ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ အမ်ိဳးသားေရးအင္အားစုမ်ားႏွင့္ေတြ႕ဆုံ
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ အမ်ိဳးသားေရးအင္အားစုမ်ားႏွင့္ေတြ႕ဆုံ
=======================
ဩဂုတ္ ၁၊ ရန္ကုန္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိမ္း၊ ရန္ကုန္တိုင္းေဒသႀကီးပါတီ ဥကၠ႒ ဗဟိုအလုပ္အမႈေဆာင္ ဦးခင္ေမာင္စိုးတို႔သည္ ၁-၈-၂၀၂၅ ရက္ေန႔ နံနက္ ၁၀၀၀ နာရီအခ်ိန္တြင္ ရန္ကုန္႐ုံးခြဲ၌ ျပဳလုပ္ေသာ အမ်ိဳးသားေရးအင္အားစုမ်ားႏွင့္ ေတြ႕ဆုံပြဲအခမ္းအနားသို႔ တက္ေရာက္ခဲ့ပါသည္။
အခမ္းအနားတြင္ ပါတီဥကၠ႒က အဖြင့္အမွာစကားေျပာၾကားရာ ေ႐ြးေကာက္ပြဲ ေအာင္ျမင္စြာက်င္းပႏိုင္ရန္ တတ္ႏိုင္သည့္ က႑မ်ားတြင္ ဝိုင္းဝန္းကူညီေဆာင္႐ြက္ေရး၊ အမ်ိဳးသားေရးအတြက္ ပူးေပါင္းေဆာင္႐ြက္ႏိုင္သည့္ ကိစၥရပ္မ်ားတြင္ အတူတကြေဆာင္႐ြက္ေရး ကိစၥရပ္မ်ားအား ေျပာၾကားကာ တက္ေရာက္လာသူမ်ားေဆြးေႏြးၾကေသာ အခ်က္မ်ားအား အျပန္အလွန္ ေဆြးေႏြးခဲ့ၿပီး ေန႔လည္ ၁၁၃၀ အခ်ိန္တြင္ ေတြ႕ဆုံပြဲ ၿပီးေျမာက္ခဲ့ပါသည္။
အဆိုပါေတြ႕ဆုံပြဲအခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိမ္း၊ ဗဟိုအလုပ္အမႈေဆာင္ ဦးေမာင္ျမင့္၊ ရန္ကုန္တိုင္းေဒသႀကီး ပါတီဥကၠ႒ ဗဟိုအလုပ္အမႈေဆာင္ ဦးခင္ေမာင္စိုးႏွင့္ တိုင္းေဒသႀကီးပါတီေကာ္မတီဝင္မ်ား၊ အမ်ိဳးသားေရးအင္အားစုမ်ားမွ ဆရာေတာ္ သံဃာေတာ္မ်ားႏွင့္ အမ်ိဳးသားေရးတက္ႂကြလႈပ္ရွားသူမ်ား တက္ေရာက္ခဲ့ၾကပါသည္။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ အမျိုးသားရေးအင်အားစုများနှင့်တွေ့ဆုံ
=======================
ဩဂုတ် ၁၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း၊ ရန်ကုန်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးတို့သည် ၁-၈-၂၀၂၅ ရက်နေ့ နံနက် ၁၀၀၀ နာရီအချိန်တွင် ရန်ကုန်ရုံးခွဲ၌ ပြုလုပ်သော အမျိုးသားရေးအင်အားစုများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပါတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် တတ်နိုင်သည့် ကဏ္ဍများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ရေး၊ အမျိုးသားရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်သည့် ကိစ္စရပ်များတွင် အတူတကွဆောင်ရွက်ရေး ကိစ္စရပ်များအား ပြောကြားကာ တက်ရောက်လာသူများဆွေးနွေးကြသော အချက်များအား အပြန်အလှန် ဆွေးနွေးခဲ့ပြီး နေ့လည် ၁၁၃၀ အချိန်တွင် တွေ့ဆုံပွဲ ပြီးမြောက်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း၊ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ အမျိုးသားရေးအင်အားစုများမှ ဆရာတော် သံဃာတော်များနှင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ကြပါသည်။