
========================








ရှက်ရှကိုအား ယူရို ၈၅ သန်းနဲ့ မန်ယူနိုက်တက်အသင်း ကမ်းလှမ်း
========================
မန်ယူနိုက်တက်အသင်းဟာ လိုက်ပ်ဇစ်အသင်းက ဆလိုဗေးနီးယားလက်ရွေးစင်တိုက်စစ်မှူး ရှက်ရှကိုအား ယူရို ၈၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပါတယ်။

မန်ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုမှာ ကနဦးပေးချေမှုတင် ယူရို ၇၅ သန်း ရှိပါတယ်။

အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးအတွက် ယူနိုက်တက်အသင်း ကမ်းလှမ်းမှုဟာ သင့်လျော်တဲ့ပမာဏလို သတင်းတွေက ရေးသားခဲ့ပါတယ်။

ကစားသမားကိုယ်တိုင်ကလည်း အိုးလ်ထရက်ဖိုဒ်ကို ပြောင်းရွှေ့ဖို ဆန္ဒရှိနေပါတယ်။

မန်ယူနိုက်တက်နဲ့အပြိုင် ကြိုးပမ်းနေတဲ့ နယူးကာဆယ်ကလည်း ရှက်ရှကိုအတွက် ယူရို သန်း ၈၀ ဝန်းကျင်နဲ့ ကမ်းလှမ်းထားပါတယ်။

နယူးကာဆယ်နဲ့ လိုက်ပ်ဇစ်အကြား ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို သိရပါတယ်။

မန်ယူနိုက်တက်အသင်းကတော့ ရှက်ရှကိုရောက်လာရင် အသင်းတိုက်စစ်မှူး ဟွိင်လန်းကို ပြန်လည်ရောင်းထုတ်ဖွယ် ရှိနေပါတယ်။