ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွီဂဲ႐ူ အီရွီဘာ ရာထူးမွႏုတ္ထြက္ရန္ဆုံးျဖတ္

ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွီဂဲ႐ူ အီရွီဘာ ရာထူးမွႏုတ္ထြက္ရန္ဆုံးျဖတ္
=====================
ဂ်ပန္ႏိုင္ငံတြင္ ဇူလိုင္လ ၂၀ ရက္က က်င္းပခဲ့သည့္ အထက္လႊတ္ေတာ္ ေ႐ြးေကာက္ပြဲ၌ အာဏာရ ၫြန႔္ေပါင္းအစိုးရက အမတ္ေနရာအမ်ားစုကို ဆုံးရႈံးခဲ့ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ ရွီဂဲ႐ူ အီရွီဘာအေနျဖင့္ ရာထူးမွ ႏုတ္ထြက္ရန္ ဆုံးျဖတ္ခဲ့ေၾကာင္း သိရသည္။

အာဏာရၫြန႔္ေပါင္းအစိုးရအဖြဲ႕တြင္ လစ္ဘရယ္ဒီမိုကရက္တစ္ပါတီ (LDP) ႏွင့္ခိုေမတိုပါတီတို႔ပါဝင္ၿပီး ၎ပါတီႀကီးႏွစ္ခုသည္ အထက္လႊတ္ေတာ္တြင္ အမတ္ေနရာ အလုံအေလာက္ မရရွိခဲ့ေပ။

ထို႔ေၾကာင့္ ဝန္ႀကီးခ်ဳပ္ အီရွီဘာအေနျဖင့္ ၎၏ရာထူးမွတရားဝင္ႏုတ္ထြက္ျခင္းကို ယခုႏွစ္ ဩဂုတ္လ အကုန္ပိုင္းတြင္ ထုတ္ျပန္ဖြယ္ရွိသည္။

ေ႐ြးေကာက္ပြဲ၌ LDP ရႈံးနိမ့္ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္အီရွီဘာသည္ ယခင္ဝန္ႀကီးခ်ဳပ္ေဟာင္းမ်ားျဖစ္သည့္ ယူရွီဟီ ေဒဆူဂါ၊ ဖူမီယို ကီရွီဒါႏွင့္ တာ႐ိုအာဆိုတို႔ႏွင့္ေတြ႕ဆုံ၍ ေတာင္းပန္သြားမည္ ျဖစ္ေၾကာင္း အစိုးရအဖြဲ႕မွ အရင္းအျမစ္မ်ားကေျပာသည္။

ေ႐ြးေကာက္ပြဲတြင္ အမတ္ေနရာအလုံအေလာက္မရရွိျခင္းသည္ ဝန္ႀကီးခ်ဳပ္ အီရွီဘာ ဦးေဆာင္သည့္ LDP အတြက္ ဒုတိယအႀကိမ္ေျမာက္ဆုံးရႈံးမည္ ျဖစ္သည္။

အီရွီဘာ၏ပါတီသည္ ၿပီးခဲ့ သည့္ ေအာက္လႊတ္ေတာ္ေ႐ြးေကာက္ပြဲတြင္လည္း လိုအပ္သည့္ အမတ္ေနရာမရရွိခဲ့ေသာ္လည္း အတိုက္အခံ ပါတီအတြင္း၌ ျဖစ္ပြားေနျခင္းေၾကာင့္ အီရွီဘာအေနျဖင့္ ကြဲျပားမႈႏွင့္သေဘာထား ကြဲလြဲမႈမ်ား ရာထူးမွ မႏုတ္ထြက္ ခဲ့ရျခင္းျဖစ္ေၾကာင္း TS သတင္းဌာနေဖာ္ျပခ်က္အရ သိရသည္။


ဂျပန်ဝန်ကြီးချုပ် ရှီဂဲရူ အီရှီဘာ ရာထူးမှနုတ်ထွက်ရန်ဆုံးဖြတ်
=====================
ဂျပန်နိုင်ငံတွင် ဇူလိုင်လ ၂၀ ရက်က ကျင်းပခဲ့သည့် အထက်လွှတ်တော် ရွေးကောက်ပွဲ၌ အာဏာရ ညွန့်ပေါင်းအစိုးရက အမတ်နေရာအများစုကို ဆုံးရှုံးခဲ့ပြီးနောက် ဝန်ကြီးချုပ် ရှီဂဲရူ အီရှီဘာအနေဖြင့် ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အာဏာရညွန့်ပေါင်းအစိုးရအဖွဲ့တွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) နှင့်ခိုမေတိုပါတီတို့ပါဝင်ပြီး ၎င်းပါတီကြီးနှစ်ခုသည် အထက်လွှတ်တော်တွင် အမတ်နေရာ အလုံအလောက် မရရှိခဲ့ပေ။

ထို့ကြောင့် ဝန်ကြီးချုပ် အီရှီဘာအနေဖြင့် ၎င်း၏ရာထူးမှတရားဝင်နုတ်ထွက်ခြင်းကို ယခုနှစ် ဩဂုတ်လ အကုန်ပိုင်းတွင် ထုတ်ပြန်ဖွယ်ရှိသည်။

ရွေးကောက်ပွဲ၌ LDP ရှုံးနိမ့်ပြီးနောက် ဝန်ကြီးချုပ်အီရှီဘာသည် ယခင်ဝန်ကြီးချုပ်ဟောင်းများဖြစ်သည့် ယူရှီဟီ ဒေဆူဂါ၊ ဖူမီယို ကီရှီဒါနှင့် တာရိုအာဆိုတို့နှင့်တွေ့ဆုံ၍ တောင်းပန်သွားမည် ဖြစ်ကြောင်း အစိုးရအဖွဲ့မှ အရင်းအမြစ်များကပြောသည်။

ရွေးကောက်ပွဲတွင် အမတ်နေရာအလုံအလောက်မရရှိခြင်းသည် ဝန်ကြီးချုပ် အီရှီဘာ ဦးဆောင်သည့် LDP အတွက် ဒုတိယအကြိမ်မြောက်ဆုံးရှုံးမည် ဖြစ်သည်။

အီရှီဘာ၏ပါတီသည် ပြီးခဲ့ သည့် အောက်လွှတ်တော်ရွေးကောက်ပွဲတွင်လည်း လိုအပ်သည့် အမတ်နေရာမရရှိခဲ့သော်လည်း အတိုက်အခံ ပါတီအတွင်း၌ ဖြစ်ပွားနေခြင်းကြောင့် အီရှီဘာအနေဖြင့် ကွဲပြားမှုနှင့်သဘောထား ကွဲလွဲမှုများ ရာထူးမှ မနုတ်ထွက် ခဲ့ရခြင်းဖြစ်ကြောင်း TS သတင်းဌာနဖော်ပြချက်အရ သိရသည်။