ပရီးမီးယားလိဂ္ၿပိဳင္ပြဲ မစတင္မီ အေစာဆုံး ထုတ္ပယ္ခံရမည့္ နည္းျပစာရင္းတြင္ မန္ယူအသင္းနည္းျပ အမိုရင္ ထိပ္ဆုံး၌ရွိေန
ပရီးမီးယားလိဂ္ၿပိဳင္ပြဲ မစတင္မီ အေစာဆုံး ထုတ္ပယ္ခံရမည့္ နည္းျပစာရင္းတြင္ မန္ယူအသင္းနည္းျပ အမိုရင္ ထိပ္ဆုံး၌ရွိေန
========================
၂၀၂၅-၂၀၂၆ ေဘာလုံးရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲ မတိုင္မီ အေစာဆုံးထုတ္ပယ္ခံရမည့္ နည္းျပစာရင္းတြင္ မန္ယူအသင္းနည္းျပ အမိုရင္က ထိပ္ဆုံး၌ရွိေနေၾကာင္း သိရသည္။
မန္ယူအသင္းနည္းျပ အမိုရင္သည္ ၿပီးခဲ့သည့္ ေဘာလုံးရာသီၿပီးဆုံးခါနီးတြင္ စပို႔တင္းလစၥဘြန္း အသင္းမွ မန္ယူအသင္းသို႔ ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး မန္ယူအသင္းသည္ၿပီးခဲ့သည့္ေဘာလုံးရာသီက ရလဒ္မ်ား ဆက္တိုက္ ဆိုး႐ြားေနသည့္အတြက္ နည္းျပတန္ဟတ္ကို ရာထူးမွထုတ္ပယ္ၿပီးေနာက္ နည္းျပအမိုရင္ကို ခန႔္အပ္ခဲ့ေသာ္လည္း နည္းျပအမိုရင္လက္ထက္တြင္လည္း အသင္းအေနျဖင့္ ရလဒ္ပိုင္းတိုးတက္လာျခင္း မရွိဘဲ စံခ်ိန္တင္ရလဒ္ဆိုးမ်ားႏွင့္ ေတြ႕ႀကဳံခဲ့ရသည္။
နည္းျပအမိုရင္သည္ ၿပီးခဲ့သည့္ေဘာလုံးရာသီက မန္ယူအသင္းကို ၃၉ ပြဲတာဝန္ယူကိုင္တြယ္ရာတြင္ ၁၆ ပြဲသာအႏိုင္ရရွိၿပီး ခုနစ္ပြဲသေရရလဒ္ႏွင့္ ၁၆ ပြဲရႈံးနိမ့္ကာ ရလဒ္မ်ား သိသိသာသာ ဆိုး႐ြားခဲ့သကဲ့သို႔ အသင္း ရပ္တည္မႈအေနျဖင့္လည္း အဆင့္(၁၆)ေနရာျဖင့္သာ ရာသီ သိမ္းႏိုင္ခဲ့ျခင္းျဖစ္သည္။
အလားတူ မန္ယူအသင္းသည္ ရာသီႀကိဳေျခစမ္း ပြဲစဥ္မ်ားတြင္လည္း ဆက္လက္႐ုန္းကန္ ေနရဆဲျဖစ္ ၿပီး အာဆီယံေအာစတား အသင္းႏွင့္ကစားရာတြင္ ၁ ဂိုး-ဂိုးမရွိျဖင့္ ရႈံးနိမ့္ခဲ့ၿပီး ေဟာင္ေကာင္အသင္းကို ၃ ဂိုး-၁ ဂိုးျဖင့္ အႏိုင္ရရွိခဲ့ေသာ္လည္း လိဒ္အသင္းႏွင့္ပြဲစဥ္တြင္ ဂိုးမရွိသေရရလဒ္ ထြက္ေပၚခဲ့သည္။
လက္ရွိတြင္ နည္းျပအမိုရင္သည္ ရာသီသစ္မစတင္မီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွ အေစာဆုံး ထုတ္ပယ္ခံရႏိုင္ဖြယ္ ရွိေနေၾကာင္း သိရသည္။
ပရီးမီးယားလိဂ်ပြိုင်ပွဲ မစတင်မီ အစောဆုံး ထုတ်ပယ်ခံရမည့် နည်းပြစာရင်းတွင် မန်ယူအသင်းနည်းပြ အမိုရင် ထိပ်ဆုံး၌ရှိနေ
========================
၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ မတိုင်မီ အစောဆုံးထုတ်ပယ်ခံရမည့် နည်းပြစာရင်းတွင် မန်ယူအသင်းနည်းပြ အမိုရင်က ထိပ်ဆုံး၌ရှိနေကြောင်း သိရသည်။
မန်ယူအသင်းနည်းပြ အမိုရင်သည် ပြီးခဲ့သည့် ဘောလုံးရာသီပြီးဆုံးခါနီးတွင် စပို့တင်းလစ္စဘွန်း အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး မန်ယူအသင်းသည်ပြီးခဲ့သည့်ဘောလုံးရာသီက ရလဒ်များ ဆက်တိုက် ဆိုးရွားနေသည့်အတွက် နည်းပြတန်ဟတ်ကို ရာထူးမှထုတ်ပယ်ပြီးနောက် နည်းပြအမိုရင်ကို ခန့်အပ်ခဲ့သော်လည်း နည်းပြအမိုရင်လက်ထက်တွင်လည်း အသင်းအနေဖြင့် ရလဒ်ပိုင်းတိုးတက်လာခြင်း မရှိဘဲ စံချိန်တင်ရလဒ်ဆိုးများနှင့် တွေ့ကြုံခဲ့ရသည်။
နည်းပြအမိုရင်သည် ပြီးခဲ့သည့်ဘောလုံးရာသီက မန်ယူအသင်းကို ၃၉ ပွဲတာဝန်ယူကိုင်တွယ်ရာတွင် ၁၆ ပွဲသာအနိုင်ရရှိပြီး ခုနစ်ပွဲသရေရလဒ်နှင့် ၁၆ ပွဲရှုံးနိမ့်ကာ ရလဒ်များ သိသိသာသာ ဆိုးရွားခဲ့သကဲ့သို့ အသင်း ရပ်တည်မှုအနေဖြင့်လည်း အဆင့်(၁၆)နေရာဖြင့်သာ ရာသီ သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
အလားတူ မန်ယူအသင်းသည် ရာသီကြိုခြေစမ်း ပွဲစဉ်များတွင်လည်း ဆက်လက်ရုန်းကန် နေရဆဲဖြစ် ပြီး အာဆီယံအောစတား အသင်းနှင့်ကစားရာတွင် ၁ ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ဟောင်ကောင်အသင်းကို ၃ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း လိဒ်အသင်းနှင့်ပွဲစဉ်တွင် ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သည်။
လက်ရှိတွင် နည်းပြအမိုရင်သည် ရာသီသစ်မစတင်မီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှ အစောဆုံး ထုတ်ပယ်ခံရနိုင်ဖွယ် ရှိနေကြောင်း သိရသည်။