ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ မိတ္ေဆြမ်ားႏွင့္ေတြ႕ဆုံပြဲျပဳလုပ္

ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ မိတ္ေဆြမ်ားႏွင့္ေတြ႕ဆုံပြဲျပဳလုပ္
===================================
ဇူလိုင္ ၃၁၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ရန္ကုန္တိုင္းေဒသႀကီးပါတီ ဥကၠ႒ ဗဟိုအလုပ္အမႈေဆာင္ ဦးခင္ေမာင္စိုးႏွင့္အတူ ၃၁-၇-၂၀၂၅ ရက္ေန႔တြင္ ရန္ကုန္႐ုံးခြဲ၌ က်င္းပေသာ မိတ္ေဆြမ်ားႏွင့္ေတြ႕ဆုံပြဲသို႔တက္ေရာက္ခဲ့ပါသည္။

အဆိုပါေတြ႕ဆုံပြဲကို အပိုင္း(၂)ပိုင္းခြဲ၍ ျပဳလုပ္ခဲ့ၿပီး ပထမပိုင္းအခမ္းအနားကို နံနက္ ၁၀၀၀ နာရီအခ်ိန္တြင္ စတင္ခဲ့ရာ အႏုပညာအသိုင္းအဝန္းမွ ေအာင္ျမင္ေက်ာ္ၾကားသည့္ ႐ုပ္ရွင္သ႐ုပ္ေဆာင္မ်ား၊ ဟာသပညာရွင္မ်ား၊ ဒါ႐ိုက္တာမ်ား တက္ေရာက္ခဲ့ၿပီး ပါတီဥကၠ႒က ႏိုင္ငံေတာ္မွ ေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ မိမိတို႔ပါတီျဖစ္တည္လာမႈသမိုင္း၊ ေ႐ြးေကာက္ပြဲေအာင္ျမင္စြာက်င္းပႏိုင္ေရးႏွင့္ မိမိႀကိဳက္ႏွစ္သက္ရာ အဖြဲ႕အစည္းမ်ားအား မဲေပးေရးအပါအဝင္ က႑အသီးသီးအား တက္ေရာက္လာေသာ မိတ္ေဆြမ်ားႏွင့္ အျပန္အလွန္ ေဆြးေႏြးခဲ့ၿပီး ေန႔လည္ ၁၂၂၀ အခ်ိန္တြင္ အခမ္းအနားအား ေခတၱရပ္နားခဲ့ပါသည္။

ထို႔ေနာက္ ဒုတိယပိုင္းအခမ္းအနား ေန႔လည္ ၁၃၃၀ အခ်ိန္တြင္ ျပန္လည္စတင္ရာ ရန္ကုန္တိုင္းေဒသႀကီးအတြင္း အေျခစိုက္မီဒီယာအဖြဲ႕မ်ားႏွင့္ ေတြ႕ဆုံခဲ့ၿပီး ပါတီဥကၠ႒က ပါတီ၏လႈပ္ရွားေဆာင္႐ြက္မႈမ်ားအား အက်ယ္တဝံ့ရွင္းလင္းေျပာၾကားၿပီး တက္ေရာက္လာေသာ သတင္းမီဒီယာအဖြဲ႕မ်ားမွ ေမးျမန္းေသာ ေမးခြန္းမ်ားအား ျပန္လည္ေျဖၾကားကာ ညေန ၁၆၀၀ နာရီအခ်ိန္တြင္ ဒုတိယပိုင္းအခမ္းအနား ၿပီးေျမာက္ခဲ့ပါသည္။

အဆိုပါ မိတ္ေဆြမ်ားႏွင့္ ေတြ႕ဆုံပြဲအခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးခင္ရီ၊ ရန္ကုန္တိုင္းေဒသႀကီး ပါတီဥကၠ႒ ဗဟိုအလုပ္အမႈေဆာင္ ဦးခင္ေမာင္စိုးႏွင့္ တိုင္းေဒႀကီးပါတီေကာ္မတီဝင္မ်ား၊ ႐ုပ္ရွင္သ႐ုပ္ေဆာင္မ်ား၊ ဟာသပညာရွင္မ်ား၊ ဒါ႐ိုက္တာမ်ား၊ သတင္းမီဒီယာအဖြဲ႕မ်ားမွ သတင္းေထာက္မ်ား တက္ေရာက္ခဲ့ပါသည္။


ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မိတ်ဆွေများနှင့်တွေ့ဆုံပွဲပြုလုပ်
===================================
ဇူလိုင် ၃၁၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ရန်ကုန်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနှင့်အတူ ၃၁-၇-၂၀၂၅ ရက်နေ့တွင် ရန်ကုန်ရုံးခွဲ၌ ကျင်းပသော မိတ်ဆွေများနှင့်တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲကို အပိုင်း(၂)ပိုင်းခွဲ၍ ပြုလုပ်ခဲ့ပြီး ပထမပိုင်းအခမ်းအနားကို နံနက် ၁၀၀၀ နာရီအချိန်တွင် စတင်ခဲ့ရာ အနုပညာအသိုင်းအဝန်းမှ အောင်မြင်ကျော်ကြားသည့် ရုပ်ရှင်သရုပ်ဆောင်များ၊ ဟာသပညာရှင်များ၊ ဒါရိုက်တာများ တက်ရောက်ခဲ့ပြီး ပါတီဥက္ကဋ္ဌက နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မိမိတို့ပါတီဖြစ်တည်လာမှုသမိုင်း၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် မိမိကြိုက်နှစ်သက်ရာ အဖွဲ့အစည်းများအား မဲပေးရေးအပါအဝင် ကဏ္ဍအသီးသီးအား တက်ရောက်လာသော မိတ်ဆွေများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ပြီး နေ့လည် ၁၂၂၀ အချိန်တွင် အခမ်းအနားအား ခေတ္တရပ်နားခဲ့ပါသည်။

ထို့နောက် ဒုတိယပိုင်းအခမ်းအနား နေ့လည် ၁၃၃၀ အချိန်တွင် ပြန်လည်စတင်ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေစိုက်မီဒီယာအဖွဲ့များနှင့် တွေ့ဆုံခဲ့ပြီး ပါတီဥက္ကဋ္ဌက ပါတီ၏လှုပ်ရှားဆောင်ရွက်မှုများအား အကျယ်တဝံ့ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော သတင်းမီဒီယာအဖွဲ့များမှ မေးမြန်းသော မေးခွန်းများအား ပြန်လည်ဖြေကြားကာ ညနေ ၁၆၀၀ နာရီအချိန်တွင် ဒုတိယပိုင်းအခမ်းအနား ပြီးမြောက်ခဲ့ပါသည်။

အဆိုပါ မိတ်ဆွေများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးနှင့် တိုင်းဒေကြီးပါတီကော်မတီဝင်များ၊ ရုပ်ရှင်သရုပ်ဆောင်များ၊ ဟာသပညာရှင်များ၊ ဒါရိုက်တာများ၊ သတင်းမီဒီယာအဖွဲ့များမှ သတင်းထောက်များ တက်ရောက်ခဲ့ပါသည်။