
===========================
ကျောက်ဆည် ဇူလိုင် ၃၁




ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းနှင့်ကျောက်ဆည်ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကျောက်ဆည်မြို့၊အမက(၆) Camp မှ G-12 စာမေးပွဲ အောင်မြင်ခဲ့သည့် ကျောင်းသား/သူ မျာအား ဂုဏ်ပြုချီးမြှင့်ငွေ ပေး အပ်
===========================
ကျောက်ဆည် ဇူလိုင် ၃၁

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းသည် ကျောက်ဆည်ခရိုင်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအောင်မြင့်သန်း၊ ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးစိုးစိုးထွန်းနှင့်မြို့ နယ်ကော်မတီ၀င်များလိုက်ပါလျက် ကျောက်ဆည်မြို့၊အမက(၆)သို့သွားရောက်ပြီး အဆိုပါ အမက(၆) Camp မှ G-12 စာမေးပွဲဖြေဆို အောင်မြင်ခဲ့သည့် ကျောင်းသား/သူ ၁၅ဦးကို ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့ကာ (၄)ဘာသာ ဂုဏ် ထူးရှင် (၁)ဦး အားဂုဏ်ပြုငွေ (၂၀၀၀၀၀)ကျပ်၊ (၃)ဘာသာ ဂုဏ် ထူးရှင် (၁)ဦးအားဂုဏ်ပြုငွေ(၁၅၀၀၀၀)ကျပ်၊ (၁)ဘာသာ ဂုဏ် ထူးရ ကျောင်းသား/သူ (၃)အား ဂုဏ်ပြုငွေ (၁၀၀၀၀၀)သိန်းကျပ်စီနှင့်ရိုးရိုးအောင်မြင်သူ ကျောင်း သား/သူ (၁၀)ဦးအား ဂုဏ်ပြုငွေ (၅၀၀၀၀)ကျပ်စီ အသီးသီးဂုဏ်ပြုခဲ့ပါသည်။

၎င်းနောက် အမက (၆) Camp တွင် G-12 စာမေးပွဲဖြေဆိုသူ ကျောင်းသား/သူများအား
ကြီးကြပ်သင်ကြားပေးခဲ့သူ ဆရာ/ဆရာမမျာအား ဂုဏ်ပြုချီးမြှင့်ငွေ (၁၀၀၀၀၀)ကျပ်၊ စုစုပေါင်း (၁၂၅၀၀၀၀)ကျပ် ချီးမြှင့်ခဲ့ကြောင်း သိရှိပါသည်။