


==========================

ဇူလိုင် ၂၉ မကွေး






=======+++++======

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ

ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမကွေးတိုင်းဒေသကြီး တိုင်း၊ခရိုင်၊မြို့နယ်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

==========================

ဇူလိုင် ၂၉ မကွေး

 

မကွေးတိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးသည် တိုင်းခရိုင်မြို့နယ်ပါတီကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ကော်မတီဝင်များနှင့်တွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။

 

အခမ်းအနား သို့ ဗဟိုအတွင်းရေးမှူးနှင့်အတူ

ဗဟိုအလုပ်အမှုဆောင်၊တိုင်းပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊တိုင်းအတွင်းရေးမှူးဦးဆန်းညွန့်အောင်၊ နှင့်တိုင်းကော်မတီဝင်များ တက်ရောက်ကြပါသည်။

 

အခမ်းအနားတွင် ဗဟိုအတွင်းရေးမှူးမှ

ပါတီဥက္ကဌကြီး၏ လမ်းညွှန်ချက်များ၊ စည်းရုံးရေးလုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား ရှင်းလင်းမှာကြားကာ တက်ရောက်လာသူများမှ ဒေသအခြေအနေများ ပါတီလုပ်ငန်းစဥ်များအား ဆွေးနွေးခဲ့ကြပြီးဗဟိုအတွင်းရေးမှူးများလိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသတင်းရရှိပါသည်။