ေျမာက္ကိုရီးယားအား န်ဴကလီးယားအင္အားႀကီးႏိုင္ငံတစ္ႏိုင္ငံအျဖစ္ အသိအမွတ္ျပဳရန္ လိုအပ္ဟု အေမရိကန္ အား ကင္ယိုဂ်ဳံေျပာ
ေျမာက္ကိုရီးယားအား န်ဴကလီးယားအင္အားႀကီးႏိုင္ငံတစ္ႏိုင္ငံအျဖစ္ အသိအမွတ္ျပဳရန္ လိုအပ္ဟု အေမရိကန္ အား ကင္ယိုဂ်ဳံေျပာ
======================
အေမရိကန္အစိုးရအေနျဖင့္ ေျမာက္ကိုရီးယားႏိုင္ငံအား န်ဴကလီးယားအင္အားႀကီး ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္လာေၾကာင္းကို အသိအမွတ္ျပဳရန္လိုအပ္သည္ဟု ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအြန္၏ ညီမျဖစ္သူ ကင္ယိုဂ်ဳံက ေျပာၾကားသည္ဟု KCNA သတင္းေအဂ်င္စီက ဇူလိုင္လ ၂၉ ရက္တြင္ ထုတ္ျပန္သည္။
ကင္ယိုဂ်ဳံသည္ လက္ရွိတြင္ ကိုရီးယားအလုပ္သမားမ်ားပါတီ၊ ဗဟိုေကာ္မတီ၏ ၫႊန္ၾကားေရးမႉးအျဖစ္ တာဝန္ထမ္းေဆာင္လ်က္ရွိၿပီး အေမရိကန္ အေနျဖင့္ အနာဂတ္ ကာလတြင္ က်င္းပမည့္ ေတြ႕ဆုံေဆြးေႏြးပြဲမ်ားတြင္ ေျမာက္ကိုရီးယားႏိုင္ငံအား န်ဴကလီးယား အင္အားႀကီးလက္နက္ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ အသိအမွတ္ျပဳ၍ ဆက္ဆံရမည္ျဖစ္ေၾကာင္း ၎က သတိေပးေျပာၾကားထားသည္။
ထို႔ျပင္ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအြန္ႏွင့္ အေမရိကန္သမၼတေဒၚနယ္ထရမ့္ တို႔အၾကား ပုဂၢိဳလ္ေရးအရ ခင္မင္မႈမ်ားကိုအသုံးခ်၍ ေျမာက္ကိုရီးယားႏိုင္ငံအား န်ဴကလီးယားဖ်က္သိမ္းရန္မႀကိဳးပမ္းသင့္ေၾကာင္း ကင္ယိုဂ်ဳံက ဆက္လက္သတိေပးထား သည္။
ေျမာက္ကိုရီးယားႏိုင္ငံ၏အဆိုပါရပ္တည္ခ်က္ကို ျငင္းဆိုမည့္ မည္သည့္ႀကိဳးပမ္း လုပ္ေဆာင္မႈကိုမဆို ေျမာက္ကိုရီးယားအစိုးရက ျငင္းပယ္မည္ျဖစ္ၿပီး မိမိတို႔အေနျဖင့္ ႏိုင္ငံ၏လက္ရွိရပ္တည္ခ်က္ကို ခုခံကာကြယ္ရန္အတြက္ ရႏိုင္သည့္ နည္းလမ္းမ်ားကို အသုံးျပဳမည္ျဖစ္ေၾကာင္း ကင္ယိုဂ်ဳံ က ဆက္လက္ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ေျမာက္ကိုရီးယားႏိုင္ငံသည္ လက္ရွိတြင္ န်ဴကလီးယား လက္နက္ေပါင္း ၅ဝ ခန႔္ကို ပိုင္ဆိုင္ထားသည္ဟု ယူဆရၿပီး အဆိုပါလက္နက္မ်ားသည္ ႏိုင္ငံအတြက္ အေရးပါသည့္ ကာကြယ္ တားဆီးေရးလက္နက္မ်ား အျဖစ္ယူဆလ်က္ ရွိသည္ဟု RT သတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။
မြောက်ကိုရီးယားအား နျူကလီးယားအင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုရန် လိုအပ်ဟု အမေရိကန် အား ကင်ယိုဂျုံပြော
======================
အမေရိကန်အစိုးရအနေဖြင့် မြောက်ကိုရီးယားနိုင်ငံအား နျူကလီးယားအင်အားကြီး နိုင်ငံတစ်နိုင်ငံ ဖြစ်လာကြောင်းကို အသိအမှတ်ပြုရန်လိုအပ်သည်ဟု မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်၏ ညီမဖြစ်သူ ကင်ယိုဂျုံက ပြောကြားသည်ဟု KCNA သတင်းအေဂျင်စီက ဇူလိုင်လ ၂၉ ရက်တွင် ထုတ်ပြန်သည်။
ကင်ယိုဂျုံသည် လက်ရှိတွင် ကိုရီးယားအလုပ်သမားများပါတီ၊ ဗဟိုကော်မတီ၏ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး အမေရိကန် အနေဖြင့် အနာဂတ် ကာလတွင် ကျင်းပမည့် တွေ့ဆုံဆွေးနွေးပွဲများတွင် မြောက်ကိုရီးယားနိုင်ငံအား နျူကလီးယား အင်အားကြီးလက်နက်နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြု၍ ဆက်ဆံရမည်ဖြစ်ကြောင်း ၎င်းက သတိပေးပြောကြားထားသည်။
ထို့ပြင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် တို့အကြား ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုများကိုအသုံးချ၍ မြောက်ကိုရီးယားနိုင်ငံအား နျူကလီးယားဖျက်သိမ်းရန်မကြိုးပမ်းသင့်ကြောင်း ကင်ယိုဂျုံက ဆက်လက်သတိပေးထား သည်။
မြောက်ကိုရီးယားနိုင်ငံ၏အဆိုပါရပ်တည်ချက်ကို ငြင်းဆိုမည့် မည်သည့်ကြိုးပမ်း လုပ်ဆောင်မှုကိုမဆို မြောက်ကိုရီးယားအစိုးရက ငြင်းပယ်မည်ဖြစ်ပြီး မိမိတို့အနေဖြင့် နိုင်ငံ၏လက်ရှိရပ်တည်ချက်ကို ခုခံကာကွယ်ရန်အတွက် ရနိုင်သည့် နည်းလမ်းများကို အသုံးပြုမည်ဖြစ်ကြောင်း ကင်ယိုဂျုံ က ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံသည် လက်ရှိတွင် နျူကလီးယား လက်နက်ပေါင်း ၅ဝ ခန့်ကို ပိုင်ဆိုင်ထားသည်ဟု ယူဆရပြီး အဆိုပါလက်နက်များသည် နိုင်ငံအတွက် အရေးပါသည့် ကာကွယ် တားဆီးရေးလက်နက်များ အဖြစ်ယူဆလျက် ရှိသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။