
============================
ကန်ကြီးထောင့် ဩဂုတ် ၎




ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊ တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်လှူဒါန်း
============================
ကန်ကြီးထောင့် ဩဂုတ် ၄

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ၌ပြုလုပ်သောဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲသို့ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊တောင်သူလယ်သမားရေးရာတာဝန်ခံဦးအောင်တင်မြင့်နှင့် တိုင်းပါတီကော်မတီအတွင်းရေးမှူးဒေါ်ခင်စောမူနှင့်တိုင်းကော်မတီဝင်များ၊ခရိုင်/မြို့နယ်ပါတီတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကျေးပါတီဥက္ကဌများတက်ရောက်ခဲ့ပါသည်။

ပထမဦးစွာနမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပါသည်။ထို့နောက်ကန်ကြီးထောင့်မြို့ သီရိမင်္ဂလာရာမ ပရိယတ္တိစာသင်တိုက်ပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒောဘာထံမှ ငါးပါးသီလခံယူဆောက်တည်ပြီးပရိတ်တရားတော်နာယူပါသည်။ဆက်လက်၍ပင့်သံဃာ ၇ပါးအား လှူဖွယ်ဝတ္ထု ပစ္စည်းများဆက်ကပ်ပြီး ပါတီဗဟိုအလုပ်အမှုဆောင်ဦးအောင်တင်မြင့် က သာသနာရေးဆိုင်ရာများလျှောက်ထားကာ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဌကဏ္ဍဝါစကဒေါက်တာကဝိနန္ဒထံမှအနုမောဒနာတရားနာကြားကြပြီးယနေ့ပြုသောကုသိုလ်အမျိုးးမျိုးကိုရေစက်ချအမျှဝေပြီး ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခဲ့ပြီးသံဃာတော်များအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။