ယူ-၂၃ ခ်န္ပီယံရွစ္မွာ ဗီယက္နမ္ ယူ-၂၃ အသင္း (၃) ႀကိမ္ဆက္ ခ်န္ပီယံ အျဖစ္ ဗိုလ္စြဲ

ယူ-၂၃ ခ်န္ပီယံရွစ္မွာ ဗီယက္နမ္ ယူ-၂၃ အသင္း (၃) ႀကိမ္ဆက္ ခ်န္ပီယံ အျဖစ္ ဗိုလ္စြဲ
——————————————
ပြဲခ်ိန္ ၃၇ မိနစ္မွာ သြင္းယူခဲ့တဲ့ ငုယင္ေကာင္ေပါင္ရဲ႕ တစ္လုံးတည္းေသာ အႏိုင္ဂိုးနဲ႔ဘဲ ဗီယက္နမ္ ယူ-၂၃ အသင္းကေတာ့ အာဆီယံ ယူ-၂၃ ခ်န္ပီယံရွစ္မွာ ေနာက္ထပ္ တစ္ႀကိမ္ ဗိုလ္စြဲသြားခဲ့ပါတယ္။

ဒါေၾကာင့္ဘဲ သူတို႔ဟာ အာဆီယံ ယူ-၂၃ ခ်န္ပီယံရွစ္ သမိုင္းမွာ ပထမဆုံး (၃) ႏွစ္ဆက္ ခ်န္ပီယံ အျဖစ္ အေအာင္ျမင္ဆုံး မွတ္တိုင္ကို စိုက္ထူႏိုင္ခဲ့ပါတယ္။

ဗိုလ္လုပြဲ အႏိုင္နဲ႔ အတူ ဗီယက္နမ္ အသင္းကေတာ့ အာဆီယံ ယူ-၂၃ ခ်န္ပီယံရွစ္ သမိုင္းမွာ ေနာက္ဆုံး (၁၃) ပြဲ ဆက္ ရႈံးပြဲ မရွိ ကစားထားႏိုင္ခဲ့တဲ့ စံခ်ိန္မွတ္တမ္းကိုပါ ပိုင္ဆိုင္သြားခဲ့ေၾကာင္း သိရပါတယ္။


ယူ-၂၃ ချန်ပီယံရှစ်မှာ ဗီယက်နမ် ယူ-၂၃ အသင်း (၃) ကြိမ်ဆက် ချန်ပီယံ အဖြစ် ဗိုလ်စွဲ
——————————————
ပွဲချိန် ၃၇ မိနစ်မှာ သွင်းယူခဲ့တဲ့ ငုယင်ကောင်ပေါင်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးနဲ့ဘဲ ဗီယက်နမ် ယူ-၂၃ အသင်းကတော့ အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်မှာ နောက်ထပ် တစ်ကြိမ် ဗိုလ်စွဲသွားခဲ့ပါတယ်။

ဒါကြောင့်ဘဲ သူတို့ဟာ အာဆီယံ ယူ-၂၃ ချန်ပီယံရှစ် သမိုင်းမှာ ပထမဆုံး (၃) နှစ်ဆက် ချန်ပီယံ အဖြစ် အအောင်မြင်ဆုံး မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ပါတယ်။

ဗိုလ်လုပွဲ အနိုင်နဲ့ အတူ ဗီယက်နမ် အသင်းကတော့ အာဆီယံ ယူ-၂၃ ချန်ပီယံရှစ် သမိုင်းမှာ နောက်ဆုံး (၁၃) ပွဲ ဆက် ရှုံးပွဲ မရှိ ကစားထားနိုင်ခဲ့တဲ့ စံချိန်မှတ်တမ်းကိုပါ ပိုင်ဆိုင်သွားခဲ့ကြောင်း သိရပါတယ်။