာသီႀကိဳအာရွခရီးစဥ္ေျခစမ္းပြဲတြင္ တိုက္စစ္မႉးရက္ရွ္ဖို႔ဒ္ အသင္းအတြက္ ပထမဆုံးဂိုးသြင္းယူ
ဘာစီလိုနာအသင္း၏ ရာသီႀကိဳအာရွခရီးစဥ္ေျခစမ္းပြဲတြင္ တိုက္စစ္မႉးရက္ရွ္ဖို႔ဒ္ အသင္းအတြက္ ပထမဆုံးဂိုးသြင္းယူ
============================
ဘာစီလိုနာအသင္းသည္ အသင္း၏ ရာသီႀကိဳ အာရွခရီးစဥ္ေနာက္ဆုံးေျခစမ္းပြဲျဖစ္ေသာ ေတာင္ကိုရီးယား ကလပ္ ေဒဂူးအက္ဖ္စီအသင္းႏွင့္ပြဲတြင္ အႏိုင္ရရွိကာ တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္ ကလည္း အသင္းအတြက္ ပထမဆုံး ဂိုးသြင္းယူႏိုင္ခဲ့ေၾကာင္း သိရသည္။
တိုက္စစ္မႉးရက္ရွ္ဖို႔ဒ္သည္ ေဒဂူးအက္ဖ္စီအသင္းႏွင့္ပြဲစဥ္၌ ပြဲခ်ိန္ဒုတိယပိုင္းတြင္ လူစားဝင္ ကစားခဲ့ကာ ပြဲခ်ိန္ ၆၅ မိနစ္တြင္ အသင္းအတြက္ ဂိုးသြင္းယူႏိုင္ခဲ့ျခင္းျဖစ္ၿပီး ပြဲခ်ိန္ ၂၁ မိနစ္ႏွင့္ ၄၅ မိနစ္တို႔တြင္ ဂါဗီ၊ ပြဲခ်ိန္ ၂၇ မိနစ္တြင္ လီဝန္ေဒါစကီး၊ ပြဲခ်ိန္ ၅၃ မိနစ္တြင္ တိုနီဖာနန္ဒက္စ္တို႔က အသီးသီး ဂိုးသြင္းယူခဲ့ၾကၿပီး မန္ယူအသင္းမွ ဘာစီလိုနာအသင္းထံ အငွားစာခ်ဳပ္ျဖင့္ ေျပာင္းေ႐ႊ႕ကစားခဲ့သည့္ တိုက္စစ္မႉးရက္ရွ္ဖို႔ဒ္အတြက္လည္း အသင္းသစ္၏ ပထမဆုံးသြင္းဂိုး ျဖစ္သည္။
ထို႔ျပင္ အဆိုပါပြဲစဥ္သည္ ရက္ရွ္ဖို႔ဒ္အတြက္ တတိယေျမာက္ပြဲစဥ္ျဖစ္ကာ ဘာစီလိုနာအသင္း အေနျဖင့္လည္း အာရွခရီးစဥ္ ေျခစမ္းပြဲသုံးပြဲတြင္ ၁၅ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ေၾကာင္း သိရသည္။
နည္းျပဟန္ဆီဖလစ္၏ ဘာစီလိုနာအသင္း အေနျဖင့္ အာရွခရီးစဥ္ေျခစမ္းပြဲတြင္ ဂ်ပန္ကလပ္ ဗစ္ဆယ္ကိုဘီ အသင္းကို ၃ ဂိုး-၁ ဂိုး၊ ေတာင္ကိုရီး ယားကလပ္ အက္ဖ္စီဆိုးအသင္းကို ၇ ဂိုး-၃ ဂိုး၊ ေဒဂူးအက္ဖ္စီအသင္းကို ငါးဂိုးျပတ္အႏိုင္ရရွိခဲ့ျခင္း ျဖစ္သည္။
အဆိုပါပြဲစဥ္သုံးပြဲတြင္ ရက္ရွ္ဖို႔ဒ္က လူစားဝင္ကစားသမားအျဖစ္ ပါဝင္ကစားခဲ့ရၿပီး ေဒဂူးအက္ဖ္စီအသင္းႏွင့္ပြဲစဥ္တြင္မွ ဘာစီလိုနာအသင္းအတြက္ ၎၏ပထမဆုံးဂိုးကို စတင္သြင္းယူႏိုင္ခဲ့ျခင္းျဖစ္သည္။
ထို႔ျပင္ ဘာစီလိုနာအသင္းသည္ ဩဂုတ္လ ၁၁ ရက္တြင္ စီးရီးေအကလပ္ ကိုမိုအသင္းႏွင့္ေျခစမ္းပြဲယွဥ္ၿပိဳင္ကစားမည္ျဖစ္ေၾကာင္း သိရသည္။
Ref; Goal.com
ဘာစီလိုနာအသင်း၏ ရာသီကြိုအာရှခရီးစဉ်ခြေစမ်းပွဲတွင် တိုက်စစ်မှူးရက်ရှ်ဖို့ဒ် အသင်းအတွက် ပထမဆုံးဂိုးသွင်းယူ
============================
ဘာစီလိုနာအသင်းသည် အသင်း၏ ရာသီကြို အာရှခရီးစဉ်နောက်ဆုံးခြေစမ်းပွဲဖြစ်သော တောင်ကိုရီးယား ကလပ် ဒေဂူးအက်ဖ်စီအသင်းနှင့်ပွဲတွင် အနိုင်ရရှိကာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ကလည်း အသင်းအတွက် ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။
တိုက်စစ်မှူးရက်ရှ်ဖို့ဒ်သည် ဒေဂူးအက်ဖ်စီအသင်းနှင့်ပွဲစဉ်၌ ပွဲချိန်ဒုတိယပိုင်းတွင် လူစားဝင် ကစားခဲ့ကာ ပွဲချိန် ၆၅ မိနစ်တွင် အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ပွဲချိန် ၂၁ မိနစ်နှင့် ၄၅ မိနစ်တို့တွင် ဂါဗီ၊ ပွဲချိန် ၂၇ မိနစ်တွင် လီဝန်ဒေါစကီး၊ ပွဲချိန် ၅၃ မိနစ်တွင် တိုနီဖာနန်ဒက်စ်တို့က အသီးသီး ဂိုးသွင်းယူခဲ့ကြပြီး မန်ယူအသင်းမှ ဘာစီလိုနာအသင်းထံ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားခဲ့သည့် တိုက်စစ်မှူးရက်ရှ်ဖို့ဒ်အတွက်လည်း အသင်းသစ်၏ ပထမဆုံးသွင်းဂိုး ဖြစ်သည်။
ထို့ပြင် အဆိုပါပွဲစဉ်သည် ရက်ရှ်ဖို့ဒ်အတွက် တတိယမြောက်ပွဲစဉ်ဖြစ်ကာ ဘာစီလိုနာအသင်း အနေဖြင့်လည်း အာရှခရီးစဉ် ခြေစမ်းပွဲသုံးပွဲတွင် ၁၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ကြောင်း သိရသည်။
နည်းပြဟန်ဆီဖလစ်၏ ဘာစီလိုနာအသင်း အနေဖြင့် အာရှခရီးစဉ်ခြေစမ်းပွဲတွင် ဂျပန်ကလပ် ဗစ်ဆယ်ကိုဘီ အသင်းကို ၃ ဂိုး-၁ ဂိုး၊ တောင်ကိုရီး ယားကလပ် အက်ဖ်စီဆိုးအသင်းကို ၇ ဂိုး-၃ ဂိုး၊ ဒေဂူးအက်ဖ်စီအသင်းကို ငါးဂိုးပြတ်အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါပွဲစဉ်သုံးပွဲတွင် ရက်ရှ်ဖို့ဒ်က လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ရပြီး ဒေဂူးအက်ဖ်စီအသင်းနှင့်ပွဲစဉ်တွင်မှ ဘာစီလိုနာအသင်းအတွက် ၎င်း၏ပထမဆုံးဂိုးကို စတင်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဘာစီလိုနာအသင်းသည် ဩဂုတ်လ ၁၁ ရက်တွင် စီးရီးအေကလပ် ကိုမိုအသင်းနှင့်ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
Ref; Goal.com