တိုက္စစ္မႉး ဒါဝင္ႏူးနက္ဇ္ ေဆာ္ဒီကလပ္ အယ္လ္ဟီလာကိုေျပာင္းရန္ သေဘာတူ
တိုက္စစ္မႉး ဒါဝင္ႏူးနက္ဇ္ ေဆာ္ဒီကလပ္ အယ္လ္ဟီလာကိုေျပာင္းရန္ သေဘာတူ
=======================
ဥ႐ုေဂြးတိုက္စစ္မႉး ဒါဝင္ႏူးနက္ဇ္အတြက္ အယ္လ္ဟီလာနဲ႔ လီဗာပူးလ္အသင္းတို သေဘာတူညီမႈရရွိခဲ့ၿပီလို နာမည္ေက်ာ္ဂ်ာနယ္လစ္ ဖာဘရီဇီယို႐ိုမာႏိုက ေဖာ္ျပခဲ့ပါတယ္။
အယ္လ္ဟီလာအသင္းက ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို(၅၃)သန္းနဲ႔ Add-ons ေၾကး ေပးေခ်သြားမွာျဖစ္တာေၾကာင့္ လီဗာပူးလ္အသင္းက လက္ခံခဲ့တာျဖစ္ၿပီး ဒါဝင္ႏူးနက္ဇ္နဲ႔ ဆက္ၿပီးေဆြးေႏြးေနဆဲျဖစ္ေၾကာင္း သိရပါတယ္။
ဒါဝင္ႏူးနက္ဇ္ဟာ ဘင္ဖီကာကေန လီဗာပူးလ္ကို ယူ႐ို(၇၅)သန္း+ Add-ons ေၾကး ယူ႐ို(၂၅)သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီမွာ ၿပိဳင္ပြဲစုံ(၇)ဂိုးသာ သြင္းယူႏိုင္ခဲ့တာေၾကာင့္ လီဗာပူးလ္အသင္းက ေရာင္းထုတ္ဖို စီစဥ္ေနတာပါ။
ၿပီးခဲ့တဲ့ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ အယ္လ္နာဆာအသင္းက ယူ႐ိုသန္း(၇၀)နဲ႔ ကမ္းလွမ္းခဲ့တာကိုေတာ့ ရာသီဝက္ကာလျဖစ္တာေၾကာင့္ လီဗာပူးလ္အသင္းက ျငင္းပယ္ခဲ့ေၾကာင္း သိရပါတယ္။
လီဗာပူးလ္အသင္းဟာ ဒါဝင္ႏူးနက္ဇ္ကို ေရာင္းထုတ္ႏိုင္ေတာ့မွာျဖစ္တဲ့အတြက္ နယူးကာဆယ္တိုက္စစ္မႉး အီဆက္ခ္ကို ေခၚယူဖို ထပ္ၿပီးကမ္းလွမ္းဖြယ္ရွိေၾကာင္းလည္း ၿဗိတိန္မီဒီယာေတြက သုံးသပ္ေနၾကပါတယ္။
တိုက်စစ်မှူး ဒါဝင်နူးနက်ဇ် ဆော်ဒီကလပ် အယ်လ်ဟီလာကိုပြောင်းရန် သဘောတူ
=======================
ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်အတွက် အယ်လ်ဟီလာနဲ့ လီဗာပူးလ်အသင်းတို သဘောတူညီမှုရရှိခဲ့ပြီလို နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့ပါတယ်။
အယ်လ်ဟီလာအသင်းက ပြောင်းရွှေ့ကြေး ယူရို(၅၃)သန်းနဲ့ Add-ons ကြေး ပေးချေသွားမှာဖြစ်တာကြောင့် လီဗာပူးလ်အသင်းက လက်ခံခဲ့တာဖြစ်ပြီး ဒါဝင်နူးနက်ဇ်နဲ့ ဆက်ပြီးဆွေးနွေးနေဆဲဖြစ်ကြောင်း သိရပါတယ်။
ဒါဝင်နူးနက်ဇ်ဟာ ဘင်ဖီကာကနေ လီဗာပူးလ်ကို ယူရို(၇၅)သန်း+ Add-ons ကြေး ယူရို(၂၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ(၇)ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် လီဗာပူးလ်အသင်းက ရောင်းထုတ်ဖို စီစဉ်နေတာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အယ်လ်နာဆာအသင်းက ယူရိုသန်း(၇၀)နဲ့ ကမ်းလှမ်းခဲ့တာကိုတော့ ရာသီဝက်ကာလဖြစ်တာကြောင့် လီဗာပူးလ်အသင်းက ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်းဟာ ဒါဝင်နူးနက်ဇ်ကို ရောင်းထုတ်နိုင်တော့မှာဖြစ်တဲ့အတွက် နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကို ခေါ်ယူဖို ထပ်ပြီးကမ်းလှမ်းဖွယ်ရှိကြောင်းလည်း ဗြိတိန်မီဒီယာတွေက သုံးသပ်နေကြပါတယ်။