၂၀၂၅ ဖီဖာကလပ္ ကမာၻ႔ဖလားခ်န္ပီယံ ခ်ယ္လ္ဆီးအသင္းအေနျဖင့္ လာမည့္ၿပိဳင္ပြဲတြင္ တိုက္႐ိုက္ဝင္ခြင့္ရရွိမည္မဟုတ္
၂၀၂၅ ဖီဖာကလပ္ ကမာၻ႔ဖလားခ်န္ပီယံ ခ်ယ္လ္ဆီးအသင္းအေနျဖင့္ လာမည့္ၿပိဳင္ပြဲတြင္ တိုက္႐ိုက္ဝင္ခြင့္ရရွိမည္မဟုတ္
===========================
၂၀၂၅ ဖီဖာကလပ္ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ခ်န္ပီယံ ဆုဆြတ္ခူးႏိုင္ခဲ့သည့္ ခ်ယ္လ္ဆီးအသင္းအေနျဖင့္ လာမည့္ ၂၀၂၉ ဖီဖာကလပ္ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ တိုက္႐ိုက္ဝင္ခြင့္ရရွိမည္မဟုတ္ေၾကာင္း သိရသည္။
ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္က ဖီဖာကလပ္ကမာၻ႔ ဖလားၿပိဳင္ပြဲကို ယခုႏွစ္ၿပိဳင္ပြဲမွစတင္၍ ပုံစံသစ္ျဖင့္ က်င္းပခဲ့ကာၿပိဳင္ပြဲဝင္အသင္းအေရအတြက္တိုးျမႇင့္ၿပီး ၿပိဳင္ပြဲဝင္အသင္း ၃၂ သင္းျဖင့္က်င္းပခဲ့ျခင္းျဖစ္ ကာ ယခုႏွစ္ၿပိဳင္ပြဲတြင္ ခ်ယ္လ္ဆီးအသင္းက ဗိုလ္လုပြဲ၌ ပီအက္စ္ဂ်ီအသင္းကို ၃ ဂိုး-ဂိုးမရွိျဖင့္ ဂိုးျပတ္အႏိုင္ရရွိၿပီး ခ်န္ပီယံဆုဆြတ္ခူးႏိုင္ခဲ့ျခင္းျဖစ္သည္။
ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္က ပုံစံသစ္ျဖင့္က်င္းပခဲ့ သည့္ ဖီဖာကလပ္ ကမာၻ႔ဖလားၿပိဳင္ပြဲကို တိုက္ႀကီး မ်ားအလိုက္ ကလပ္အသင္းမ်ား ဝင္ခြင့္ကို သတ္မွတ္ထားၿပီး ဥေရာပတိုက္မွ ကလပ္အသင္း ၁၂ သင္း၊ ေတာင္အေမရိကတိုက္မွ ေျခာက္သင္း၊ အာရွတိုက္မွ ေလးသင္း၊ အာဖရိကတိုက္မွ ေလးသင္း၊ ကြန္ကာကပ္ဇ္ဇုန္မွ ေလးသင္း၊ သမုဒၵရာပိုင္းဇုန္မွ တစ္သင္းႏွင့္ အိမ္ရွင္အျဖစ္ လက္ခံက်င္းပသည့္ ႏိုင္ငံမွတစ္သင္း ဝင္ခြင့္ျပဳထားျခင္းျဖစ္သည္။
ဖီဖာကလပ္ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္၏သတ္မွတ္ခ်က္အရ ဥေရာပဇုန္မွ ၂၀၂၅ ခုႏွစ္မွ ၂၀၂၈ ခုႏွစ္အတြင္း ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတြင္ ခ်န္ပီယံဆုဆြတ္ခူးႏိုင္ခဲ့သည့္ ကလပ္အသင္း ေလးသင္းမွာ တိုက္႐ိုက္ဝင္ခြင့္ရရွိမည္ျဖစ္သည့္အတြက္ ယခုႏွစ္တြင္ ခ်န္ပီယံလိဂ္ဖလား ဆြတ္ခူးႏိုင္ခဲ့သည့္ ပီအက္စ္ဂ်ီအသင္းႏွင့္ ၂၀၂၆ ခုႏွစ္ ၂၀၂၇ ခုႏွစ္ႏွင့္ ၂၀၂၈ ခုႏွစ္တို႔တြင္ ခ်န္ပီယံဆုဆြတ္ခူးႏိုင္မည့္အသင္းမ်ားအေနျဖင့္ တိုက္႐ိုက္ဝင္ခြင့္ရရွိမည္ျဖစ္သည္။
အလားတူ ဥေရာပဇုန္မွ လက္က်န္ရွစ္ေနရာ အတြက္ ၂၀၂၈ ခုႏွစ္တြင္ ဥေရာပကလပ္အဆင့္ သတ္မွတ္ခ်က္ အဆင့္ (၁) မွ အဆင့္ (၈) ေနရာ၌ ရပ္တည္သည့္ အသင္းရွစ္သင္းကလည္း တိုက္႐ိုက္ ဝင္ခြင့္ရရွိမည္ျဖစ္ၿပီး လက္ရွိတြင္ ခ်ယ္လ္ဆီးအသင္း က ဥေရာပအဆင့္သတ္မွတ္ခ်က္(၁၄)ေနရာ၌ ရပ္ တည္ေနသည့္အတြက္ လက္ရွိခ်န္ပီယံအသင္းျဖစ္ ေသာ္လည္း ၂၀၂၈ ခုႏွစ္တြင္ အဆင့္(၈) ေနရာအတြင္း မဝင္ေရာက္ႏိုင္လွ်င္ေသာ္လည္းေကာင္း၊ ခ်န္ပီယံလိဂ္ ဖလားဆြတ္ခူးႏိုင္ျခင္း မရွိလွ်င္ေသာ္ လည္းေကာင္း ၿပိဳင္ပြဲဝင္ခြင့္ႏွင့္ လြဲေခ်ာ္မည္ျဖစ္ေၾကာင္း သိရသည္။
Ref;Goal.com
၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလားချန်ပီယံ ချယ်လ်ဆီးအသင်းအနေဖြင့် လာမည့်ပြိုင်ပွဲတွင် တိုက်ရိုက်ဝင်ခွင့်ရရှိမည်မဟုတ်
===========================
၂၀၂၅ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံ ဆုဆွတ်ခူးနိုင်ခဲ့သည့် ချယ်လ်ဆီးအသင်းအနေဖြင့် လာမည့် ၂၀၂၉ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တိုက်ရိုက်ဝင်ခွင့်ရရှိမည်မဟုတ်ကြောင်း သိရသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ဖီဖာကလပ်ကမ္ဘာ့ ဖလားပြိုင်ပွဲကို ယခုနှစ်ပြိုင်ပွဲမှစတင်၍ ပုံစံသစ်ဖြင့် ကျင်းပခဲ့ကာပြိုင်ပွဲဝင်အသင်းအရေအတွက်တိုးမြှင့်ပြီး ပြိုင်ပွဲဝင်အသင်း ၃၂ သင်းဖြင့်ကျင်းပခဲ့ခြင်းဖြစ် ကာ ယခုနှစ်ပြိုင်ပွဲတွင် ချယ်လ်ဆီးအသင်းက ဗိုလ်လုပွဲ၌ ပီအက်စ်ဂျီအသင်းကို ၃ ဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိပြီး ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပုံစံသစ်ဖြင့်ကျင်းပခဲ့ သည့် ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ကြီး များအလိုက် ကလပ်အသင်းများ ဝင်ခွင့်ကို သတ်မှတ်ထားပြီး ဥရောပတိုက်မှ ကလပ်အသင်း ၁၂ သင်း၊ တောင်အမေရိကတိုက်မှ ခြောက်သင်း၊ အာရှတိုက်မှ လေးသင်း၊ အာဖရိကတိုက်မှ လေးသင်း၊ ကွန်ကာကပ်ဇ်ဇုန်မှ လေးသင်း၊ သမုဒ္ဒရာပိုင်းဇုန်မှ တစ်သင်းနှင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် နိုင်ငံမှတစ်သင်း ဝင်ခွင့်ပြုထားခြင်းဖြစ်သည်။
ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏သတ်မှတ်ချက်အရ ဥရောပဇုန်မှ ၂၀၂၅ ခုနှစ်မှ ၂၀၂၈ ခုနှစ်အတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည့် ကလပ်အသင်း လေးသင်းမှာ တိုက်ရိုက်ဝင်ခွင့်ရရှိမည်ဖြစ်သည့်အတွက် ယခုနှစ်တွင် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့သည့် ပီအက်စ်ဂျီအသင်းနှင့် ၂၀၂၆ ခုနှစ် ၂၀၂၇ ခုနှစ်နှင့် ၂၀၂၈ ခုနှစ်တို့တွင် ချန်ပီယံဆုဆွတ်ခူးနိုင်မည့်အသင်းများအနေဖြင့် တိုက်ရိုက်ဝင်ခွင့်ရရှိမည်ဖြစ်သည်။
အလားတူ ဥရောပဇုန်မှ လက်ကျန်ရှစ်နေရာ အတွက် ၂၀၂၈ ခုနှစ်တွင် ဥရောပကလပ်အဆင့် သတ်မှတ်ချက် အဆင့် (၁) မှ အဆင့် (၈) နေရာ၌ ရပ်တည်သည့် အသင်းရှစ်သင်းကလည်း တိုက်ရိုက် ဝင်ခွင့်ရရှိမည်ဖြစ်ပြီး လက်ရှိတွင် ချယ်လ်ဆီးအသင်း က ဥရောပအဆင့်သတ်မှတ်ချက်(၁၄)နေရာ၌ ရပ် တည်နေသည့်အတွက် လက်ရှိချန်ပီယံအသင်းဖြစ် သော်လည်း ၂၀၂၈ ခုနှစ်တွင် အဆင့်(၈) နေရာအတွင်း မဝင်ရောက်နိုင်လျှင်သော်လည်းကောင်း၊ ချန်ပီယံလိဂ် ဖလားဆွတ်ခူးနိုင်ခြင်း မရှိလျှင်သော် လည်းကောင်း ပြိုင်ပွဲဝင်ခွင့်နှင့် လွဲချော်မည်ဖြစ်ကြောင်း သိရသည်။
Ref;Goal.com