ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ မႏၲေလးတိုင္းေဒသႀကီးရွိ NGO အဖြဲ႕မ်ား၊ လူမႈကူညီေရးအသင္းအဖြဲ႕မ်ား၊ သတင္းမီဒီယာအဖြဲ႕မ်ားႏွင့္ေတြ႕ဆုံ
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ မႏၲေလးတိုင္းေဒသႀကီးရွိ NGO အဖြဲ႕မ်ား၊ လူမႈကူညီေရးအသင္းအဖြဲ႕မ်ား၊ သတင္းမီဒီယာအဖြဲ႕မ်ားႏွင့္ေတြ႕ဆုံ
================================
ဇူလိုင္ ၁၉၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာေမာင္သင္း၊ မႏၲေလးတိုင္းေဒသႀကီး ပါတီဥကၠ႒ ဗဟိုအလုပ္အမႈေဆာင္ ဦးေအာင္ေက်ာ္မိုးတို႔ႏွင့္အတူ ၁၉-၇-၂၀၂၅ ရက္ေန႔ နံနက္ ၀၉၀၀ နာရီအခ်ိန္တြင္ မႏၲေလးတိုင္းေဒသႀကီးပါတီ႐ုံး ခန္းမ၌ NGO အဖြဲ႕အစည္းမ်ား၊ လူမႈကူညီေရးအသင္းအဖြဲ႕မ်ား၊ သတင္းမီဒီယာအဖြဲ႕မ်ားႏွင့္ ေတြ႕ဆုံပြဲအခမ္းအနားသို႔ တက္ေရာက္ခဲ့ပါသည္။
အခမ္းအနားကို (၂)ပိုင္းခြဲ၍ ျပဳလုပ္ခဲ့ၿပီး ပထမပိုင္းအခမ္းအနားတြင္ NGO အဖြဲ႕အစည္းမ်ား၊ လူမႈကူညီေရးအသင္းအဖြဲ႕(၄၀)ေက်ာ္မွ တာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံခဲ့ရာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီက အဖြင့္အမွာစကားေျပာၾကားပါသည္။ ထို႔ေနာက္ တက္ေရာက္လာေသာ အသင္းအဖြဲ႕မ်ားမွ လူမႈကူညီေရးဆိုင္ရာလုပ္ငန္းမ်ားတြင္ ရင္ဆိုင္ႀကဳံေတြ႕ေနရေသာ အခက္အခဲမ်ားႏွင့္ လိုအပ္ခ်က္မ်ား၊ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္ၿပီး သိလိုသည့္အခ်က္မ်ားအပါအဝင္ ေမးခြန္းမ်ားအား ေဆြးေႏြးေမးျမန္းၾကရာ ပါတီဥကၠ႒မွ ျပန္လည္ရွင္းလင္း ေဆြးေႏြးခဲ့ၿပီး တက္ေရာက္လာသူမ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံႏႈတ္ဆက္ကာ အခမ္းအနားအား ေခတၱရပ္နားခဲ့ပါသည္။
၎ေနာက္ ဒုတိယပိုင္းအခမ္းအနားျဖစ္သည့္ သတင္းမီဒီယာအဖြဲ႕မ်ားႏွင့္ ဆက္လက္ေတြ႕ဆုံခဲ့ရာ ပါတီဥကၠ႒ ဦးခင္ရီမွ ပါတီ၏ေဆာင္႐ြက္ေနမႈလုပ္ငန္းမ်ား၊ သဘာဝေဘးအႏၲရာယ္ႀကဳံေတြ႕ခံစားခဲ့ရသည့္ ျပည္သူမ်ားအတြက္ ပါတီမွ ေထာက္ပံ့ကူညီခဲ့မႈမ်ား၊ ေ႐ြးေကာက္ပြဲေအာင္ျမင္စြာ က်င္းပႏိုင္ေရး အတြက္ ႏိုင္ငံသားမ်ားအေနျဖင့္ကူညီေဆာင္႐ြက္ေပး ေစလိုသည့္ကိစၥမ်ားအား အက်ယ္တဝံ့ရွင္းလင္းေဆြးေႏြးခဲ့ၿပီး သတင္းေထာက္မ်ားေမးျမန္းေသာ ေမးခြန္းမ်ားအား ျပန္လည္ေျဖၾကားကာ ေတြ႕ဆုံပြဲအခမ္းအနားအား ေန႔လည္ ၁၂၀၀ နာရီအခ်ိန္တြင္ ႐ုပ္သိမ္းခဲ့ပါသည္။
အဆိုပါအခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ပါတီဥကၠ႒ ဦးခင္ရီ၊ ဗဟိုအလုပ္အမႈေဆာင္ ေဒါက္တာေမာင္သင္း၊ မႏၲေလးတိုင္းေဒသႀကီးပါတီဥကၠ႒ ဦးေအာင္ေက်ာ္မိုးႏွင့္ တိုင္းေဒသႀကီးအလုပ္အမႈေဆာင္ေကာ္မတီဝင္မ်ား၊ NGO အဖြဲ႕အစည္းမ်ားႏွင့္ လူမႈကူညီေရးအသင္းအဖြဲ႕(၄၀)ေက်ာ္မွ တာဝန္ရွိသူမ်ား၊ သတင္းမီဒီယာအဖြဲ႕မ်ားမွ သတင္းေထာက္မ်ားႏွင့္အဖြဲ႕ဝင္မ်ား တက္ေရာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မန္တလေးတိုင်းဒေသကြီးရှိ NGO အဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ သတင်းမီဒီယာအဖွဲ့များနှင့်တွေ့ဆုံ
================================
ဇူလိုင် ၁၉၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကျော်မိုးတို့နှင့်အတူ ၁၉-၇-၂၀၂၅ ရက်နေ့ နံနက် ၀၉၀၀ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးပါတီရုံး ခန်းမ၌ NGO အဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ သတင်းမီဒီယာအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားကို (၂)ပိုင်းခွဲ၍ ပြုလုပ်ခဲ့ပြီး ပထမပိုင်းအခမ်းအနားတွင် NGO အဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့(၄၀)ကျော်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် တက်ရောက်လာသော အသင်းအဖွဲ့များမှ လူမှုကူညီရေးဆိုင်ရာလုပ်ငန်းများတွင် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများနှင့် လိုအပ်ချက်များ၊ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး သိလိုသည့်အချက်များအပါအဝင် မေးခွန်းများအား ဆွေးနွေးမေးမြန်းကြရာ ပါတီဥက္ကဋ္ဌမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ အခမ်းအနားအား ခေတ္တရပ်နားခဲ့ပါသည်။
၎င်းနောက် ဒုတိယပိုင်းအခမ်းအနားဖြစ်သည့် သတင်းမီဒီယာအဖွဲ့များနှင့် ဆက်လက်တွေ့ဆုံခဲ့ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ ပါတီ၏ဆောင်ရွက်နေမှုလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့ခံစားခဲ့ရသည့် ပြည်သူများအတွက် ပါတီမှ ထောက်ပံ့ကူညီခဲ့မှုများ၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် နိုင်ငံသားများအနေဖြင့်ကူညီဆောင်ရွက်ပေး စေလိုသည့်ကိစ္စများအား အကျယ်တဝံ့ရှင်းလင်းဆွေးနွေးခဲ့ပြီး သတင်းထောက်များမေးမြန်းသော မေးခွန်းများအား ပြန်လည်ဖြေကြားကာ တွေ့ဆုံပွဲအခမ်းအနားအား နေ့လည် ၁၂၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးအလုပ်အမှုဆောင်ကော်မတီဝင်များ၊ NGO အဖွဲ့အစည်းများနှင့် လူမှုကူညီရေးအသင်းအဖွဲ့(၄၀)ကျော်မှ တာဝန်ရှိသူများ၊ သတင်းမီဒီယာအဖွဲ့များမှ သတင်းထောက်များနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။