ေဝါလ္စထရိဂ်ာနယ္သတင္းစာပိုင္ရွင္မ်ားကို အေမရိကန္သမၼတေဒၚနယ္ထရမ့္ တရားစြဲ

ေဝါလ္စထရိဂ်ာနယ္သတင္းစာပိုင္ရွင္မ်ားကို အေမရိကန္သမၼတေဒၚနယ္ထရမ့္ တရားစြဲ
=======================
ေဝါလ္စထရိဂ်ာနယ္သတင္းစာႏွင့္ သတင္းစာပိုင္ရွင္မ်ားကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ က အသေရဖ်က္မႈျဖင့္ တရားစြဲထားၿပီး နစ္နာေၾကး အေမရိကန္ေဒၚလာ ၁၀ ဘီလီယံ ေတာင္းဆိုထားေၾကာင္း ဇူလိုင္လ ၁၈ ရက္သတင္းမ်ားတြင္ ေရးသားေဖာ္ျပထားသည္။

ေဝါလ္စထရိဂ်ာနယ္သတင္းစာက ထုတ္ျပန္ထားေသာ နာမည္ပ်က္ ဘ႑ာေရးလုပ္ငန္းရွင္ႏွင့္ လိင္ပိုင္းဆိုင္ရာ အႏိုင္က်င့္မႈမ်ားက်ဴးလြန္သူ ဂ်က္ဖရီအက္စတိန္းသတင္းကို အေၾကာင္းျပဳ၍ သမၼတ ေဒၚနယ္ထရမ့္ က ေဝါလ္စထရိဂ်ာနယ္သတင္းစာႏွင့္ သတင္းစာပိုင္ရွင္မ်ားကို တရားစြဲဆိုထားျခင္းျဖစ္သည္။

ဂ်က္ဖရီအက္စတိန္း အတြက္ အသက္ ၅၀ ျပည့္ ေမြးေန႔လက္ေဆာင္အျဖစ္ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ သည္ ၂၀၀၃ ခုႏွစ္တြင္ ညစ္ညမ္းဟာသစာတစ္ေစာင္ကို ေပးပို႔ခဲ့ဖူးေၾကာင္း ေဝါလ္စထရိဂ်ာနယ္ သတင္းစာက ေရးသားေဖာ္ျပထားသည္။

လက္ရွိအခ်ိန္တြင္ သမၼတ ေဒၚနယ္ထရမ့္ သည္ ေဝါလ္စထရိဂ်ာနယ္သတင္းစာႏွင့္ ပိုင္ရွင္မ်ားကို မိုင္ယာမီဖက္ဒရယ္တရား႐ုံး၌ တရားစြဲဆိုထားသည္။

ေဝါလ္စထရိဂ်ာနယ္သတင္းစာကို ပိုင္ဆိုင္သူမ်ားထဲတြင္ ကမာၻေက်ာ္ အေမရိကန္မီဒီယာ သူေဌး ႐ူးပတ္ မားေဒါ့ လည္း ပါဝင္သည္။

ဂ်က္ဖရီအက္စတိန္း သည္ ၎က်ဴးလြန္ခဲ့ေသာ ျပစ္ဒဏ္မ်ားအတြက္ နယူးေယာက္ၿမိဳ႕ အက်ဥ္းေထာင္ တစ္ခု၌ ျပစ္ဒဏ္က်ခံေနရစဥ္ ၂၀၁၉ ခုႏွစ္တြင္ ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္ခဲ့ေၾကာင္း သိရသည္။


ဝေါလ်စထရိဂျာနယ်သတင်းစာပိုင်ရှင်များကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့် တရားစွဲ
=======================
ဝေါလ်စထရိဂျာနယ်သတင်းစာနှင့် သတင်းစာပိုင်ရှင်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အသရေဖျက်မှုဖြင့် တရားစွဲထားပြီး နစ်နာကြေး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ တောင်းဆိုထားကြောင်း ဇူလိုင်လ ၁၈ ရက်သတင်းများတွင် ရေးသားဖော်ပြထားသည်။

ဝေါလ်စထရိဂျာနယ်သတင်းစာက ထုတ်ပြန်ထားသော နာမည်ပျက် ဘဏ္ဍာရေးလုပ်ငန်းရှင်နှင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများကျူးလွန်သူ ဂျက်ဖရီအက်စတိန်းသတင်းကို အကြောင်းပြု၍ သမ္မတ ဒေါ်နယ်ထရမ့် က ဝေါလ်စထရိဂျာနယ်သတင်းစာနှင့် သတင်းစာပိုင်ရှင်များကို တရားစွဲဆိုထားခြင်းဖြစ်သည်။

ဂျက်ဖရီအက်စတိန်း အတွက် အသက် ၅၀ ပြည့် မွေးနေ့လက်ဆောင်အဖြစ် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် သည် ၂၀၀၃ ခုနှစ်တွင် ညစ်ညမ်းဟာသစာတစ်စောင်ကို ပေးပို့ခဲ့ဖူးကြောင်း ဝေါလ်စထရိဂျာနယ် သတင်းစာက ရေးသားဖော်ပြထားသည်။

လက်ရှိအချိန်တွင် သမ္မတ ဒေါ်နယ်ထရမ့် သည် ဝေါလ်စထရိဂျာနယ်သတင်းစာနှင့် ပိုင်ရှင်များကို မိုင်ယာမီဖက်ဒရယ်တရားရုံး၌ တရားစွဲဆိုထားသည်။

ဝေါလ်စထရိဂျာနယ်သတင်းစာကို ပိုင်ဆိုင်သူများထဲတွင် ကမ္ဘာကျော် အမေရိကန်မီဒီယာ သူဌေး ရူးပတ် မားဒေါ့ လည်း ပါဝင်သည်။

ဂျက်ဖရီအက်စတိန်း သည် ၎င်းကျူးလွန်ခဲ့သော ပြစ်ဒဏ်များအတွက် နယူးယောက်မြို့ အကျဉ်းထောင် တစ်ခု၌ ပြစ်ဒဏ်ကျခံနေရစဉ် ၂၀၁၉ ခုနှစ်တွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း သိရသည်။