iPhone 16 ထက္ ေဒၚလာ ၅၀ ေဈးပိုႀကီးႏိုင္တဲ့ iPhone 17

iPhone 16 ထက္ ေဒၚလာ ၅၀ ေဈးပိုႀကီးႏိုင္တဲ့ iPhone 17
======================
ေနာက္လထဲ iPhone သစ္ ထြက္ပါမယ္။ အခြန္ေၾကာင့္ ေဈးလည္း နည္းနည္း ပိုႀကီးႏိုင္ပါတယ္။

tipster တစ္ေယာက္ျဖစ္တဲ့ @Jukanlosreve ကေတာ့ iPhone 17 စီးရီးက အရင္ iPhone 16 ေတြထက္ ပ်မ္းမွ် ေဒၚလာ ၅၀ ေက်ာ္ ေဈးပိုမယ္လို႔ ေျပာပါတယ္။ သူေျပာသလိုဆို iPhone 17 ေဒၚလာ ၈၅၀ ၊ iPhone 17 Pro ေဒၚလာ ၁၀၅၀ နဲ႔ iPhone 17 Pro Max ေဒၚလာ ၁၂၅၀ ေဈးေတြကေန စဖို႔ ရွိပါတယ္။

Plus စီးရီးေနရာမွာ အသစ္ေရာက္လာမယ့္ iPhone 17 Air ကေတာ့ ေဒၚလာ ၉၀၀ ေလာက္ ေဈးေပါက္ႏိုင္ပါတယ္။ iPhone သစ္ေတြ ေဈးတက္မယ္လို႔ ခန႔္မွန္းထားတာကေတာ့ အခုမွ မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ႏွစ္ iPhone 16 စီးရီးတုန္းကလည္း ပစၥည္းဖိုး Bill of Materials ေတြ တက္ကုန္လို႔ iPhone 16 ေဈးႀကီးမယ္လို႔ analyst ေတြက တြက္ခဲ့ပါတယ္။

BOM စရိတ္ႀကီးရင္ Apple လည္း အျမတ္မနည္းေအာင္ ဖုန္းေဈးျမႇင့္မယ္လို႔ ယူဆခဲ့တာပါ။ အဲ့ဒီတုန္းကေတာ့ Apple က iPhone 16 ကို ေဈးမတင္ခဲ့ဘဲ ပုံမွန္ေဈးနဲ႔ ဆက္ေရာင္းပါတယ္။ ဖုန္းပစၥည္း component စရိတ္လည္း ေလွ်ာ့ဖို႔ ညႇိႏိုင္ခဲ့တာေၾကာင့္လို႔ ေျပာၾကပါတယ္။

ပစၥည္းစရိတ္ေလွ်ာ့ႏိုင္ေတာင္ အခြန္ေတာ့ ေရွာင္မရပါဘူး။ အခြန္ေၾကာင့္ပဲ iPhone သစ္ေတြ ေဈးတက္မယ္လို႔ ေျပာေနၾကတာပါ။ iPhone သစ္ေတြက ေဈးပိုႀကီးသလို ဒီဇိုင္း ကာလာလည္း ပိုစုံေတာ့မွာပါ။ leaker ေတြ တင္ထားပုံအရဆို iPhone 17 စီးရီးက ကင္မရာဒီဇိုင္းသစ္ေတြနဲ႔ ကာလာသစ္ေတြ သုံးလာႏိုင္ပါတယ္။

leaker Majin Bu ရဲ႕ X ပို႔စ္မွာ တင္ထားတဲ့အတိုင္းဆို iPhone 17 ကို အနက္ ၊ အျဖဴ ၊ ပန္း ၊ အျပာ ၊ အစိမ္းေတြနဲ႔ ျမင္ေတြ႕ရဖို႔ ရွိၿပီး iPhone 17 Air ေမာ္ဒယ္ကိုေတာ့ အနက္ ၊ အျဖဴ ၊ အျပာနဲ႔အတူ အဝါေဖ်ာ့ ၄ ေရာင္နဲ႔ပါ ထြက္လာမယ္လို႔ ေမွ်ာ္လင့္ရမွာပါ။

Pro စီးရီးေတြကေတာ့ အညိဳႏုေရာင္ ကာလာသစ္ပါ ထြက္လာႏိုင္ပါတယ္။ iPhone 17 Air နဲ႔ iPhone 17 Pro /Pro Max ေတြရဲ႕ ကင္မရာကေတာ့ Pixel 9 Pro ဆန္ဆန္ အလ်ားလိုက္ကင္မရာ bump သုံးလာဖို႔ မ်ားပါတယ္။ iPhone 17 စီးရီးကိုေတာ့ စက္တင္ဘာ ၉ /၁၀ တစ္ရက္ရက္ ထြက္မယ္လို႔ ခန႔္မွန္းေျပာေနၾကတာလည္း ရွိပါတယ္။

#DuwunTech


iPhone 16 ထက် ဒေါ်လာ ၅၀ ဈေးပိုကြီးနိုင်တဲ့ iPhone 17
======================
နောက်လထဲ iPhone သစ် ထွက်ပါမယ်။ အခွန်ကြောင့် ဈေးလည်း နည်းနည်း ပိုကြီးနိုင်ပါတယ်။

tipster တစ်ယောက်ဖြစ်တဲ့ @Jukanlosreve ကတော့ iPhone 17 စီးရီးက အရင် iPhone 16 တွေထက် ပျမ်းမျှ ဒေါ်လာ ၅၀ ကျော် ဈေးပိုမယ်လို့ ပြောပါတယ်။ သူပြောသလိုဆို iPhone 17 ဒေါ်လာ ၈၅၀ ၊ iPhone 17 Pro ဒေါ်လာ ၁၀၅၀ နဲ့ iPhone 17 Pro Max ဒေါ်လာ ၁၂၅၀ ဈေးတွေကနေ စဖို့ ရှိပါတယ်။

Plus စီးရီးနေရာမှာ အသစ်ရောက်လာမယ့် iPhone 17 Air ကတော့ ဒေါ်လာ ၉၀၀ လောက် ဈေးပေါက်နိုင်ပါတယ်။ iPhone သစ်တွေ ဈေးတက်မယ်လို့ ခန့်မှန်းထားတာကတော့ အခုမှ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ် iPhone 16 စီးရီးတုန်းကလည်း ပစ္စည်းဖိုး Bill of Materials တွေ တက်ကုန်လို့ iPhone 16 ဈေးကြီးမယ်လို့ analyst တွေက တွက်ခဲ့ပါတယ်။

BOM စရိတ်ကြီးရင် Apple လည်း အမြတ်မနည်းအောင် ဖုန်းဈေးမြှင့်မယ်လို့ ယူဆခဲ့တာပါ။ အဲ့ဒီတုန်းကတော့ Apple က iPhone 16 ကို ဈေးမတင်ခဲ့ဘဲ ပုံမှန်ဈေးနဲ့ ဆက်ရောင်းပါတယ်။ ဖုန်းပစ္စည်း component စရိတ်လည်း လျှော့ဖို့ ညှိနိုင်ခဲ့တာကြောင့်လို့ ပြောကြပါတယ်။

ပစ္စည်းစရိတ်လျှော့နိုင်တောင် အခွန်တော့ ရှောင်မရပါဘူး။ အခွန်ကြောင့်ပဲ iPhone သစ်တွေ ဈေးတက်မယ်လို့ ပြောနေကြတာပါ။ iPhone သစ်တွေက ဈေးပိုကြီးသလို ဒီဇိုင်း ကာလာလည်း ပိုစုံတော့မှာပါ။ leaker တွေ တင်ထားပုံအရဆို iPhone 17 စီးရီးက ကင်မရာဒီဇိုင်းသစ်တွေနဲ့ ကာလာသစ်တွေ သုံးလာနိုင်ပါတယ်။

leaker Majin Bu ရဲ့ X ပို့စ်မှာ တင်ထားတဲ့အတိုင်းဆို iPhone 17 ကို အနက် ၊ အဖြူ ၊ ပန်း ၊ အပြာ ၊ အစိမ်းတွေနဲ့ မြင်တွေ့ရဖို့ ရှိပြီး iPhone 17 Air မော်ဒယ်ကိုတော့ အနက် ၊ အဖြူ ၊ အပြာနဲ့အတူ အဝါဖျော့ ၄ ရောင်နဲ့ပါ ထွက်လာမယ်လို့ မျှော်လင့်ရမှာပါ။

Pro စီးရီးတွေကတော့ အညိုနုရောင် ကာလာသစ်ပါ ထွက်လာနိုင်ပါတယ်။ iPhone 17 Air နဲ့ iPhone 17 Pro /Pro Max တွေရဲ့ ကင်မရာကတော့ Pixel 9 Pro ဆန်ဆန် အလျားလိုက်ကင်မရာ bump သုံးလာဖို့ များပါတယ်။ iPhone 17 စီးရီးကိုတော့ စက်တင်ဘာ ၉ /၁၀ တစ်ရက်ရက် ထွက်မယ်လို့ ခန့်မှန်းပြောနေကြတာလည်း ရှိပါတယ်။

#DuwunTech