ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဗဟိုအတြင္းေရးမႉး ဦးပိုက္ေထြး မင္းဘူးခရိုင္ႏွင့္ ၿမိဳ႕နယ္၊ ရပ္ေက်းပါတီဝင္မ်ားႏွင့္ ေတြ႕ဆုံ
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဗဟိုအတြင္းေရးမႉး ဦးပိုက္ေထြး မင္းဘူးခရိုင္ႏွင့္ ၿမိဳ႕နယ္၊ ရပ္ေက်းပါတီဝင္မ်ားႏွင့္ ေတြ႕ဆုံ
========================
မင္းဘူး ဇူလိုင္ ၃၀
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ
ဗဟိုအတြင္းေရးမႉး ဦးပိုက္ေထြး မင္းဘူးခရိုင္ႏွင့္
ၿမိဳ႕နယ္၊ ရပ္ေက်းပါတီဝင္မ်ားႏွင့္ ေတြ႕ဆုံပြဲကို
မင္းဘူးၿမိဳ႕နယ္ပါတီ႐ုံးခန္းမ၌ ျပဳလုပ္ခဲ့ပါသည္။
အဆိုပါေတြ႕ဆုံပြဲသို႔ ဗဟိုအတြင္းေရးမႉး
ဦးပိုက္ေထြး၊ ဗဟိုအလုပ္အမႈေဆာင္ မေကြးတိုင္းေဒသႀကီး ပါတီဥကၠ႒ ေဒါက္တာေမာင္ေမာင္ေဌး၊ မေကြးတိုင္းေဒသႀကီးပါတီမွ အတြင္းေရးမႉး ဦးဆန္းၫြန့္ေအာင္၊ ဘ႑ာေရးမႉး ဦးၾကည္ထြန္း၊ တိုင္းပါတီေကာ္မတီဝင္မ်ား၊ခရိုင္ပါတီမွ ဥကၠ႒
ဦးစိန္ေ႐ႊမင္း၊ အတြင္းေရးမႉး ဦးတင္ဝင္း၊ ဘ႑ာေရးမႉး ဦးေက်ာ္ခိုင္မိုး၊ မင္းဘူးၿမိဳ႕နယ္ပါတီမွ ဥကၠ႒ ဦးေက်ာ္ဝင္းျမင့္၊ အတြင္းေရးမႉး ေဒၚစပယ္မင္း၊ ဘ႑ာေရးမႉး ဦးပန္းစိန္၊ ၿမိဳ႕နယ္ပါတီေကာ္မတီ နယ္ေျမတာဝန္ခံမ်ား၊ ၿမိဳ႕နယ္ေကာ္မတီဝင္မ်ား၊ ရပ္ေက်းပါတီဥကၠ႒ႏွင့္ အဖြဲ႕ဝင္မ်ား၊ ရပ္ေက်းပါတီဝင္မ်ား တက္ေရာက္ၾကပါသည္။
ေတြဆုံပြဲတြင္ ပါတီဗဟိုအတြင္းေရးမႉးႏွင့္ တိုင္းပါတီဥကၠ႒တို႔က ေ႐ြးေကာက္ပြဲဆိုင္ရာလုပ္ငန္းစဥ္မ်ားအေၾကာင္း၊ ဇူလိုင္ ၂၉ ရက္ေန႕က ထြက္ရွိသည့္ လႊတ္ေတာ္ ေ႐ြးေကာက္ပြဲဆိုင္ရာဥပေဒမ်ားျပင္ဆင္သည့္အေၾကာင္းႏွင့္ ပါတီအဆင့္ဆင့္ရွိ ေကာ္မတီဝင္မ်ား ေဆာင္႐ြက္ရန္လုပ္ငန္းမ်ားကို လမ္းၫႊန္မွာၾကားခဲ့ၿပီး အခမ္းအနားကို နံနက္ ၁၁း၃၅ နာရီ အခ်ိန္တြင္ ရပ္နားခဲ့ေၾကာင္း သတင္းရရွိပါသည္
=======++++++=======
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး မင်းဘူးခရိုင်နှင့် မြို့နယ်၊ ရပ်ကျေးပါတီဝင်များနှင့် တွေ့ဆုံ
========================
မင်းဘူး ဇူလိုင် ၃၀
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး မင်းဘူးခရိုင်နှင့်
မြို့နယ်၊ ရပ်ကျေးပါတီဝင်များနှင့် တွေ့ဆုံပွဲကို
မင်းဘူးမြို့နယ်ပါတီရုံးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဗဟိုအတွင်းရေးမှူး
ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ မကွေးတိုင်းဒေသကြီးပါတီမှ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ တိုင်းပါတီကော်မတီဝင်များ၊ခရိုင်ပါတီမှ ဥက္ကဋ္ဌ
ဦးစိန်ရွှေမင်း၊ အတွင်းရေးမှူး ဦးတင်ဝင်း၊ ဘဏ္ဍာရေးမှူး ဦးကျော်ခိုင်မိုး၊ မင်းဘူးမြို့နယ်ပါတီမှ ဥက္ကဋ္ဌ ဦးကျော်ဝင်းမြင့်၊ အတွင်းရေးမှူး ဒေါ်စပယ်မင်း၊ ဘဏ္ဍာရေးမှူး ဦးပန်းစိန်၊ မြို့နယ်ပါတီကော်မတီ နယ်မြေတာဝန်ခံများ၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကျေးပါတီဝင်များ တက်ရောက်ကြပါသည်။
တွေဆုံပွဲတွင် ပါတီဗဟိုအတွင်းရေးမှူးနှင့် တိုင်းပါတီဥက္ကဋ္ဌတို့က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဥ်များအကြောင်း၊ ဇူလိုင် ၂၉ ရက်နေ့က ထွက်ရှိသည့် လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာဥပဒေများပြင်ဆင်သည့်အကြောင်းနှင့် ပါတီအဆင့်ဆင့်ရှိ ကော်မတီဝင်များ ဆောင်ရွက်ရန်လုပ်ငန်းများကို လမ်းညွှန်မှာကြားခဲ့ပြီး အခမ်းအနားကို နံနက် ၁၁း၃၅ နာရီ အချိန်တွင် ရပ်နားခဲ့ကြောင်း သတင်းရရှိပါသည်။