ထိုင္းေရာက္ ျမန္မာေ႐ႊ႕ေျပာင္းမ်ားအတြက္ CI စခန္း ၄ ခု ဖြင့္လွစ္ေဆာင္႐ြက္ေပးမည္

ထိုင္းေရာက္ ျမန္မာေ႐ႊ႕ေျပာင္းမ်ားအတြက္ CI စခန္း ၄ ခု ဖြင့္လွစ္ေဆာင္႐ြက္ေပးမည္
====================
ထိုင္းႏိုင္ငံအတြင္း ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအတြက္ သက္ေသခံလက္မွတ္(Certificate of Identity – CI)ကိုစခန္း ၄ ခု ဖြင့္လွစ္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ဘန္ေကာက္ၿမိဳ႕ရွိ အလုပ္သမားသံအရာရွိ႐ုံးမွ အသိေပးေၾကညာထားပါတယ္။

ျမန္မာႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔၏ အလုပ္သမားဝန္ႀကီးဌာနႏွစ္ခု ပူးေပါင္းေဆာင္႐ြက္မႈျဖင့္ ျမန္မာေ႐ႊ႕ေျပာင္း အလုပ္သမားမ်ားကို စမုစခြန္စခန္း၊ စမုပရာကန္စခန္း၊ ဆူရတ္ဌာနီစခန္းႏွင့္ ခ်င္းမိုင္စခန္းတို႔တြင္ ဩဂုတ္လ ၆ ရက္ မွစၿပီး ေဆာင္႐ြက္ေပးသြားမွာျဖစ္ပါတယ္။

အဆိုပါ သက္ေသခံလက္မွတ္(Certificate of Identity-CI) သက္တမ္းကုန္ဆုံးရန္ ၆ လ ေအာက္က်န္ရစ္ ေနသူမ်ား၊ သက္တမ္းကုန္ဆုံးေနသူမ်ားအား အသစ္လဲလွယ္ေပးျခင္း၊ ထိုင္းႏိုင္ငံ၏ ဘတ္ကတ္ (TR-38) လုပ္ငန္းစဥ္ ႏွင့္အတူ CI စာအုပ္အသစ္မ်ားထုတ္ေပးသြားမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ ႏိုင္ငံသားစိစစ္ေရးကဒ္မူရင္း၊ အိမ္ေထာင္စုစာရင္းႏွင့္ CI စာအုပ္ရွိသူမ်ားကို အေထာက္အထား စိစစ္ၿပီးေနာက္ႏိုင္ငံကူးလက္မွတ္ (Passport for Thailand Only) ထုတ္ေပးသြားမွာျဖစ္သလို Overseas Worker Identification Card – OWIC ကတ္ျပားထုတ္ေပးသြားမွာျဖစ္ပါတယ္။

CI စာအုပ္အသစ္လဲလွယ္ထုတ္ေဝေပးျခင္းအတြက္ ဝန္ေဆာင္ခအျဖစ္ ၂,၆၇၀ ဘတ္ သတ္မွတ္ထားၿပီး 7/11 ဆိုင္မ်ားတြင္ တိုက္႐ိုက္ေငြေပးသြင္းရမည္ျဖစ္ကာ ေပးသြင္းေျပစာျပသၿပီး စာအုပ္မ်ားျပဳလုပ္ရမွာျဖစ္ပါတယ္။

အဆိုပါစခန္းမ်ား၌ ေဆာင္႐ြက္ရာမွာ တနလၤာေန႔တိုင္းႏွင့္ ျမန္မာသံ႐ုံးမွ သတ္မွတ္ထားေသာ ႐ုံးပိတ္ရက္မ်ားကို အလုပ္နားရက္ သတ္မွတ္သြားမည္ျဖစ္ေၾကာင္း အသိေပးေၾကညာထားပါတယ္။

ထိုင္းႏိုင္ငံအလယ္ပိုင္း စမြတ္ဆာခြန္ခ႐ိုင္(မဟာခ်ိဳင္)အပါအဝင္ ခ႐ိုင္တခ်ိဳ႕မွာေတာ့ လုပ္ငန္းရွင္ေတြက ေနရပ္ျပန္သြားတဲ့ ကေမာၻဒီးယားလုပ္သားေတြေနရာမွာ ျမန္မာလုပ္သားေတြကို အစားထိုးခန႔္အပ္ဖို႔ ျပင္ဆင္လာၾက တယ္လို႔လည္း သိရပါတယ္။


ထိုင်းရောက် မြန်မာရွှေ့ပြောင်းများအတွက် CI စခန်း ၄ ခု ဖွင့်လှစ်ဆောင်ရွက်ပေးမည်
====================
ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် သက်သေခံလက်မှတ်(Certificate of Identity – CI)ကိုစခန်း ၄ ခု ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိရုံးမှ အသိပေးကြေညာထားပါတယ်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ အလုပ်သမားဝန်ကြီးဌာနနှစ်ခု ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို စမုစခွန်စခန်း၊ စမုပရာကန်စခန်း၊ ဆူရတ်ဌာနီစခန်းနှင့် ချင်းမိုင်စခန်းတို့တွင် ဩဂုတ်လ ၆ ရက် မှစပြီး ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

အဆိုပါ သက်သေခံလက်မှတ်(Certificate of Identity-CI) သက်တမ်းကုန်ဆုံးရန် ၆ လ အောက်ကျန်ရစ် နေသူများ၊ သက်တမ်းကုန်ဆုံးနေသူများအား အသစ်လဲလှယ်ပေးခြင်း၊ ထိုင်းနိုင်ငံ၏ ဘတ်ကတ် (TR-38) လုပ်ငန်းစဉ် နှင့်အတူ CI စာအုပ်အသစ်များထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံသားစိစစ်ရေးကဒ်မူရင်း၊ အိမ်ထောင်စုစာရင်းနှင့် CI စာအုပ်ရှိသူများကို အထောက်အထား စိစစ်ပြီးနောက်နိုင်ငံကူးလက်မှတ် (Passport for Thailand Only) ထုတ်ပေးသွားမှာဖြစ်သလို Overseas Worker Identification Card – OWIC ကတ်ပြားထုတ်ပေးသွားမှာဖြစ်ပါတယ်။

CI စာအုပ်အသစ်လဲလှယ်ထုတ်ဝေပေးခြင်းအတွက် ဝန်ဆောင်ခအဖြစ် ၂,၆၇၀ ဘတ် သတ်မှတ်ထားပြီး 7/11 ဆိုင်များတွင် တိုက်ရိုက်ငွေပေးသွင်းရမည်ဖြစ်ကာ ပေးသွင်းပြေစာပြသပြီး စာအုပ်များပြုလုပ်ရမှာဖြစ်ပါတယ်။

အဆိုပါစခန်းများ၌ ဆောင်ရွက်ရာမှာ တနင်္လာနေ့တိုင်းနှင့် မြန်မာသံရုံးမှ သတ်မှတ်ထားသော ရုံးပိတ်ရက်များကို အလုပ်နားရက် သတ်မှတ်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားပါတယ်။

ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ဆာခွန်ခရိုင်(မဟာချိုင်)အပါအဝင် ခရိုင်တချို့မှာတော့ လုပ်ငန်းရှင်တွေက နေရပ်ပြန်သွားတဲ့ ကမ္ဘောဒီးယားလုပ်သားတွေနေရာမှာ မြန်မာလုပ်သားတွေကို အစားထိုးခန့်အပ်ဖို့ ပြင်ဆင်လာကြ တယ်လို့လည်း သိရပါတယ်။