ျမန္မာ့လက္ေ႐ြးစင္ ေတာင္ပံတိုက္စစ္ကစားသမား ဟိန္းထက္ေအာင္ကို ရန္ကုန္ယူႏိုက္တက္အသင္း ေခၚယူ

ျမန္မာ့လက္ေ႐ြးစင္ ေတာင္ပံတိုက္စစ္ကစားသမား ဟိန္းထက္ေအာင္ကို ရန္ကုန္ယူႏိုက္တက္အသင္း ေခၚယူ
=======================
ျမန္မာေနရွင္နယ္လိဂ္ကလပ္ ရန္ကုန္ယူႏိုက္တက္အသင္းဟာ ျမန္မာ့လက္ေ႐ြးစင္ ေတာင္ပံတိုက္စစ္ကစားသမား ဟိန္းထက္ေအာင္ကို တစ္ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူလိုက္ၿပီျဖစ္ေၾကာင္း ဇူလိုင္ ၂၄ ရက္က တရားဝင္သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဟိန္းထက္ေအာင္ဟာ မေလးရွားကလပ္ ကီလန္တန္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီမႈရၿပီးမွ အေျပာင္းအေ႐ႊ႕ပ်က္ျပယ္ခဲ့လို႔ ရန္ကုန္ယူႏိုက္တက္အသင္းကို ေရာက္ရွိလာတာျဖစ္ပါတယ္။

ျမန္မာေဘာလုံးအကယ္ဒမီက ထြက္ေပၚလာၿပီး ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝကို ဟံသာဝတီယူႏိုက္တက္အသင္းမွာ စတင္ခဲ့တဲ့ ဟိန္းထက္ေအာင္ဟာ ၂၀၂၁ ခုႏွစ္ကတည္းက မေလးရွားကလပ္ေတြမွာ သြားေရာက္ကစားေနတာျဖစ္ပါတယ္။

ဟိန္းထက္ေအာင္ဟာ မေလးရွားကလပ္ ဆီလန္ေဂါအသင္းမွာ ၂၀၂၁ ကေန ၂၀၂၄-၂၀၂၅ ရာသီကုန္အထိ ကစားခဲ့တာျဖစ္ၿပီး ေနာက္ဆုံးႏွစ္ရာသီမွာေတာ့ မေလးရွားကလပ္ နီဂ်ီရီဆီဘန္လမ္အသင္းမွာ အငွားစာခ်ဳပ္နဲ႔ သြားေရာက္ကစားခဲ့တာျဖစ္ပါတယ္။

MNL League Cup ၿပိဳင္ပြဲမတိုင္ခင္ကတည္းက လက္ေ႐ြးစင္အဆင့္ ျပည္တြင္းကစားသမားေတြ၊ ႏိုင္ငံျခားသားကစားသမားေတြ ေခၚယူခဲ့တဲ့ ရန္ကုန္ယူႏိုက္တက္အသင္းဟာ ခ်န္ပီယံဆုရရွိၿပီးေနာက္ပိုင္း အသင္းအင္အားပိုေတာင့္တင္းလာေအာင္ အားျဖည့္မႈေတြ ထပ္မံျပဳလုပ္ေနတာျဖစ္ပါတယ္။


မြန်မာ့လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဟိန်းထက်အောင်ကို ရန်ကုန်ယူနိုက်တက်အသင်း ခေါ်ယူ
=======================
မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းဟာ မြန်မာ့လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဟိန်းထက်အောင်ကို တစ်နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ဇူလိုင် ၂၄ ရက်က တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဟိန်းထက်အောင်ဟာ မလေးရှားကလပ် ကီလန်တန်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရပြီးမှ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့လို့ ရန်ကုန်ယူနိုက်တက်အသင်းကို ရောက်ရှိလာတာဖြစ်ပါတယ်။

မြန်မာဘောလုံးအကယ်ဒမီက ထွက်ပေါ်လာပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဟံသာဝတီယူနိုက်တက်အသင်းမှာ စတင်ခဲ့တဲ့ ဟိန်းထက်အောင်ဟာ ၂၀၂၁ ခုနှစ်ကတည်းက မလေးရှားကလပ်တွေမှာ သွားရောက်ကစားနေတာဖြစ်ပါတယ်။

ဟိန်းထက်အောင်ဟာ မလေးရှားကလပ် ဆီလန်ဂေါအသင်းမှာ ၂၀၂၁ ကနေ ၂၀၂၄-၂၀၂၅ ရာသီကုန်အထိ ကစားခဲ့တာဖြစ်ပြီး နောက်ဆုံးနှစ်ရာသီမှာတော့ မလေးရှားကလပ် နီဂျီရီဆီဘန်လမ်အသင်းမှာ အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့တာဖြစ်ပါတယ်။

MNL League Cup ပြိုင်ပွဲမတိုင်ခင်ကတည်းက လက်ရွေးစင်အဆင့် ပြည်တွင်းကစားသမားတွေ၊ နိုင်ငံခြားသားကစားသမားတွေ ခေါ်ယူခဲ့တဲ့ ရန်ကုန်ယူနိုက်တက်အသင်းဟာ ချန်ပီယံဆုရရှိပြီးနောက်ပိုင်း အသင်းအင်အားပိုတောင့်တင်းလာအောင် အားဖြည့်မှုတွေ ထပ်မံပြုလုပ်နေတာဖြစ်ပါတယ်။