ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ေနရပ္စြန႔္ခြာတိုက္ပြဲေရွာင္မိသားစုမ်ားအား ဆန္အိတ္မ်ား ကူညီေထာက္ပံ့

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ေနရပ္စြန႔္ခြာတိုက္ပြဲေရွာင္မိသားစုမ်ားအား ဆန္အိတ္မ်ား ကူညီေထာက္ပံ့
========================
ဇူလိုင္ ၂၁၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိန္းတို႔ႏွင့္အတူ ၂၁-၇-၂၀၂၅ ရက္ေန႔ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေျမ၊ ေဇယ်ာသီရိၿမိဳ႕နယ္၊ က်ည္ေတာင္အုပ္စု၊ က်ည္ေတာင္႐ြာတြင္ျပဳလုပ္ေသာ ေနရပ္စြန႔္ခြာ တိုက္ပြဲေရွာင္မိသားစုမ်ားအား ကူညီေထာက္ပံ့ပြဲအခမ္းအနားသို႔ တက္ေရာက္ခဲ့ပါသည္။

အခမ္းအနားတြင္ ပါတီဥကၠ႒မွ အားေပးႏႈတ္ခြန္းဆက္စကားေျပာၾကားခဲ့ၿပီး ပါတီဥကၠ႒ႏွင့္ ဒုတိယဥကၠ႒မ်ားက တိုက္ပြဲေရွာင္မိသားစုမ်ားအတြက္ ဆန္အိတ္ (၂၀၆)အိတ္အား ေထာက္ပံ့ေပးအပ္ခဲ့ရာ ေနရပ္စြန႔္ခြာတိုက္ပြဲေရွာင္မိသားစုမ်ား၏ကိုယ္စား တစ္ဦးမွ ေက်းဇူးတင္စကားေျပာၾကားခဲ့ပါသည္။ ထို႔ေနာက္ ပါတီဥကၠ႒ႏွင့္ ဒုတိယဥကၠ႒မ်ားက မိသားစုမ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ကာ အားေပးစကားမ်ားေျပာၾကားခဲ့ပါသည္။

အဆိုပါ ကူညီေထာက္ပံ့ပြဲအခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ ျပည္ေထာင္စုနယ္ေျမပါတီဥကၠ႒ ဦးလွေဆြႏွင့္ ေကာ္မတီဝင္မ်ား၊ ေဇယ်ာသီရိၿမိဳ႕နယ္ ပါတီတာဝန္ရွိသူမ်ား၊ ေနရပ္စြန႔္ခြာတိုက္ပြဲေရွာင္မိသားစု (၂၀၆)စုမွ မိသားစုဝင္မ်ား တက္ေရာက္ခဲ့ၾကပါသည္။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ နေရပ်စွန့်ခွာတိုက်ပွဲရှောင်မိသားစုများအား ဆန်အိတ်များ ကူညီထောက်ပံ့
========================
ဇူလိုင် ၂၁၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်းတို့နှင့်အတူ ၂၁-၇-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်အုပ်စု၊ ကျည်တောင်ရွာတွင်ပြုလုပ်သော နေရပ်စွန့်ခွာ တိုက်ပွဲရှောင်မိသားစုများအား ကူညီထောက်ပံ့ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပါတီဥက္ကဋ္ဌမှ အားပေးနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ပါတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက တိုက်ပွဲရှောင်မိသားစုများအတွက် ဆန်အိတ် (၂၀၆)အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ရာ နေရပ်စွန့်ခွာတိုက်ပွဲရှောင်မိသားစုများ၏ကိုယ်စား တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် ပါတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက မိသားစုများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အားပေးစကားများပြောကြားခဲ့ပါသည်။

အဆိုပါ ကူညီထောက်ပံ့ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးလှဆွေနှင့် ကော်မတီဝင်များ၊ ဇေယျာသီရိမြို့နယ် ပါတီတာဝန်ရှိသူများ၊ နေရပ်စွန့်ခွာတိုက်ပွဲရှောင်မိသားစု (၂၀၆)စုမှ မိသားစုဝင်များ တက်ရောက်ခဲ့ကြပါသည်။