===========================
အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် တရုတ်နိုင်ငံတွင် လေ့ကျင့်နေတဲ့ မြန်မာအမျိုးသမီးအသင်း
===========================
အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် တရုတ်နိုင်ငံ၊ ချောင်ချွန်းမြို၌ ကြို တင်ပြင်ဆင်လေ့ကျင်နေပြီဖြစ်သည်။
တရုတ်နိုင်ငံတွင် (၁၀)ရက်ကြာ သွားရောက်နေထိုင်လေ့ကျင့်နေသည့် မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းသည် တရုတ်ယူ -၂၀ လက်ရွေးစင်အသင်းအပါအဝင် တရုတ်အမျိုးသမီး ကလပ်အသင်းအချိုနှင့် ခြေစမ်းပွဲ (၃) ပွဲ ကစားသွားမည်ဖြစ်သည်။
မြန်မာအမျိုးသမီး အသင်းအနေဖြင့် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ဩဂုတ်လ (၆)ရက်မှ (၁၉)ရက်အထိ ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ပြီး ဖိလစ်ပိုင်၊ ဩစတြေးလျ၊ တီမောအသင်းတိုနှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။
လတ်တလော တရုတ်နိုင်ငံသို ရောက်ရှိနေသည့် မြန်မာအမျိုးသမီးအသင်းသည် ဇူလိုင်(၂၁)ရက်မှ (၃၀)ရက်အထိ နေထိုင်လေ့ကျင့်မည်ဖြစ်ကာ ဇူလိုင် (၃၁)ရက်တွင် မြန်မာနိုင်ငံသို ပြန်လည်ရောက်ရှိမည်ဖြစ်သည်။