စစ္ပြဲအတြင္းပ်က္စီးသြားသည့္ ေလေၾကာင္းရန္ကာကြယ္ေရး စနစ္မ်ားအား အီရန္ျပန္လည္အစားထိုး

စစ္ပြဲအတြင္းပ်က္စီးသြားသည့္ ေလေၾကာင္းရန္ကာကြယ္ေရး စနစ္မ်ားအား အီရန္ျပန္လည္အစားထိုး
=====================
အီရန္ႏိုင္ငံသည္ အစၥေရးႏွင့္ျဖစ္ပြားသည့္ စစ္ပြဲအတြင္းပ်က္စီးသြားသည့္ ေလေၾကာင္းရန္ ကာကြယ္ေရး စနစ္မ်ားအား ျပန္လည္အစားထိုးတပ္ဆင္လိုက္ၿပီ ျဖစ္ေၾကာင္း အီရန္ႏိုင္ငံပိုင္ မီဒီယာတစ္ခု က ေဖာ္ျပသည္။

အီရန္ႏိုင္ငံ၏ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ားသည္ အစၥေရးႏိုင္ငံႏွင့္ဇြန္လအတြင္းက ျဖစ္ပြားခဲ့သည့္ စစ္ပြဲ အတြင္း ပ်က္စီးသြားျခင္း ျဖစ္သည္။

အဆိုပါစစ္ပြဲအတြင္း အစၥေရးေလတပ္မေတာ္သည္ အီရန္၏ေဝဟင္အတြင္း လႊမ္းမိုးထားႏိုင္ခဲ့ၿပီး အီရန္ႏိုင္ငံ၏ေလေၾကာင္းကာကြယ္ေရးစနစ္မ်ားအား အထိနာေစခဲ့ေၾကာင္း သိရသည္။

သို႔ေသာ္ အစၥေရးေလတပ္မေတာ္၏တိုက္ခိုက္မႈအတြင္း အီရန္၏ေလေၾကာင္းကာကြယ္ေရးစနစ္အခ်ိဳ႕ ပ်က္စီးသြား ခဲ့ေသာ္လည္း အီရန္ႏိုင္ငံအေနျဖင့္ ၎တို႔ႀကိဳတင္ျပင္ဆင္ထားသည့္ လက္နက္စနစ္မ်ားျဖင့္ ျပန္လည္အစားထိုး ၍ ႏိုင္ငံ၏ေဝဟင္ကာကြယ္ေရးကို ျပန္လည္လုပ္ေဆာင္ႏိုင္ခဲ့ေၾကာင္း သိရသည္။

အစၥေရးႏိုင္ငံႏွင့္ စစ္မက္မျဖစ္ပြားမီ အီရန္ႏိုင္ငံတြင္ ႐ုရွားႏိုင္ငံလုပ္ S-300 အမ်ိဳးအစား ေလေၾကာင္း ကာကြယ္ေရးစနစ္အျပင္ ျပည္တြင္းျဖစ္ Bavar-373 ဒုံးခြင္းဒုံးစနစ္ကိုပါ ပိုင္ဆိုင္ထားခဲ့သည္။

ၿပီးခဲ့သည့္လ အတြင္းက ျဖစ္ပြားခဲ့သည့္စစ္ပြဲတြင္ အစၥေရးေလတပ္မေတာ္ က အီရန္ပိုင္နက္အတြင္းသို႔ ထိုးေဖာက္ဝင္ေရာက္၍ တိုက္ခိုက္ခဲ့ၿပီး အီရန္တပ္မေတာ္ကမူ ၎တို႔၏ရာေပါင္းမ်ားစြာေသာ ဒုံးက်ည္မ်ားျဖင့္အစၥေရးပိုင္နက္အတြင္းသို႔ ပစ္ခတ္ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း Straight Time သတင္းဌာန ေဖာ္ျပခ်က္အရ သိရသည္။


စစ်ပွဲအတွင်းပျက်စီးသွားသည့် လေကြောင်းရန်ကာကွယ်ရေး စနစ်များအား အီရန်ပြန်လည်အစားထိုး
=====================
အီရန်နိုင်ငံသည် အစ္စရေးနှင့်ဖြစ်ပွားသည့် စစ်ပွဲအတွင်းပျက်စီးသွားသည့် လေကြောင်းရန် ကာကွယ်ရေး စနစ်များအား ပြန်လည်အစားထိုးတပ်ဆင်လိုက်ပြီ ဖြစ်ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာတစ်ခု က ဖော်ပြသည်။

အီရန်နိုင်ငံ၏လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် အစ္စရေးနိုင်ငံနှင့်ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့် စစ်ပွဲ အတွင်း ပျက်စီးသွားခြင်း ဖြစ်သည်။

အဆိုပါစစ်ပွဲအတွင်း အစ္စရေးလေတပ်မတော်သည် အီရန်၏ဝေဟင်အတွင်း လွှမ်းမိုးထားနိုင်ခဲ့ပြီး အီရန်နိုင်ငံ၏လေကြောင်းကာကွယ်ရေးစနစ်များအား အထိနာစေခဲ့ကြောင်း သိရသည်။

သို့သော် အစ္စရေးလေတပ်မတော်၏တိုက်ခိုက်မှုအတွင်း အီရန်၏လေကြောင်းကာကွယ်ရေးစနစ်အချို့ ပျက်စီးသွား ခဲ့သော်လည်း အီရန်နိုင်ငံအနေဖြင့် ၎င်းတို့ကြိုတင်ပြင်ဆင်ထားသည့် လက်နက်စနစ်များဖြင့် ပြန်လည်အစားထိုး ၍ နိုင်ငံ၏ဝေဟင်ကာကွယ်ရေးကို ပြန်လည်လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

အစ္စရေးနိုင်ငံနှင့် စစ်မက်မဖြစ်ပွားမီ အီရန်နိုင်ငံတွင် ရုရှားနိုင်ငံလုပ် S-300 အမျိုးအစား လေကြောင်း ကာကွယ်ရေးစနစ်အပြင် ပြည်တွင်းဖြစ် Bavar-373 ဒုံးခွင်းဒုံးစနစ်ကိုပါ ပိုင်ဆိုင်ထားခဲ့သည်။

ပြီးခဲ့သည့်လ အတွင်းက ဖြစ်ပွားခဲ့သည့်စစ်ပွဲတွင် အစ္စရေးလေတပ်မတော် က အီရန်ပိုင်နက်အတွင်းသို့ ထိုးဖောက်ဝင်ရောက်၍ တိုက်ခိုက်ခဲ့ပြီး အီရန်တပ်မတော်ကမူ ၎င်းတို့၏ရာပေါင်းများစွာသော ဒုံးကျည်များဖြင့်အစ္စရေးပိုင်နက်အတွင်းသို့ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Straight Time သတင်းဌာန ဖော်ပြချက်အရ သိရသည်။