ဘရန္႔ဖိုဒ္အသင္းရဲ႕ ကင္မ႐ြန္းေတာင္ပံကစားသမား အမ္ဘူမိုကို ေခၚယူေၾကာင္း မန္ယူအသင္း အတည္ျပဳ
ဘရန္႔ဖိုဒ္အသင္းရဲ႕ ကင္မ႐ြန္းေတာင္ပံကစားသမား အမ္ဘူမိုကို ေခၚယူေၾကာင္း မန္ယူအသင္း အတည္ျပဳ
========================
တိုက္စစ္မႉးအသစ္ အမ္ဘူမိုကို ၂၀၃၀ ျပည့္ႏွစ္ အထိ သက္တမ္းရွိတဲ့ တရားဝင္စာခ်ဳပ္ ခ်ဳပ္ဆိုလိုက္တဲ့အေၾကာင္း မန္ခ်က္စတာယူႏိုက္တက္အသင္းက ဇူလိုင္ ၂၂ ရက္ မနက္အေစာပိုင္းက အတည္ျပဳေၾကညာခဲ့ပါတယ္။
အမ္ဘူမိုဟာ မန္ယူအသင္းမွာ ေက်ာနံပါတ္ ၁၉ ဂ်ာစီကို ဝတ္ၿပီး ကစားမွာပါ။ မန္ယူအသင္းဟာ အမ္ဘူမိုအတြက္ ဘရန္းဖို႔ဒ္အသင္းကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၆၅ သန္းနဲ႔ အပိုေၾကး ၆ သန္းကို ေလးခါခြဲၿပီး ေပးေခ်ရမွာပါ။
ယူႏိုက္တက္ဟာ သူ႔အိပ္မက္ထဲက အသင္းျဖစ္ၿပီး အဲဒီကို ေျပာင္းဖို႔ အခြင့္အလမ္းရွိတယ္လို႔ သိရကတည္းက အဲဒီအသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဖို႔ပဲ သူဆုံးျဖတ္ထားခဲ့တာလို႔ အမ္ဘူမိုက ဆိုပါတယ္။
ကင္မ႐ြန္း လက္ေ႐ြးစင္ အမ္ဘူမိုဟာ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ေဘာလုံးရာသီမွာ ဘရန္းဖို႔ဒ္အတြက္ ၃၈ ပြဲကစားၿပီး ဂိုး ၂၀ သြင္းယူထားပါတယ္။
ဘရန့်ဖိုဒ်အသင်းရဲ့ ကင်မရွန်းတောင်ပံကစားသမား အမ်ဘူမိုကို ခေါ်ယူကြောင်း မန်ယူအသင်း အတည်ပြု
========================
တိုက်စစ်မှူးအသစ် အမ်ဘူမိုကို ၂၀၃၀ ပြည့်နှစ် အထိ သက်တမ်းရှိတဲ့ တရားဝင်စာချုပ် ချုပ်ဆိုလိုက်တဲ့အကြောင်း မန်ချက်စတာယူနိုက်တက်အသင်းက ဇူလိုင် ၂၂ ရက် မနက်အစောပိုင်းက အတည်ပြုကြေညာခဲ့ပါတယ်။
အမ်ဘူမိုဟာ မန်ယူအသင်းမှာ ကျောနံပါတ် ၁၉ ဂျာစီကို ဝတ်ပြီး ကစားမှာပါ။ မန်ယူအသင်းဟာ အမ်ဘူမိုအတွက် ဘရန်းဖို့ဒ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းနဲ့ အပိုကြေး ၆ သန်းကို လေးခါခွဲပြီး ပေးချေရမှာပါ။
ယူနိုက်တက်ဟာ သူ့အိပ်မက်ထဲက အသင်းဖြစ်ပြီး အဲဒီကို ပြောင်းဖို့ အခွင့်အလမ်းရှိတယ်လို့ သိရကတည်းက အဲဒီအသင်းနဲ့ စာချုပ်ချုပ်ဖို့ပဲ သူဆုံးဖြတ်ထားခဲ့တာလို့ အမ်ဘူမိုက ဆိုပါတယ်။
ကင်မရွန်း လက်ရွေးစင် အမ်ဘူမိုဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ဘရန်းဖို့ဒ်အတွက် ၃၈ ပွဲကစားပြီး ဂိုး ၂၀ သွင်းယူထားပါတယ်။