ေတာင္ကိုရီးယားတပ္မေတာ္က ေျမာက္ကိုရီးယားနယ္စပ္ရွိ ဝါဒျဖန႔္အသံခ်ဲ႕စက္မ်ားကို စတင္ျဖဳတ္သိမ္းေန
ေတာင္ကိုရီးယားတပ္မေတာ္က ေျမာက္ကိုရီးယားနယ္စပ္ရွိ ဝါဒျဖန႔္အသံခ်ဲ႕စက္မ်ားကို စတင္ျဖဳတ္သိမ္းေန
======================
ေတာင္ကိုရီးယားတပ္မေတာ္အေနျဖင့္ ေျမာက္ကိုရီးယားႏိုင္ငံႏွင့္နယ္စပ္ရွိ ဝါဒ ျဖန႔္အသံခ်ဲ႕စက္မ်ားကို ဩဂုတ္လ ၄ ရက္ တြင္ စတင္ျဖဳတ္သိမ္းေနၿပီျဖစ္ေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာန၏ထုတ္ျပန္ခ်က္ကို ကိုးကား ၍ Yonhap သတင္းဌာနက ေဖာ္ျပထားသည္။
ကိုရီးယားကြၽန္းဆြယ္၌ တင္းမာမႈမ်ားေျပေလ်ာ့ေစေရးအတြက္ လုပ္ေဆာင္ခ်က္တစ္ရပ္အျဖစ္ ဝါဒျဖန႔္ထုတ္လႊင့္မႈမ်ားရပ္တန႔္ရန္ ႏွစ္ႏိုင္ငံစလုံးကသေဘာတူၿပီးေနာက္ အသံခ်ဲ႕ စက္မ်ားကိုျဖဳတ္သိမ္းလာျခင္း ျဖစ္သည္။
ေတာင္ကိုရီးယားႏိုင္ငံက ႏွစ္ႏိုင္ငံနယ္စပ္၌ ေျမာက္ကိုရီးယားဘက္သို႔ လွည့္၍ အသံခ်ဲ႕စက္မ်ားတပ္ဆင္ထားသည္မွာ ဆယ္စုႏွစ္မ်ားစြာၾကာျမင့္ေနၿပီျဖစ္ၿပီး ယခုမွ ျဖဳတ္သိမ္းျခင္း ျဖစ္သည္။
ထို႔ျပင္ ယင္းလုပ္ရပ္သည္ ေတာင္ကိုရီးယားသမၼတ လီေဂ်းေျမာင္လက္ထက္၌ ကိုရီးယား ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရးတိုးတက္မႈရွိသည့္ လကၡဏာမ်ားကိုျမင္ေတြ႕လာရျခင္း ျဖစ္သည္။
ထို႔အတူ ကိုရီးယားႏွစ္ႏိုင္ငံၾကား ဆက္ဆံေရးျပန္လည္တည္ေဆာက္ၿပီးပါက ပူးတြဲစီမံကိန္းမ်ားကို ျပန္လည္စတင္သြားမည္ျဖစ္ေၾကာင္း၊ အထူး သျဖင့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ စီမံကိန္းမ်ားကို ဦးစြာစတင္သြားရန္ အစိုးရအဖြဲ႕က စီစဥ္ထား ေၾကာင္း ေတာင္ကိုရီးယားျပန္လည္ေပါင္းစည္းေရးဝန္ႀကီး ခ်န္ဒုံးေယာင္က ဩဂုတ္လ ၄ ရက္တြင္ ေျပာထားသည္ ဟု Yonhap သတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။
တောင်ကိုရီးယားတပ်မတော်က မြောက်ကိုရီးယားနယ်စပ်ရှိ ဝါဒဖြန့်အသံချဲ့စက်များကို စတင်ဖြုတ်သိမ်းနေ
======================
တောင်ကိုရီးယားတပ်မတော်အနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့်နယ်စပ်ရှိ ဝါဒ ဖြန့်အသံချဲ့စက်များကို ဩဂုတ်လ ၄ ရက် တွင် စတင်ဖြုတ်သိမ်းနေပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်ကို ကိုးကား ၍ Yonhap သတင်းဌာနက ဖော်ပြထားသည်။
ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများပြေလျော့စေရေးအတွက် လုပ်ဆောင်ချက်တစ်ရပ်အဖြစ် ဝါဒဖြန့်ထုတ်လွှင့်မှုများရပ်တန့်ရန် နှစ်နိုင်ငံစလုံးကသဘောတူပြီးနောက် အသံချဲ့ စက်များကိုဖြုတ်သိမ်းလာခြင်း ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံက နှစ်နိုင်ငံနယ်စပ်၌ မြောက်ကိုရီးယားဘက်သို့ လှည့်၍ အသံချဲ့စက်များတပ်ဆင်ထားသည်မှာ ဆယ်စုနှစ်များစွာကြာမြင့်နေပြီဖြစ်ပြီး ယခုမှ ဖြုတ်သိမ်းခြင်း ဖြစ်သည်။
ထို့ပြင် ယင်းလုပ်ရပ်သည် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်လက်ထက်၌ ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေးတိုးတက်မှုရှိသည့် လက္ခဏာများကိုမြင်တွေ့လာရခြင်း ဖြစ်သည်။
ထို့အတူ ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးပြန်လည်တည်ဆောက်ပြီးပါက ပူးတွဲစီမံကိန်းများကို ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း၊ အထူး သဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံကိန်းများကို ဦးစွာစတင်သွားရန် အစိုးရအဖွဲ့က စီစဉ်ထား ကြောင်း တောင်ကိုရီးယားပြန်လည်ပေါင်းစည်းရေးဝန်ကြီး ချန်ဒုံးယောင်က ဩဂုတ်လ ၄ ရက်တွင် ပြောထားသည် ဟု Yonhap သတင်းဌာနဖော်ပြချက်အရ သိရသည်။