႐ုရွားႏိုင္ငံႏွင့္စပ္လ်ဥ္း၍ ကုလသမဂၢလုံၿခဳံေရးေကာင္စီေဆြးေႏြးပြဲ၌ အေမရိကန္ႏွင့္တ႐ုတ္ႏိုင္ငံတို႔ၾကား အေခ်အတင္ ျဖစ္ပြား

႐ုရွားႏိုင္ငံႏွင့္စပ္လ်ဥ္း၍ ကုလသမဂၢလုံၿခဳံေရးေကာင္စီေဆြးေႏြးပြဲ၌ အေမရိကန္ႏွင့္တ႐ုတ္ႏိုင္ငံတို႔ၾကား အေခ်အတင္ ျဖစ္ပြား
===========================
အေမရိကန္ျပည္ေထာင္စုႏွင့္တ႐ုတ္ႏိုင္ငံတို႔သည္ ႐ုရွားႏိုင္ငံႏွင့္စပ္လ်ဥ္း၍ ကုလသမဂၢ လုံၿခဳံေရးေကာင္စီေဆြးေႏြး ပြဲ၌ အေခ်အတင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အေမရိကန္ႏွင့္တ႐ုတ္ႏိုင္ငံတို႔သည္ ၿပီးခဲ့သည့္ရက္သတၱပတ္အကုန္ပိုင္းက က်င္းပသည့္ ကုလသမဂၢလုံၿခဳံေရးေကာင္စီေဆြးေႏြးပြဲ၌ အေခ်အတင္၊ အျငင္းအခုံ ျဖစ္ပြားျခင္းျဖစ္ၿပီး တ႐ုတ္ႏိုင္ငံသည္ ႐ုရွားႏိုင္ငံအား လွ်ိဳ႕ဝွက္စြာအကူအညီေပးလ်က္ရွိသည္ဟု ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ ေဒါေရာသီရွီးက စြပ္စြဲ ေျပာၾကားၿပီးေနာက္ ႏွစ္ႏိုင္ငံၾကား အေခ်အတင္ျဖစ္ပြားျခင္း ျဖစ္သည္။

ထို႔ျပင္႐ုရွားႏိုင္ငံက ယူကရိန္းႏိုင္ငံအတြင္း လုပ္ေဆာင္ေနသည့္ ရန္လိုမႈမ်ားကို ရပ္တန႔္ေပးရန္ ေဒါေရာသီရွီး က တ႐ုတ္ႏိုင္ငံအား ေတာင္းဆိုခဲ့ေၾကာင္း သိရသည္။

အဆိုပါေျပာဆိုခ်က္မ်ားကို တ႐ုတ္ႏိုင္ငံက ျငင္းဆိုခဲ့ၿပီး ယူကရိန္းပဋိပကၡအား တ႐ုတ္ႏိုင္ငံက စတင္ခဲ့ျခင္းမဟုတ္ေၾကာင္း၊ ထို႔ျပင္ပဋိပကၡတြင္ ပါဝင္ေနျခင္းမရွိေၾကာင္း၊ အဆိုပါပဋိပကၡတြင္ အသုံးျပဳရန္အတြက္ လက္နက္ခဲယမ္းမ်ားကိုလည္း ေထာက္ပံ့ေပးေနျခင္းမရွိေၾကာင္း ကုလသမဂၢဆိုင္ရာ တ႐ုတ္လက္ေထာက္သံအမတ္ ကန္းရႈအမ္ က တုံ႔ျပန္ ေျပာၾကားသည္။

ထို႔အတူ အေမရိကန္ျပည္ေထာင္စုအေနျဖင့္ ယူကရိန္းအေရးတြင္ ႏွစ္ဦးႏွစ္ဖက္အၾကား အပစ္အခတ္ ရပ္စဲ ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား ျဖစ္ေျမာက္ေစေရးတြင္ အျပဳသေဘာေဆာင္သည့္ အခန္းက႑မွ ပိုမို ပါဝင္ၿပီး အျခားႏိုင္ငံမ်ား အေပၚအျပစ္တင္ျခင္းအားျဖင့္ ထိပ္တိုက္ရင္ဆိုင္မႈမ်ားဖန္တီးျခင္းကို ရပ္တန႔္သင့္ေၾကာင္း တ႐ုတ္ႏိုင္ငံက ဆက္လက္ တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။

တ႐ုတ္ကုမၸဏီမ်ားသည္ ႐ုရွားႏိုင္ငံအား အေနာက္ႏိုင္ငံမ်ားက ခ်မွတ္ထားသည့္ ပိတ္ဆို႔မႈမ်ားကို ေက်ာ္လႊားႏိုင္ေစရန္အတြက္ အကူအညီမ်ားေပးအပ္လ်က္ရွိၿပီး စစ္ေရးတြင္ အသုံးျပဳႏိုင္သည့္ နည္းပညာ မ်ားႏွင့္ပစၥည္းကိရိယာမ်ားကို ႐ုရွားႏိုင္ငံသို႔ ေပးပို႔လ်က္ရွိသည္ဟု အေမရိကန္အစိုးရကယူဆထားသည္။

သို႔ေသာ္ တ႐ုတ္ႏိုင္ငံသည္ ယူကရိန္းပဋိပကၡကို အဆုံးသတ္ႏိုင္ေရးအတြက္ ၾကားဝင္ဖ်န္ေျဖသည့္ အခန္းက႑မွပါဝင္ရန္ ကမ္းလွမ္းခဲ့သည့္အျပင္ ႐ုရွားအေပၚ အေနာက္ႏိုင္ငံမ်ားက ပိတ္ဆို႔မႈမ်ားခ်မွတ္ျခင္းသည္ ယူကရိန္းၿငိမ္းခ်မ္းေရးကို ျဖစ္ေပၚေစမည္မဟုတ္ဟု တုံ႔ျပန္ထားေၾကာင္း RT သတင္းဌာနေဖာ္ျပခ်က္အရသိရသည္။


ရုရှားနိုင်ငံနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆွေးနွေးပွဲ၌ အမေရိကန်နှင့်တရုတ်နိုင်ငံတို့ကြား အချေအတင် ဖြစ်ပွား
===========================
အမေရိကန်ပြည်ထောင်စုနှင့်တရုတ်နိုင်ငံတို့သည် ရုရှားနိုင်ငံနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆွေးနွေး ပွဲ၌ အချေအတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အမေရိကန်နှင့်တရုတ်နိုင်ငံတို့သည် ပြီးခဲ့သည့်ရက်သတ္တပတ်အကုန်ပိုင်းက ကျင်းပသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆွေးနွေးပွဲ၌ အချေအတင်၊ အငြင်းအခုံ ဖြစ်ပွားခြင်းဖြစ်ပြီး တရုတ်နိုင်ငံသည် ရုရှားနိုင်ငံအား လျှို့ဝှက်စွာအကူအညီပေးလျက်ရှိသည်ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ဒေါရောသီရှီးက စွပ်စွဲ ပြောကြားပြီးနောက် နှစ်နိုင်ငံကြား အချေအတင်ဖြစ်ပွားခြင်း ဖြစ်သည်။

ထို့ပြင်ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအတွင်း လုပ်ဆောင်နေသည့် ရန်လိုမှုများကို ရပ်တန့်ပေးရန် ဒေါရောသီရှီး က တရုတ်နိုင်ငံအား တောင်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါပြောဆိုချက်များကို တရုတ်နိုင်ငံက ငြင်းဆိုခဲ့ပြီး ယူကရိန်းပဋိပက္ခအား တရုတ်နိုင်ငံက စတင်ခဲ့ခြင်းမဟုတ်ကြောင်း၊ ထို့ပြင်ပဋိပက္ခတွင် ပါဝင်နေခြင်းမရှိကြောင်း၊ အဆိုပါပဋိပက္ခတွင် အသုံးပြုရန်အတွက် လက်နက်ခဲယမ်းများကိုလည်း ထောက်ပံ့ပေးနေခြင်းမရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်လက်ထောက်သံအမတ် ကန်းရှုအမ် က တုံ့ပြန် ပြောကြားသည်။

ထို့အတူ အမေရိကန်ပြည်ထောင်စုအနေဖြင့် ယူကရိန်းအရေးတွင် နှစ်ဦးနှစ်ဖက်အကြား အပစ်အခတ် ရပ်စဲ ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်မြောက်စေရေးတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပိုမို ပါဝင်ပြီး အခြားနိုင်ငံများ အပေါ်အပြစ်တင်ခြင်းအားဖြင့် ထိပ်တိုက်ရင်ဆိုင်မှုများဖန်တီးခြင်းကို ရပ်တန့်သင့်ကြောင်း တရုတ်နိုင်ငံက ဆက်လက် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်ကုမ္ပဏီများသည် ရုရှားနိုင်ငံအား အနောက်နိုင်ငံများက ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ကျော်လွှားနိုင်စေရန်အတွက် အကူအညီများပေးအပ်လျက်ရှိပြီး စစ်ရေးတွင် အသုံးပြုနိုင်သည့် နည်းပညာ များနှင့်ပစ္စည်းကိရိယာများကို ရုရှားနိုင်ငံသို့ ပေးပို့လျက်ရှိသည်ဟု အမေရိကန်အစိုးရကယူဆထားသည်။

သို့သော် တရုတ်နိုင်ငံသည် ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်ရေးအတွက် ကြားဝင်ဖျန်ဖြေသည့် အခန်းကဏ္ဍမှပါဝင်ရန် ကမ်းလှမ်းခဲ့သည့်အပြင် ရုရှားအပေါ် အနောက်နိုင်ငံများက ပိတ်ဆို့မှုများချမှတ်ခြင်းသည် ယူကရိန်းငြိမ်းချမ်းရေးကို ဖြစ်ပေါ်စေမည်မဟုတ်ဟု တုံ့ပြန်ထားကြောင်း RT သတင်းဌာနဖော်ပြချက်အရသိရသည်။