စည္းၾကပ္ခြန္တိုးျမႇင့္သည့္ အေမရိကန္၏ ၿခိမ္းေျခာက္မႈလုပ္ရပ္ ‘မွ်တမႈမရွိ’ ဟု အိႏၵိယေဝဖန္
စည္းၾကပ္ခြန္တိုးျမႇင့္သည့္ အေမရိကန္၏ ၿခိမ္းေျခာက္မႈလုပ္ရပ္ ‘မွ်တမႈမရွိ’ ဟု အိႏၵိယေဝဖန္
==================
အိႏၵိယအေပၚ အေမရိကန္၏လုပ္ရပ္မွာ တရားမွ်တမႈမရွိသလို က်ိဳးေၾကာင္းဆီေလ်ာ္မႈလည္း မရွိေၾကာင္း၊ အိႏၵိယအေနျဖင့္ ႏိုင္ငံ၏အက်ိဳးစီးပြားႏွင့္ စီးပြားေရးလုံၿခဳံမႈကိုကာကြယ္ရန္ လိုအပ္သည့္အစီအမံအားလုံး လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Randhir Kumar Jaiswal က ဩဂုတ္လ ၄ ရက္တြင္ ေျပာၾကားခဲ့သည္။
အေမရိကန္သမၼတ ထရမ့္ က ဩဂုတ္လ ၄ ရက္တြင္ လူမႈကြန္ရက္မီဒီယာ၌ ပို႔စ္တင္ကာ အိႏၵိယက ႐ုရွားေရနံအမ်ားအျပား ဝယ္ယူျခင္းႏွင့္ ထိုမွတစ္ဆင့္အျမတ္ရရွိျခင္းေၾကာင့္ အေမရိကန္အေနျဖင့္ အိႏၵိယထုတ္ ကုန္ပစၥည္းမ်ားအေပၚ သြင္းကုန္စည္းၾကပ္ခြန္မ်ားစြာ တိုးျမႇင့္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။
၎အေပၚ Randhir Kumar Jaiswal က ႐ုရွား-ယူကရိန္း ပဋိပကၡျဖစ္ပြားၿပီးေနာက္ ကမာၻလုံးဆိုင္ရာ စြမ္းအင္ေဈးကြက္တည္ၿငိမ္ေရးကို ျမႇင့္တင္ရန္အတြက္ ႐ုရွားႏွင့္ ကုန္သြယ္ေရးမ်ားလုပ္ေဆာင္သြားရန္ အိႏၵိယကို အေမရိကန္က တက္ႂကြစြာအားေပးခဲ့ေၾကာင္း ယင္းေန႔ထုတ္ျပန္သည့္ ေၾကညာခ်က္တစ္ရပ္တြင္ ေျပာၾကားခဲ့သည္။
အိႏၵိယကိုပစ္မွတ္ထားသည့္ အေမရိကန္၏လႈပ္ရွားမႈမ်ားက တရားမွ်တမႈမရွိသလို က်ိဳးေၾကာင္းဆီေလ်ာ္မႈ မရွိေၾကာင္း၊ အိႏၵိယအေနျဖင့္ ႏိုင္ငံ၏အက်ိဳးစီးပြားႏွင့္ စီးပြားေရးလုံၿခဳံမႈကို ကာကြယ္ထိန္းသိမ္းရန္ လိုအပ္သည့္ အစီအမံအားလုံး လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ေၾကညာခ်က္တြင္ ေျပာၾကားခဲ့သည္။
အိႏၵိယ၏သြင္းကုန္သည္ စားသုံးသူမ်ား အကုန္အက်ခံအသုံးျပဳႏိုင္သည့္ ကုန္ပစၥည္းမ်ားျဖစ္ရန္ အာမခံ ေရးကို ရည္႐ြယ္ေၾကာင္း၊ ယင္းမွာ မ်က္ေမွာက္ကမာၻ႔အေျခအေန၏ မျဖစ္မေနေ႐ြးခ်ယ္မႈျဖစ္ေၾကာင္း Randhir Kumar Jaiswal က ေျပာၾကားခဲ့သည္။
အေမရိကန္-အိႏၵိယ ႏွစ္ဖက္အေနျဖင့္ ယခုကာလမ်ားတြင္ ကုန္သြယ္ေရးေဆြးေႏြးမႈ အႀကိမ္ေပါင္းမ်ားစြာ က်င္းပခဲ့ေၾကာင္း၊ သို႔ေသာ္ အေမရိကန္ဘက္က စိုက္ပ်ိဳးေရးႏွင့္ ႏို႔ထြက္ပစၥည္းလုပ္ငန္းမ်ားအေပၚ စည္းၾကပ္ခြန္ သက္သာခြင့္ေပးရန္ ေတာင္းဆိုခ်က္ကို အိႏၵိယက အစဥ္ျငင္းဆိုခဲ့ေၾကာင္း သတင္းမ်ားအရ သိရသည္။
ဇူလိုင္လ ၃၁ ရက္က အေမရိကန္ကထုတ္ျပန္သည့္ ကုန္သြယ္ဖက္ ၆၉ ခုအေပၚ ေကာက္ခံမည့္ စည္းၾကပ္ခြန္ႏႈန္းထားမ်ား အရ အေမရိကန္သို႔တင္သြင္းေသာ အိႏၵိယကုန္ပစၥည္းမ်ားသည္ အခြန္ ၂၅ ရာခိုင္ႏႈန္း ေကာက္ခံျခင္း ခံရမည္ ျဖစ္သည္။
စည်းကြပ်ခွန်တိုးမြှင့်သည့် အမေရိကန်၏ ခြိမ်းခြောက်မှုလုပ်ရပ် ‘မျှတမှုမရှိ’ ဟု အိန္ဒိယဝေဖန်
==================
အိန္ဒိယအပေါ် အမေရိကန်၏လုပ်ရပ်မှာ တရားမျှတမှုမရှိသလို ကျိုးကြောင်းဆီလျော်မှုလည်း မရှိကြောင်း၊ အိန္ဒိယအနေဖြင့် နိုင်ငံ၏အကျိုးစီးပွားနှင့် စီးပွားရေးလုံခြုံမှုကိုကာကွယ်ရန် လိုအပ်သည့်အစီအမံအားလုံး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Kumar Jaiswal က ဩဂုတ်လ ၄ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ထရမ့် က ဩဂုတ်လ ၄ ရက်တွင် လူမှုကွန်ရက်မီဒီယာ၌ ပို့စ်တင်ကာ အိန္ဒိယက ရုရှားရေနံအများအပြား ဝယ်ယူခြင်းနှင့် ထိုမှတစ်ဆင့်အမြတ်ရရှိခြင်းကြောင့် အမေရိကန်အနေဖြင့် အိန္ဒိယထုတ် ကုန်ပစ္စည်းများအပေါ် သွင်းကုန်စည်းကြပ်ခွန်များစွာ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၎င်းအပေါ် Randhir Kumar Jaiswal က ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားပြီးနောက် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးကွက်တည်ငြိမ်ရေးကို မြှင့်တင်ရန်အတွက် ရုရှားနှင့် ကုန်သွယ်ရေးများလုပ်ဆောင်သွားရန် အိန္ဒိယကို အမေရိကန်က တက်ကြွစွာအားပေးခဲ့ကြောင်း ယင်းနေ့ထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။
အိန္ဒိယကိုပစ်မှတ်ထားသည့် အမေရိကန်၏လှုပ်ရှားမှုများက တရားမျှတမှုမရှိသလို ကျိုးကြောင်းဆီလျော်မှု မရှိကြောင်း၊ အိန္ဒိယအနေဖြင့် နိုင်ငံ၏အကျိုးစီးပွားနှင့် စီးပွားရေးလုံခြုံမှုကို ကာကွယ်ထိန်းသိမ်းရန် လိုအပ်သည့် အစီအမံအားလုံး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပြောကြားခဲ့သည်။
အိန္ဒိယ၏သွင်းကုန်သည် စားသုံးသူများ အကုန်အကျခံအသုံးပြုနိုင်သည့် ကုန်ပစ္စည်းများဖြစ်ရန် အာမခံ ရေးကို ရည်ရွယ်ကြောင်း၊ ယင်းမှာ မျက်မှောက်ကမ္ဘာ့အခြေအနေ၏ မဖြစ်မနေရွေးချယ်မှုဖြစ်ကြောင်း Randhir Kumar Jaiswal က ပြောကြားခဲ့သည်။
အမေရိကန်-အိန္ဒိယ နှစ်ဖက်အနေဖြင့် ယခုကာလများတွင် ကုန်သွယ်ရေးဆွေးနွေးမှု အကြိမ်ပေါင်းများစွာ ကျင်းပခဲ့ကြောင်း၊ သို့သော် အမေရိကန်ဘက်က စိုက်ပျိုးရေးနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းများအပေါ် စည်းကြပ်ခွန် သက်သာခွင့်ပေးရန် တောင်းဆိုချက်ကို အိန္ဒိယက အစဉ်ငြင်းဆိုခဲ့ကြောင်း သတင်းများအရ သိရသည်။
ဇူလိုင်လ ၃၁ ရက်က အမေရိကန်ကထုတ်ပြန်သည့် ကုန်သွယ်ဖက် ၆၉ ခုအပေါ် ကောက်ခံမည့် စည်းကြပ်ခွန်နှုန်းထားများ အရ အမေရိကန်သို့တင်သွင်းသော အိန္ဒိယကုန်ပစ္စည်းများသည် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံခြင်း ခံရမည် ဖြစ်သည်။