===========================
ဘားအံ ဇူလိုင် ၂၈
======+++++=======
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ဗဟိုအတွင်းရေးမှူးဦးသူရိန်ဇော်ပြည်နယ်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံပြီးအမှတ်(၅)ရပ်ကွက်ရေဘေးကယ်ဆယ်ကူညီရေးစခန်းသို့အသင့်စားခေါက်ဆွဲဖာများလှူဒါန်း
===========================
ဘားအံ ဇူလိုင် ၂၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ဗဟိုအတွင်းရေးမှူးဦးသူရိန်ဇော်သည်ဇူလိုင်လ
(၂၈)ရက်နေ့ကဒေါနခန်းမတွင်ကရင်ပြည်နယ်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံပြီးရွေးကောက်ပွဲအတွက်ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များနှင့်
ရှေ့လုပ်ငန်းစဥ်များအားဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ပြည်နယ်ပါတီအတွင်းရေးမှူး
ဦးစန်းကိုမှကရင်ပြည်နယ်ပါတီ၏လုပ်ငန်းဆောင်ရွက်ထားမှုအခြေအနေများ၊ဆက်လက်လုပ်ဆောင်သွားမည့်လုပ်ငန်းစဥ်များအား ဆွေးနွေးခဲ့ပြီးပြည်နယ်ပါတီဥက္ကဌဒေါ်နန်းနီနီအေးမှလိုအပ်ချက်များဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။
၎င်းနောက်ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့သည်
ဘားအံမြို့၊အမှတ်(၅)ရပ်ကွက်ရှိအထက(၃)
ရေဘေးကယ်ဆယ်ကူညီရေးစခန်းသို့
သွားရောက်ကာရေဘေးသင့်ပြည်သူများအားတွေ့ဆုံအားပေးစကားပြောကြားပြီးရေဘေယသင့်ပြည်သူ(၁၃၉၈)ဦးအတွက်အသင့်စားခေါက်ဆွဲဖာများလှူဒါန်းခဲ့ပါသည်။