ကြန္ပ်ဴတာကို အၾကာႀကီးၾကည့္ရင္ မ်က္ေတာင္ခပ္တဲ့အႀကိမ္ႏႈန္း နည္းလာၿပီး မ်က္လုံးပ်က္စီးႏိုင္

ကြန္ပ်ဴတာကို အၾကာႀကီးၾကည့္ရင္ မ်က္ေတာင္ခပ္တဲ့အႀကိမ္ႏႈန္း နည္းလာၿပီး မ်က္လုံးပ်က္စီးႏိုင္
========================
တိုးတတ္လာတဲ့နည္းပညာရဲ႕ ေက်းဇူးေတြေၾကာင့္ အလုပ္လုပ္ရတာ လြယ္ကူလာ၊ ျမန္ဆန္လာေပမယ့္လည္း တစ္ဖက္မွာ ဆိုးက်ိဳးေတြလည္း ရွိေနပါတယ္။ ကြန္ပ်ဴတာမ်က္ႏွာျပင္ကို နာရီအၾကာႀကီး စိုက္ၾကည့္မယ္တယ္ဆိုရင္ မ်က္လုံးေျခာက္ေသြ႕ၿပီး အျမင္မႈန္ဝါးလာႏိုင္ပါတယ္။ လူေတြဟာ (၁) မိနစ္မွာ အႀကိမ္ (၂၀) မ်က္ေတာင္ခတ္ ေလ့ရွိေပမယ့္လည္း ကြန္ပ်ဴတာကို အာ႐ုံစိုက္တဲ့အခါမွာ မ်က္ေတာင္ခပ္တဲ့ အႀကိမ္အေရအတြက္ ေလ်ာ့က်သြားတယ္လို႔ သိရပါတယ္။

မ်က္ေတာင္ခပ္တဲ့ အႀကိမ္အေရအတြက္ နည္းလာတဲ့အခါမွာ မ်က္လုံး ေျခာက္ေသြ႕တာ၊ မ်က္လုံး အေၾကာေတြ တင္းမာတာ၊ အျမင္မႈန္ဝါးတာ နဲ႔ ေခါင္းကိုက္တာေတြ ျဖစ္လာႏိုင္ပါတယ္။ ကြန္ပ်ဴတာနဲ႔ ေန႔တိုင္း အလုပ္လုပ္ရတဲ့သူေတြက တစ္ေန႔ကို အနည္းဆုံး (၅) နာရီခြဲေလာက္ ကြန္ပ်ဴတာကို အသုံးျပဳရတဲ့ အတြက္ေၾကာင့္ မ်က္လုံးနာက်င္တာေတြ ခံစားရတတ္ပါတယ္။ ကြန္ပ်ဴတာအသုံးျပဳသူအမ်ားစုက ေခါင္းကိုက္တာ နဲ႔ အျမင္မႈန္ဝါးတာေတြ ပိုၿပီး အျဖစ္မ်ားၾကပါတယ္။

စစ္တမ္းေကာက္ၿပီး ေလ့လာခ်က္အရ လူ (၃၆) ရာခိုင္ႏႈန္းက တစ္ေန႔မွာ ကြန္ပ်ဴတာကို မျဖစ္မေန အသုံးျပဳရေၾကာင္း၊ လူ (၄) ေယာက္ထဲက (၂) ေယာက္ကေတာ့ ကြန္ပ်ဴတာမွာ ေနာက္ဆုံးျမင္ခဲ့တာကို ျပန္မမွတ္မိေၾကာင္း ဆိုထားပါတယ္။ ႐ုံးတတ္အလုပ္လုပ္တဲ့အခါမွာ ႐ုံးက မီးအလင္း နဲ႔ ေလေအးေပးစက္ေတြကလည္း မ်က္လုံးကို ထိခိုက္ေစႏိုင္ပါတယ္။ ဒါဆိုရင္ မ်က္လုံးမထိခိုက္ေအာင္ ဘယ္လို ကာကြယ္ရမလဲဆိုၿပီး ေမးစရာ ရွိလာပါတယ္။

မ်က္စိဆရာဝန္ ဆာဘရီနာ ရွက္ ဒီဆိုင္း (Sabrina Shah Desai) က ကြန္ပ်ဴတာရဲ႕မ်က္ႏွာျပင္ေတြက ကိုယ္ေတြရဲ႕အသက္ကို အႏၲရာယ္ ေပးေနပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕မ်က္လုံးေတြကို ဂ႐ုစိုက္ဖို႔နဲ႔ ကြန္ပ်ဴတာရဲ႕မ်က္ႏွာျပင္ၾကည့္တာကို ပုံမွန္အနားေပးဖို႔ အေရးႀကီးပါတယ္လို႔ ေျပာခဲ့ပါတယ္။ အခုေခတ္မွာက ဘာအလုပ္ပဲလုပ္လုပ္ ကြန္ပ်ဴတာ အသုံးျပဳတတ္ဖို႔ လိုအပ္ေနၿပီး မ်က္လုံးကို မထိခိုက္ေအာင္ အသုံးျပဳတတ္ဖို႔ အေရးႀကီးလာၿပီးျဖစ္ပါတယ္။

#Yoyarlay


ကွန်ပျူတာကို အကြာကြီးကြည့်ရင် မျက်တောင်ခပ်တဲ့အကြိမ်နှုန်း နည်းလာပြီး မျက်လုံးပျက်စီးနိုင်
========================
တိုးတတ်လာတဲ့နည်းပညာရဲ့ ကျေးဇူးတွေကြောင့် အလုပ်လုပ်ရတာ လွယ်ကူလာ၊ မြန်ဆန်လာပေမယ့်လည်း တစ်ဖက်မှာ ဆိုးကျိုးတွေလည်း ရှိနေပါတယ်။ ကွန်ပျူတာမျက်နှာပြင်ကို နာရီအကြာကြီး စိုက်ကြည့်မယ်တယ်ဆိုရင် မျက်လုံးခြောက်သွေ့ပြီး အမြင်မှုန်ဝါးလာနိုင်ပါတယ်။ လူတွေဟာ (၁) မိနစ်မှာ အကြိမ် (၂၀) မျက်တောင်ခတ် လေ့ရှိပေမယ့်လည်း ကွန်ပျူတာကို အာရုံစိုက်တဲ့အခါမှာ မျက်တောင်ခပ်တဲ့ အကြိမ်အရေအတွက် လျော့ကျသွားတယ်လို့ သိရပါတယ်။

မျက်တောင်ခပ်တဲ့ အကြိမ်အရေအတွက် နည်းလာတဲ့အခါမှာ မျက်လုံး ခြောက်သွေ့တာ၊ မျက်လုံး အကြောတွေ တင်းမာတာ၊ အမြင်မှုန်ဝါးတာ နဲ့ ခေါင်းကိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။ ကွန်ပျူတာနဲ့ နေ့တိုင်း အလုပ်လုပ်ရတဲ့သူတွေက တစ်နေ့ကို အနည်းဆုံး (၅) နာရီခွဲလောက် ကွန်ပျူတာကို အသုံးပြုရတဲ့ အတွက်ကြောင့် မျက်လုံးနာကျင်တာတွေ ခံစားရတတ်ပါတယ်။ ကွန်ပျူတာအသုံးပြုသူအများစုက ခေါင်းကိုက်တာ နဲ့ အမြင်မှုန်ဝါးတာတွေ ပိုပြီး အဖြစ်များကြပါတယ်။

စစ်တမ်းကောက်ပြီး လေ့လာချက်အရ လူ (၃၆) ရာခိုင်နှုန်းက တစ်နေ့မှာ ကွန်ပျူတာကို မဖြစ်မနေ အသုံးပြုရကြောင်း၊ လူ (၄) ယောက်ထဲက (၂) ယောက်ကတော့ ကွန်ပျူတာမှာ နောက်ဆုံးမြင်ခဲ့တာကို ပြန်မမှတ်မိကြောင်း ဆိုထားပါတယ်။ ရုံးတတ်အလုပ်လုပ်တဲ့အခါမှာ ရုံးက မီးအလင်း နဲ့ လေအေးပေးစက်တွေကလည်း မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်။ ဒါဆိုရင် မျက်လုံးမထိခိုက်အောင် ဘယ်လို ကာကွယ်ရမလဲဆိုပြီး မေးစရာ ရှိလာပါတယ်။

မျက်စိဆရာဝန် ဆာဘရီနာ ရှက် ဒီဆိုင်း (Sabrina Shah Desai) က ကွန်ပျူတာရဲ့မျက်နှာပြင်တွေက ကိုယ်တွေရဲ့အသက်ကို အန္တရာယ် ပေးနေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့မျက်လုံးတွေကို ဂရုစိုက်ဖို့နဲ့ ကွန်ပျူတာရဲ့မျက်နှာပြင်ကြည့်တာကို ပုံမှန်အနားပေးဖို့ အရေးကြီးပါတယ်လို့ ပြောခဲ့ပါတယ်။ အခုခေတ်မှာက ဘာအလုပ်ပဲလုပ်လုပ် ကွန်ပျူတာ အသုံးပြုတတ်ဖို့ လိုအပ်နေပြီး မျက်လုံးကို မထိခိုက်အောင် အသုံးပြုတတ်ဖို့ အရေးကြီးလာပြီးဖြစ်ပါတယ်။

#Yoyarlay