ထိုင္း-ကေမာၻဒီးယား နယ္စပ္တြင္အျပန္အလွန္တိုက္ခိုက္မႈျဖစ္ပြား၊ အရပ္သားမ်ား ေသဆုံးမႈရွိ

ထိုင္း-ကေမာၻဒီးယား နယ္စပ္တြင္အျပန္အလွန္တိုက္ခိုက္မႈျဖစ္ပြား၊ အရပ္သားမ်ား ေသဆုံးမႈရွိ
====================
ထိုင္းႏိုင္ငံႏွင့္ ကေမာၻဒီးယားႏိုင္ငံ နယ္စပ္တြင္ ယေန႔ ဇူလိုင္ ၂၄ ရက္ နံနက္ပိုင္းက ႏွစ္ႏိုင္ငံ တပ္မေတာ္အၾကား အျပန္အလွန္ ပစ္ခတ္တိုက္ခိုက္မႈ ျဖစ္ပြားခဲ့ၿပီး လူေသဆုံးမႈမ်ားရွိခဲ့ေၾကာင္း သတင္းဌာနမ်ား၏ ေဖာ္ျပခ်က္အရသိရသည္။

ထိုင္းသတင္းမ်ား၏ ေဖာ္ျပခ်က္အရ ကေမာၻဒီးယားႏိုင္ငံဘက္က BM-21 ေရာ့ကတ္ဒုံးက်ည္ျဖင့္ စတင္ ပစ္ခတ္မႈေၾကာင့္ ထိုင္းႏိုင္ငံ စီဆာကက္ျပည္နယ္၊ ကန္တာလာခ္ခ႐ိုင္ရွိ လူေနအိမ္မ်ား၊ 7-Eleven၊ ဆီဆိုင္ႏွင့္ ေဆး႐ုံသို႔ ဒုံးက်ည္မ်ား က်ေရာက္ေပါက္ကြဲခဲ့ၿပီး ေပါက္ကြဲမႈေၾကာင့္ ထိုင္းအရပ္သား ေသဆုံးမႈမ်ားရွိခဲ့ၿပီး ဒဏ္ရာ ရရွိသူမ်ားလည္းရွိေၾကာင္း သိရသည္။

ထိုင္းဘက္မွ ျဖန႔္ၾကက္ထား F-16 တိုက္ေလယာဥ္ ၆ စင္းထဲမွ ေလယာဥ္ တစ္စင္းသည္ ကေမာၻဒီးယားႏိုင္ငံရွိ စစ္ေရးပစ္မွတ္မ်ားကို ပစ္ခတ္တိုက္ခိုက္ကာ တုန႔္ျပန္လိုက္ေၾကာင္း ေျပာၾကား ထားသည္။

ကေမာၻဒီးယား ကာကြယ္ေရးဝန္ႀကီးဌာနက ထိုင္း F-16 တိုက္ေလယာဥ္တစ္စင္းသည္ ယူနက္စကို ကမာၻ႔ အေမြအႏွစ္ေနရာျဖစ္သည့္ ေရွးေဟာင္းဘုရားေက်ာင္းအနီး လမ္းေပၚတြင္ ဗုံးႏွစ္လုံးႀကဲခ်ခဲ့ေၾကာင္း အတည္ျပဳ ခဲ့သည္။

ရက္စက္ၾကမ္းၾကဳတ္ေသာ စစ္ေရးက်ဴးေက်ာ္မႈျဖစ္ေၾကာင္း ရႈတ္ခ်ခဲ့ၿပီး ထိုင္းႏိုင္ငံသည္ ႏိုင္ငံတကာဥပေဒကို ခ်ိဳးေဖာက္ခဲ့ေၾကာင္း ကေမာၻဒီယားက စြပ္စြဲေျပာဆိုခဲ့ကာ “ကေမာၻဒီးယားသည္ တရားဥပေဒမဲ့ ခုခံကာကြယ္ပိုင္ခြင့္ကို လက္ဝယ္ရွိထားၿပီး ထိုင္းႏိုင္ငံ၏ ျပင္းထန္ေသာ ရန္စမႈမ်ားကို ျပတ္ျပတ္သားသား တုံ႔ျပန္သြားမည္” ဟု ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

ထိုင္းႏိုင္ငံႏွင့္ ကေမာၻဒီးယားႏိုင္ငံတို႔သည္ ၎တို႔ႏွစ္ႏိုင္ငံ နယ္စပ္ရွိ တာျမဴအမ္ထုမ္ နယ္ေျမပိုင္ဆိုင္မႈႏွင့္ ပတ္သက္ၿပီး ႏွစ္ဘက္ၾကားတင္းမာမႈမ်ား ျမင့္တက္လာၿပီးေနာက္ အျပန္အလွန္တိုက္ခိုက္ မႈမ်ား ျဖစ္ပြားလာျခင္း ျဖစ္သည္။

အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား အခ်င္းခ်င္း အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားျခင္း ျဖစ္သျဖင့္ အာဆီယံအသင္းက မည္သို႔ ဝင္ေရာက္ညႇိႏႈိင္းေျဖရွင္းေပးမည္ကို ေစာင့္ၾကည့္ရမည္ ျဖစ္ပါသည္။


ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တွင်အပြန်အလှန်တိုက်ခိုက်မှုဖြစ်ပွား၊ အရပ်သားများ သေဆုံးမှုရှိ
====================
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်တွင် ယနေ့ ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက နှစ်နိုင်ငံ တပ်မတော်အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများရှိခဲ့ကြောင်း သတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။

ထိုင်းသတင်းများ၏ ဖော်ပြချက်အရ ကမ္ဘောဒီးယားနိုင်ငံဘက်က BM-21 ရော့ကတ်ဒုံးကျည်ဖြင့် စတင် ပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံ စီဆာကက်ပြည်နယ်၊ ကန်တာလာခ်ခရိုင်ရှိ လူနေအိမ်များ၊ 7-Eleven၊ ဆီဆိုင်နှင့် ဆေးရုံသို့ ဒုံးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ထိုင်းအရပ်သား သေဆုံးမှုများရှိခဲ့ပြီး ဒဏ်ရာ ရရှိသူများလည်းရှိကြောင်း သိရသည်။

ထိုင်းဘက်မှ ဖြန့်ကြက်ထား F-16 တိုက်လေယာဉ် ၆ စင်းထဲမှ လေယာဉ် တစ်စင်းသည် ကမ္ဘောဒီးယားနိုင်ငံရှိ စစ်ရေးပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်ကာ တုန့်ပြန်လိုက်ကြောင်း ပြောကြား ထားသည်။

ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထိုင်း F-16 တိုက်လေယာဉ်တစ်စင်းသည် ယူနက်စကို ကမ္ဘာ့ အမွေအနှစ်နေရာဖြစ်သည့် ရှေးဟောင်းဘုရားကျောင်းအနီး လမ်းပေါ်တွင် ဗုံးနှစ်လုံးကြဲချခဲ့ကြောင်း အတည်ပြု ခဲ့သည်။

ရက်စက်ကြမ်းကြုတ်သော စစ်ရေးကျူးကျော်မှုဖြစ်ကြောင်း ရှုတ်ချခဲ့ပြီး ထိုင်းနိုင်ငံသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခဲ့ကြောင်း ကမ္ဘောဒီယားက စွပ်စွဲပြောဆိုခဲ့ကာ “ကမ္ဘောဒီးယားသည် တရားဥပဒေမဲ့ ခုခံကာကွယ်ပိုင်ခွင့်ကို လက်ဝယ်ရှိထားပြီး ထိုင်းနိုင်ငံ၏ ပြင်းထန်သော ရန်စမှုများကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ၎င်းတို့နှစ်နိုင်ငံ နယ်စပ်ရှိ တာမြူအမ်ထုမ် နယ်မြေပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး နှစ်ဘက်ကြားတင်းမာမှုများ မြင့်တက်လာပြီးနောက် အပြန်အလှန်တိုက်ခိုက် မှုများ ဖြစ်ပွားလာခြင်း ဖြစ်သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများ အချင်းချင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခြင်း ဖြစ်သဖြင့် အာဆီယံအသင်းက မည်သို့ ဝင်ရောက်ညှိနှိုင်းဖြေရှင်းပေးမည်ကို စောင့်ကြည့်ရမည် ဖြစ်ပါသည်။