န်ဴကလီးယားအေရးေဆြးေႏြးပြဲမ်ားျပန္လည္စတင္ရန္ အီရန္ႏွင့္ ဥေရာပအင္အားႀကီးႏိုင္ငံမ်ား သေဘာတူ

န်ဴကလီးယားအေရးေဆြးေႏြးပြဲမ်ားျပန္လည္စတင္ရန္ အီရန္ႏွင့္ ဥေရာပအင္အားႀကီးႏိုင္ငံမ်ား သေဘာတူ
======================
အီရန္ႏိုင္ငံ၏ န်ဴကလီးယားအေရးႏွင့္ စပ္လ်ဥ္း၍ ေဆြးေႏြးပြဲမ်ားျပန္လည္စတင္ရန္ အီရန္ႏွင့္ ဥေရာပ အင္အားႀကီးသုံးႏိုင္ငံတို႔အၾကား သေဘာတူညီခဲ့ၾကေၾကာင္း အီရန္မီဒီယာတစ္ခုက ဇူလိုင္လ ၂၀ ရက္တြင္ ေဖာ္ျပခဲ့သည္။

အီရန္ႏိုင္ငံသည္ ၎တို႔၏န်ဴကလီးယား အစီအစဥ္ႏွင့္စပ္လ်ဥ္း၍ ေစ့စပ္ေဆြးေႏြးမႈမ်ား ျပန္လည္စတင္ရန္ ျပင္သစ္၊ ၿဗိတိန္ႏွင့္ ဂ်ာမနီ စသည့္ ဥေရာပႏိုင္ငံႀကီးမ်ားႏွင့္ မူအားျဖင့္ သေဘာတူညီခဲ့ၾကၿပီးျဖစ္ေၾကာင္း အတြင္းသိတစ္ဦး၏ ေျပာၾကားခ်က္ကိုကိုးကား၍ Tasnim သတင္းေအဂ်င္စီက ေဖာ္ျပခဲ့ျခင္းျဖစ္သည္။

အီရန္ႏိုင္ငံသည္ ၎တို႔၏ န်ဴကလီးယားအစီအစဥ္ႏွင့္စပ္လ်ဥ္း၍ အေမရိကန္ျပည္ေထာင္စုႏွင့္ ေဆြးေႏြးပြဲ မ်ား ျပန္လည္စတင္ရန္ အေရးတႀကီးႀကိဳးပမ္းလ်က္ရွိေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ က ဇူလိုင္လ ၁၆ ရက္တြင္ ေျပာၾကားခဲ့ၿပီးေနာက္ အီရန္ႏွင့္ ဥေရာပႏိုင္ငံႀကီးမ်ားအၾကား သေဘာတူညီခ်က္ ခ်မွတ္ႏိုင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

သို႔ေသာ္ ယခုကဲ့သို႔ေသာအခ်ိန္မ်ိဳးတြင္ ေဆြးေႏြးပြဲမ်ားကို ျပန္လည္စတင္ရန္ အေမရိကန္ အေနျဖင့္ အလ်င္အျမန္ဆုံးျဖတ္မည္ မဟုတ္ေၾကာင္း၊ သို႔ေသာ္ အီရန္ႏိုင္ငံက န်ဴကလီးယားအေရး ေျဖရွင္းႏိုင္ရန္ အတြက္ ေဆြးေႏြးပြဲသစ္တစ္ရပ္ကို က်င္းပမည္ဆိုပါက အေမရိကန္အစိုးရက ျငင္းဆိုမည္ မဟုတ္ေၾကာင္း ထရမ့္ က ဆက္လက္ေျပာၾကားသည္။

ထို႔ျပင္ အီရန္ႏိုင္ငံအတြင္း ထပ္မံတည္ေဆာက္မည့္ မည္သည့္န်ဴကလီးယားစက္႐ုံ အသစ္မ်ားကိုမဆို အေမရိကန္က တိုက္ခိုက္ေခ်မႈန္းသြားမွာျဖစ္တယ္လို႔ ထရမ့္ က ထပ္ေလာင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။


နျူကလီးယားအရေးဆွေးနွေးပွဲများပြန်လည်စတင်ရန် အီရန်နှင့် ဥရောပအင်အားကြီးနိုင်ငံများ သဘောတူ
======================
အီရန်နိုင်ငံ၏ နျူကလီးယားအရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲများပြန်လည်စတင်ရန် အီရန်နှင့် ဥရောပ အင်အားကြီးသုံးနိုင်ငံတို့အကြား သဘောတူညီခဲ့ကြကြောင်း အီရန်မီဒီယာတစ်ခုက ဇူလိုင်လ ၂၀ ရက်တွင် ဖော်ပြခဲ့သည်။

အီရန်နိုင်ငံသည် ၎င်းတို့၏နျူကလီးယား အစီအစဉ်နှင့်စပ်လျဉ်း၍ စေ့စပ်ဆွေးနွေးမှုများ ပြန်လည်စတင်ရန် ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီ စသည့် ဥရောပနိုင်ငံကြီးများနှင့် မူအားဖြင့် သဘောတူညီခဲ့ကြပြီးဖြစ်ကြောင်း အတွင်းသိတစ်ဦး၏ ပြောကြားချက်ကိုကိုးကား၍ Tasnim သတင်းအေဂျင်စီက ဖော်ပြခဲ့ခြင်းဖြစ်သည်။

အီရန်နိုင်ငံသည် ၎င်းတို့၏ နျူကလီးယားအစီအစဉ်နှင့်စပ်လျဉ်း၍ အမေရိကန်ပြည်ထောင်စုနှင့် ဆွေးနွေးပွဲ များ ပြန်လည်စတင်ရန် အရေးတကြီးကြိုးပမ်းလျက်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဇူလိုင်လ ၁၆ ရက်တွင် ပြောကြားခဲ့ပြီးနောက် အီရန်နှင့် ဥရောပနိုင်ငံကြီးများအကြား သဘောတူညီချက် ချမှတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သို့သော် ယခုကဲ့သို့သောအချိန်မျိုးတွင် ဆွေးနွေးပွဲများကို ပြန်လည်စတင်ရန် အမေရိကန် အနေဖြင့် အလျင်အမြန်ဆုံးဖြတ်မည် မဟုတ်ကြောင်း၊ သို့သော် အီရန်နိုင်ငံက နျူကလီးယားအရေး ဖြေရှင်းနိုင်ရန် အတွက် ဆွေးနွေးပွဲသစ်တစ်ရပ်ကို ကျင်းပမည်ဆိုပါက အမေရိကန်အစိုးရက ငြင်းဆိုမည် မဟုတ်ကြောင်း ထရမ့် က ဆက်လက်ပြောကြားသည်။

ထို့ပြင် အီရန်နိုင်ငံအတွင်း ထပ်မံတည်ဆောက်မည့် မည်သည့်နျူကလီးယားစက်ရုံ အသစ်များကိုမဆို အမေရိကန်က တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တယ်လို့ ထရမ့် က ထပ်လောင်းပြောကြားခဲ့ကြောင်း သိရသည်။