စိမ္းလဲ့ေျမဆန္စက္မွာ ဆိုလာစြမ္းအင္နဲ႔ စတင္လည္ပတ္
စိမ္းလဲ့ေျမဆန္စက္မွာ ဆိုလာစြမ္းအင္နဲ႔ စတင္လည္ပတ္
======================
ဧရာဝတီတိုင္းေဒသႀကီး၊ ေညာင္တုန္းၿမိဳ႕ရွိ စိမ္းလဲ့ေျမဆန္စက္မွာ ကနဦး Solar တပ္ဆင္အင္အား 487kWp ကို တပ္ဆင္ခဲ့ကာ စတင္လည္ပတ္ခဲ့ေနၿပီျဖစ္တယ္လို႔ သိရပါတယ္။
အဆိုပါ ဆိုလာတပ္ဆင္ျခင္းကို ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ရဲ႕ ဦးေဆာင္မႈနဲ႔ ဆန္စက္ႏွင့္ သိုေလွာင္႐ုံ မ်ားမွာ Solar Power System ျဖင့္ ေပါင္းစပ္လည္ပတ္ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေနတာ ျဖစ္ပါတယ္။
ပို႔ကုန္လုပ္ငန္းေဆာင္႐ြက္ေနတဲ့ ကုမၸဏီႀကီးမ်ား၏ ဆန္စက္မ်ားတြင္ Solar Energy ေနေရာင္ျခည္ စြမ္းအင္ကို ေပါင္းစပ္သုံးစြဲျခင္းျဖင့္ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္ကို အသုံးျပဳ၍စဥ္ဆက္မျပတ္ ဆန္စပါး ထုတ္လုပ္ ႏိုင္ရန္ရည္႐ြယ္ၿပီး အသင္းခ်ဳပ္က ဆိုလာစြမ္းအင္ႏွင့္ ဆက္စပ္ပစၥည္းမ်ား တင္သြင္း၊ ျဖန႔္ခ်ိ၊ တပ္ဆင္သည့္ ကုမၸဏီ ၁၇ ခု ႏွင့္ MOUလက္မွတ္ ေရးထိုးထားခဲ့ပါတယ္။
ဆိုလာတပ္ဆင္မည့္ ဆန္စက္ ၂၈ စက္ (စုစုေပါင္း တပ္ဆင္အင္အား ၄၁ ဒသမ ၉ မဂၢါဝပ္)ကို ၂၀၂၅ခုႏွစ္ မတ္လမွစတင္၍ ကနဦးစူးစမ္းေလ့လာေရး၊ တည္ေဆာက္တပ္ဆင္ေရးတို႔ကို ေဆာင္႐ြက္လ်က္ရွိၿပီး က်န္ဆန္စက္ မ်ားအေနျဖင့္လည္း တည္ေဆာက္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေနၿပီး မၾကာမီလွ်ပ္စစ္ထုတ္လုပ္မႈ စတင္ႏိုင္ေတာ့ မည္ျဖစ္ေၾကာင္း သိရပါတယ္။
စိမ်းလဲ့မြေဆန်စက်မှာ ဆိုလာစွမ်းအင်နဲ့ စတင်လည်ပတ်
======================
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့ရှိ စိမ်းလဲ့မြေဆန်စက်မှာ ကနဦး Solar တပ်ဆင်အင်အား 487kWp ကို တပ်ဆင်ခဲ့ကာ စတင်လည်ပတ်ခဲ့နေပြီဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ဆိုလာတပ်ဆင်ခြင်းကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ဦးဆောင်မှုနဲ့ ဆန်စက်နှင့် သိုလှောင်ရုံ များမှာ Solar Power System ဖြင့် ပေါင်းစပ်လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိနေတာ ဖြစ်ပါတယ်။
ပို့ကုန်လုပ်ငန်းဆောင်ရွက်နေတဲ့ ကုမ္ပဏီကြီးများ၏ ဆန်စက်များတွင် Solar Energy နေရောင်ခြည် စွမ်းအင်ကို ပေါင်းစပ်သုံးစွဲခြင်းဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြု၍စဉ်ဆက်မပြတ် ဆန်စပါး ထုတ်လုပ် နိုင်ရန်ရည်ရွယ်ပြီး အသင်းချုပ်က ဆိုလာစွမ်းအင်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း၊ ဖြန့်ချိ၊ တပ်ဆင်သည့် ကုမ္ပဏီ ၁၇ ခု နှင့် MOUလက်မှတ် ရေးထိုးထားခဲ့ပါတယ်။
ဆိုလာတပ်ဆင်မည့် ဆန်စက် ၂၈ စက် (စုစုပေါင်း တပ်ဆင်အင်အား ၄၁ ဒသမ ၉ မဂ္ဂါဝပ်)ကို ၂၀၂၅ခုနှစ် မတ်လမှစတင်၍ ကနဦးစူးစမ်းလေ့လာရေး၊ တည်ဆောက်တပ်ဆင်ရေးတို့ကို ဆောင်ရွက်လျက်ရှိပြီး ကျန်ဆန်စက် များအနေဖြင့်လည်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး မကြာမီလျှပ်စစ်ထုတ်လုပ်မှု စတင်နိုင်တော့ မည်ဖြစ်ကြောင်း သိရပါတယ်။