ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ သန္လ်င္ခ႐ိုင္ ပါတီဝင္အသစ္မ်ား အဆိုျပဳလႊာေပးအပ္ပြဲအခမ္းအနားသို႔ တက္ေရာက္

 

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ သန္လ်င္ခ႐ိုင္ ပါတီဝင္အသစ္မ်ား အဆိုျပဳလႊာေပးအပ္ပြဲအခမ္းအနားသို႔ တက္ေရာက္
==============
ဩဂုတ္ ၃၊ ရန္ကုန္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိန္း၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္မ်ားႏွင့္အတူ ၂-၈-၂၀၂၅ ရက္ေန႔ နံနက္ ၀၉၃၀ အခ်ိန္တြင္ ရန္ကုန္တိုင္းေဒသႀကီး၊ သန္လ်င္ၿမိဳ႕နယ္တြင္ က်င္းပျပဳလုပ္ေသာ သန္လ်င္ခ႐ိုင္အတြင္းရွိ သန္လ်င္၊ ေက်ာက္တန္း၊ ခရမ္း၊ သုံးခြ၊ ကိုကိုးကြၽန္း ၿမိဳ႕နယ္မ်ားမွ ပါတီဝင္အသစ္ (၂၁၈၀)ဦး၏ အဆိုျပဳလႊာမ်ားေပးအပ္ပြဲ အခမ္းအနားသို တက္ေရာက္ခဲ့ပါသည္။

အခမ္းအနားကို ႏိုင္ငံေတာ္အလံအေလးျပဳ၍ ႏိုင္ငံေတာ္သီခ်င္းသီဆိုဖြင့္လွစ္ၿပီး ပါတီဥကၠ႒က အဖြင့္အမွာစကားေျပာၾကားရာ မိမိတို႔ပါတီသို႔ ယုံၾကည္မႈရွိစြာ ဝင္ေရာက္လာမႈအတြက္ မ်ားစြာဂုဏ္ယူရပါေၾကာင္း၊ မိမိတို႔ပါတီသည္ ႏိုင္ငံေတာ္၏ လိုအပ္ခ်က္အရ ေပၚေပါက္လာသည့္ သမိုင္းေၾကာင္းေကာင္းမြန္သည့္ ပါတီျဖစ္ေၾကာင္း၊ မိမိတို႔ပါတီသည္ ထူးျခားေကာင္းမြန္ေသာ ဝိေသသမ်ားျဖင့္ ျပည့္စုံေနေသာ ျပည္ေထာင္စုပါတီျဖစ္ေၾကာင္းႏွင့္ ပါတီဝင္မ်ားျဖစ္ၿပီျဖစ္တဲ့အတြက္ ပါတီမွခ်မွတ္ထားေသာ လုပ္ငန္းစဥ္မ်ားအား မိမိတို႔တတ္စြမ္းသမွ် ဝိုင္းဝန္းကူညီ ေဆာင္႐ြက္သြားၾကရန္ ေျပာၾကားခဲ့ပါသည္။

ဆက္လက္ၿပီး ပါတီဝင္အသစ္မ်ား၏ အဆိုျပဳလႊာမ်ားအား သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ အပ္ႏွင္းရာ ပါတီဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိမ္း၊ ဗဟိုအတြင္းေရးမႉး ေဒါက္တာသန္းထြန္း၊ ဗဟိုအလုပ္အမႈေဆာင္ ဦးေမာင္ျမင့္တို႔မွ လက္ခံယူခဲ့ၾကပါသည္။ ထို႔ေနာက္ ပါတီသို႔ဝင္ေရာက္ရျခင္းအေၾကာင္းအား သက္ဆိုင္ရာၿမိဳနယ္အလိုက္ ပါတီဝင္အသစ္မ်ား၏ကိုယ္စား ကိုယ္စားလွယ္မ်ားကရွင္းလင္းတင္ျပၾကပါသည္။ ၎ေနာက္ အခမ္းအနားကို နံနက္ ၁၁၀၀ အခ်ိန္တြင္ ႐ုတ္သိမ္းခဲ့ၿပီး ပါတီဥကၠ႒ႏွင့္ ပါတီအႀကီးအကဲမ်ားက တက္ေရာက္လာၾကေသာ ပါတီဝင္မ်ား၊ ပါတီဝင္အသစ္မ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံႏႈတ္ဆက္ခဲ့ပါသည္။

အဆိုပါ ပါတီဝင္အသစ္မ်ား၏ အဆိုျပဳလႊာမ်ား ေပးအပ္ပြဲအခမ္းအနားသို႔ ပါတီဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိမ္း၊ ဗဟိုအတြင္းေရးမႉးမ်ားျဖစ္ၾကသည့္ ေဒါက္တာသန္းထြန္း၊ ေဒါက္တာေဒၚစန္းစန္းႏြယ္၊ ဗဟိုအလုပ္အမႈေဆာင္မ်ားျဖစ္ၾကသည့္ ဦးေမာင္ျမင့္၊ ေဒၚခင္ေ႐ႊျမင့္၊ ေဒၚသိဂႌဝင္းေ႐ႊ၊ ရန္ကုန္တိုင္းေဒသႀကီး ပါတီဥကၠ႒ ဦးခင္ေမာင္စိုးႏွင့္ တိုင္းပါတီေကာ္မတီဝင္မ်ား၊ ခ႐ိုင္/ၿမိဳ႕နယ္/ရပ္ေက်း အဆင့္ဆင့္ပါတီတာဝန္ရွိသူမ်ား၊ ပါတီဝင္မ်ား၊ ပါတီဝင္အသစ္( ၂၁၈၀)ဦး၊ အခမ္းအနားသို႔စိတ္ဝင္စား၍ တက္ေရာက္လာေသာ ျပင္ပ ပုဂၢိဳလ္မ်ား အပါအဝင္ အင္အား (၄၂၀၀)ေက်ာ္တက္ေရာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ သန်လျင်ခရိုင် ပါတီဝင်အသစ်များ အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
==============
ဩဂုတ် ၃၊ ရန်ကုန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့်အတူ ၂-၈-၂၀၂၅ ရက်နေ့ နံနက် ၀၉၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် ကျင်းပပြုလုပ်သော သန်လျင်ခရိုင်အတွင်းရှိ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ ကိုကိုးကျွန်း မြို့နယ်များမှ ပါတီဝင်အသစ် (၂၁၈၀)ဦး၏ အဆိုပြုလွှာများပေးအပ်ပွဲ အခမ်းအနားသို တက်ရောက်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ပြီး ပါတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာ မိမိတို့ပါတီသို့ ယုံကြည်မှုရှိစွာ ဝင်ရောက်လာမှုအတွက် များစွာဂုဏ်ယူရပါကြောင်း၊ မိမိတို့ပါတီသည် နိုင်ငံတော်၏ လိုအပ်ချက်အရ ပေါ်ပေါက်လာသည့် သမိုင်းကြောင်းကောင်းမွန်သည့် ပါတီဖြစ်ကြောင်း၊ မိမိတို့ပါတီသည် ထူးခြားကောင်းမွန်သော ဝိသေသများဖြင့် ပြည့်စုံနေသော ပြည်ထောင်စုပါတီဖြစ်ကြောင်းနှင့် ပါတီဝင်များဖြစ်ပြီဖြစ်တဲ့အတွက် ပါတီမှချမှတ်ထားသော လုပ်ငန်းစဉ်များအား မိမိတို့တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပါတီဝင်အသစ်များ၏ အဆိုပြုလွှာများအား သက်ဆိုင်ရာမြို့နယ်အလိုက် အပ်နှင်းရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်တို့မှ လက်ခံယူခဲ့ကြပါသည်။ ထို့နောက် ပါတီသို့ဝင်ရောက်ရခြင်းအကြောင်းအား သက်ဆိုင်ရာမြိုနယ်အလိုက် ပါတီဝင်အသစ်များ၏ကိုယ်စား ကိုယ်စားလှယ်များကရှင်းလင်းတင်ပြကြပါသည်။ ၎င်းနောက် အခမ်းအနားကို နံနက် ၁၁၀၀ အချိန်တွင် ရုတ်သိမ်းခဲ့ပြီး ပါတီဥက္ကဋ္ဌနှင့် ပါတီအကြီးအကဲများက တက်ရောက်လာကြသော ပါတီဝင်များ၊ ပါတီဝင်အသစ်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပါသည်။

အဆိုပါ ပါတီဝင်အသစ်များ၏ အဆိုပြုလွှာများ ပေးအပ်ပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း၊ ဗဟိုအတွင်းရေးမှူးများဖြစ်ကြသည့် ဒေါက်တာသန်းထွန်း၊ ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးမောင်မြင့်၊ ဒေါ်ခင်ရွှေမြင့်၊ ဒေါ်သိင်္ဂီဝင်းရွှေ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်/မြို့နယ်/ရပ်ကျေး အဆင့်ဆင့်ပါတီတာဝန်ရှိသူများ၊ ပါတီဝင်များ၊ ပါတီဝင်အသစ်( ၂၁၈၀)ဦး၊ အခမ်းအနားသို့စိတ်ဝင်စား၍ တက်ရောက်လာသော ပြင်ပ ပုဂ္ဂိုလ်များ အပါအဝင် အင်အား (၄၂၀၀)ကျော်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။