ပါတီ၏ဗဟိုအလုပ္အမႈေဆာင္ဦးလွသိန္း ပဲခူးတိုင္းေဒသႀကီး(အေရွ႕)ရွိ တိုင္း ခ႐ိုင္ ၿမိဳ႕နယ္ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြး

ပါတီ၏ဗဟိုအလုပ္အမႈေဆာင္ဦးလွသိန္း ပဲခူးတိုင္းေဒသႀကီး(အေရွ႕)ရွိ တိုင္း ခ႐ိုင္ ၿမိဳ႕နယ္ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြး
======
ပဲခူး

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဗဟိုအလုပ္အမႈေဆာင္ဦးလွသိန္းသည္ ဇူလိုင္လ (၂၁)ရက္ေန႔ နံနက္ပိုင္းက ပဲခူးတိုင္းေဒသႀကီး ပါတီ႐ုံးသို႔ေရာက္ရွိကာ တိုင္း ၊ ခ႐ိုင္ ၊ ၿမိဳ႕နယ္ ပါတီမ်ား၏ တာဝန္ရွိသူမ်ားအားေတြ႕ဆုံ၍ ပါတီ၏ေဆာင္႐ြက္ရမည့္ လုပ္ငန္းစဥ္မ်ားအား ရွင္းလင္း ခ်ၾကေဆြးေႏြးခဲ့သည္။

ေရွးဦးစြာ ဗဟိုအလုပ္အမႈေဆာင္ဦးလွသိန္းမွ ႏႈတ္ခြန္းဆက္စကားေျပာၾကားခဲ့ၿပီး တက္ေရာက္လာၾကေသာ ပါတီတာဝန္ရွိသူမ်ားအား ပါတီ၏စည္း႐ုံး လႈပ္ရွားေနမႈဆိုင္ရာကိစၥရပ္မ်ား ၊ သက္ဆိုင္ရာ တိုင္း ခ႐ိုင္ ၿမိဳ႕နယ္ နယ္ေျမတာဝန္ခံမ်ား ႀကိဳတင္ စီမံ ေဆာင္႐ြက္ထားရမည့္ကိစၥရပ္မ်ား ၊ ပါတီဗဟို၏ စီမံလုပ္ေဆာင္ေနမႈမ်ား ၊ သက္ဆိုင္ရာဥပေဒမ်ားအား ေလ့လာ၍ လိုက္နာ က်င့္သုံးေဆာင္႐ြက္ၾကရန္ ၊ မိမိပါတီဝင္မ်ား အားေပး ဝန္းရံေထာက္ခံသူမ်ားႏွင့္စဥ္ဆတ္မျပတ္ ထိေတြ႕ဆက္ဆံႏိုင္ေရး ၊ သက္ဆိုင္ရာ တိုင္း ခ႐ိုင္ ၿမိဳ႕နယ္မ်ားအလိုက္ Dataအခ်က္အလက္မ်ား ေကာက္ခံ ထိန္းသိမ္းထားရွိႏိုင္ေရး စသည္တို႔ကိုအက်ယ္တဝင့္အေသးစိတ္ ရွင္းလင္း ေျပာၾကားခဲ့သည္။ ရွင္းလင္းခ်က္မ်ားအေပၚ တက္ေရာက္လာၾကေသာ တိုင္း ခ႐ိုင္ ၿမိဳ႕နယ္မ်ား၏ ပါတီတာဝန္ရွိသူမ်ားမွ အသီးသီးျပန္လည္တင္ျပေဆြးေႏြးခဲ့ၿပီး ဆုံးျဖတ္ခ်က္မ်ားခ်မွတ္ကာ အခမ္းအနားကို႐ုပ္သိမ္းခဲ့သည္။

အဆိုပါေဆြးေႏြးပြဲသို႔ ပဲခူးတိုင္းေဒသႀကီးပါတီဥကၠ႒ႏွင့္တိုင္းပါတီေကာ္မတီဝင္မ်ား ၊ ပဲခူးခ႐ိုင္ပါတီဥကၠ႒ဦးေအာင္စိုးႏွင့္ ခ႐ိုင္ပါတီေကာ္မတီဝင္မ်ား ၊ ေညာင္ေလးပင္ခ႐ိုင္ပါတီဥကၠ႒ေဒါက္တာပြင့္ဆန္းႏွင့္ ခ႐ိုင္ပါတီေကာ္မတီဝင္မ်ား ၊ ေတာင္ငူခ႐ိုင္ပါတီဥကၠ႒ဦးေက်ာ္ေ႒းႏွင့္ခ႐ိုင္ပါတီေကာ္မတီဝင္မ်ား ၿမိဳ႕နယ္အသီးသီးမွပါတီဥကၠ႒မ်ားတက္ေရာက္ ခဲ့ၾကသည္။


ပါတီ၏ဗဟိုအလုပ်အမှုဆောင်ဦးလှသိန်း ပဲခူးတိုင်းဒေသကြီး(အရှေ့)ရှိ တိုင်း ခရိုင် မြို့နယ် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး
======
ပဲခူး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးလှသိန်းသည် ဇူလိုင်လ (၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပါတီရုံးသို့ရောက်ရှိကာ တိုင်း ၊ ခရိုင် ၊ မြို့နယ် ပါတီများ၏ တာဝန်ရှိသူများအားတွေ့ဆုံ၍ ပါတီ၏ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များအား ရှင်းလင်း ချကြဆွေးနွေးခဲ့သည်။

ရှေးဦးစွာ ဗဟိုအလုပ်အမှုဆောင်ဦးလှသိန်းမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး တက်ရောက်လာကြသော ပါတီတာဝန်ရှိသူများအား ပါတီ၏စည်းရုံး လှုပ်ရှားနေမှုဆိုင်ရာကိစ္စရပ်များ ၊ သက်ဆိုင်ရာ တိုင်း ခရိုင် မြို့နယ် နယ်မြေတာဝန်ခံများ ကြိုတင် စီမံ ဆောင်ရွက်ထားရမည့်ကိစ္စရပ်များ ၊ ပါတီဗဟို၏ စီမံလုပ်ဆောင်နေမှုများ ၊ သက်ဆိုင်ရာဥပဒေများအား လေ့လာ၍ လိုက်နာ ကျင့်သုံးဆောင်ရွက်ကြရန် ၊ မိမိပါတီဝင်များ အားပေး ဝန်းရံထောက်ခံသူများနှင့်စဥ်ဆတ်မပြတ် ထိတွေ့ဆက်ဆံနိုင်ရေး ၊ သက်ဆိုင်ရာ တိုင်း ခရိုင် မြို့နယ်များအလိုက် Dataအချက်အလက်များ ကောက်ခံ ထိန်းသိမ်းထားရှိနိုင်ရေး စသည်တို့ကိုအကျယ်တဝင့်အသေးစိတ် ရှင်းလင်း ပြောကြားခဲ့သည်။ ရှင်းလင်းချက်များအပေါ် တက်ရောက်လာကြသော တိုင်း ခရိုင် မြို့နယ်များ၏ ပါတီတာဝန်ရှိသူများမှ အသီးသီးပြန်လည်တင်ပြဆွေးနွေးခဲ့ပြီး ဆုံးဖြတ်ချက်များချမှတ်ကာ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့်တိုင်းပါတီကော်မတီဝင်များ ၊ ပဲခူးခရိုင်ပါတီဥက္ကဋ္ဌဦးအောင်စိုးနှင့် ခရိုင်ပါတီကော်မတီဝင်များ ၊ ညောင်လေးပင်ခရိုင်ပါတီဥက္ကဋ္ဌဒေါက်တာပွင့်ဆန်းနှင့် ခရိုင်ပါတီကော်မတီဝင်များ ၊ တောင်ငူခရိုင်ပါတီဥက္ကဋ္ဌဦးကျော်ဋ္ဌေးနှင့်ခရိုင်ပါတီကော်မတီဝင်များ မြို့နယ်အသီးသီးမှပါတီဥက္ကဋ္ဌများတက်ရောက် ခဲ့ကြသည်။