===========================
ပြည်ခိုင်ဖြိုးပါတီ၊ ဗဟိုအတွင်းရေးမှူးဒေါက်တာသန်းထွန်း ကန်ကြီးထောင့်မြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ ရပ်ကျေးကော်မတီဝင်များနှင့်တွေ့ဆုံ
===========================
ကန်ကြီးထောင့် ဇူလိုင် ၁၉
ပြည်ခိုင်ဖြိုးပါတီ၊ဗဟိုအတွင်းရေးမှူးဒေါက်တာ သန်းထွန်းသည် ဧရာဝတီတိုင်းဒေသကြီးပါတီအတွင်းရေးမှူးဒေါ်ခင်စောမူ၊ခရိုင်ဥက္ကဋ္ဌနှင့်ခရိုင်ကော်မတီဝင်များနှင့်အတူဇူလိုင်လ (၁၉)ရက်နေ့တွင်ကန်ကြီးထောင့်မြို့နယ်၊ပါတီရုံးအစည်းအဝေးခန်းမ၌မြို့နယ်ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ရပ်ကျေးပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။
ဦးစွာပထမ ကန်ကြီးထောင့်မြို့နယ်ပါတီဥက္ကဌမှကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။၎င်းနောက်ဗဟိုအတွင်းရေးမှူးဒေါက်တာသန်းထွန်းမှမိတ်ဆက် စကားပြောကြားပြီရွေးကောက်ပွဲအောင်နိုင်ရေးလုပ်ငန်းစဥ်များအားရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍မြို့နယ်နှင့်ရပ်ကျေးပါတီဥက္ကဋ္ဌများမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများတင်ပြဆွေးဆွေးခဲ့ရာဗဟိုအတွင်းရေးမှူးမှတင်ပြဆွေးနွေးမှုများကိုပြန်လည်ရှင်းလင်းခဲ့ပြီးလိုအပ်သည်များကိုတိုင်းပါတီနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။