ေမာင္းသူမဲ့ေလယာဥ္ အစင္း ၃၀၀ ေက်ာ္ျဖင့္ ယူကရိန္းပစ္မွတ္မ်ားကို ႐ုရွားတိုက္ခိုက္

ေမာင္းသူမဲ့ေလယာဥ္ အစင္း ၃၀၀ ေက်ာ္ျဖင့္ ယူကရိန္းပစ္မွတ္မ်ားကို ႐ုရွားတိုက္ခိုက္
=========================
႐ုရွားတပ္မ်ားသည္ ဇူလိုင္လ ၁၈ ရက္ညပိုင္းမွ ၁၉ ရက္ နံနက္ပိုင္းအထိ ယူကရိန္းႏိုင္ငံကို ေမာင္းသူမဲ့ ေလယာဥ္ ၃၀၀ ေက်ာ္တို႔ျဖင့္ တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

႐ုရွားတပ္မ်ားအေနျဖင့္ ဇူလိုင္လ ၁၈ ရက္မွ ၁၉ ရက္အထိ ယူကရိန္းႏိုင္ငံကို ေမာင္းသူမဲ့ေလယာဥ္ အစင္း ၃၀၀ ေက်ာ္၊ ခ႐ုစ္ဒုံးက်ည္အစင္း ၃၀ ေက်ာ္တို႔ျဖင့္ မိုးလင္းေပါက္ တိုက္ခိုက္ခဲ့ေၾကာင္း ယူကရိန္း သမၼတ ဇီလန္စကီး က သတင္းထုတ္ျပန္ထားသည္။

႐ုရွားႏိုင္ငံသည္ ၿပီးခဲ့သည့္လမ်ားအတြင္း ယူကရိန္းႏိုင္ငံကို ေလေၾကာင္းတိုက္ခိုက္မႈမ်ား ျမႇင့္တင္ လုပ္ေဆာင္ခဲ့သည္။ ယင္းသို႔ တိုက္ခိုက္ရာတြင္ ႐ုရွားႏိုင္ငံက တစ္ညတာ အတြင္း အသုံးျပဳခဲ့သည့္ ေမာင္းသူမဲ့ ေလယာဥ္အေရအတြက္မွာ ၂၀၂၄ ခုႏွစ္အတြင္း အခ်ိဳ႕လမ်ား၌ တစ္လလုံးအသုံးျပဳခဲ့ေသာ ေမာင္းသူမဲ့ ေလယာဥ္မ်ား အေရအတြက္ ကိုပင္ ေက်ာ္လြန္သြားတတ္ေၾကာင္း သိရသည္။

ယခုႏွစ္ ဇြန္လ ၈ ရက္တြင္ျပဳလုပ္ခဲ့သည့္ ေလေၾကာင္းတိုက္ခိုက္မႈတြင္ ႐ုရွားႏိုင္ငံသည္ ေမာင္းသူမဲ့ ေလယာဥ္အစင္း ၇၀၀ အထိသုံးစြဲခဲ့သည္။ လက္ရွိအခ်ိန္တြင္ ႐ုရွားတပ္ မ်ားသည္ ယူကရိန္းတစ္ႏိုင္ငံလုံး၏ ၂၀ ရာခိုင္ႏႈန္းနီးပါးကို ထိန္းခ်ဳပ္ထားေၾကာင္း သိရသည္။


မောင်းသူမဲ့လေယာဉ် အစင်း ၃၀၀ ကျော်ဖြင့် ယူကရိန်းပစ်မှတ်များကို ရုရှားတိုက်ခိုက်
=========================
ရုရှားတပ်များသည် ဇူလိုင်လ ၁၈ ရက်ညပိုင်းမှ ၁၉ ရက် နံနက်ပိုင်းအထိ ယူကရိန်းနိုင်ငံကို မောင်းသူမဲ့ လေယာဉ် ၃၀၀ ကျော်တို့ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရုရှားတပ်များအနေဖြင့် ဇူလိုင်လ ၁၈ ရက်မှ ၁၉ ရက်အထိ ယူကရိန်းနိုင်ငံကို မောင်းသူမဲ့လေယာဉ် အစင်း ၃၀၀ ကျော်၊ ခရုစ်ဒုံးကျည်အစင်း ၃၀ ကျော်တို့ဖြင့် မိုးလင်းပေါက် တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း သမ္မတ ဇီလန်စကီး က သတင်းထုတ်ပြန်ထားသည်။

ရုရှားနိုင်ငံသည် ပြီးခဲ့သည့်လများအတွင်း ယူကရိန်းနိုင်ငံကို လေကြောင်းတိုက်ခိုက်မှုများ မြှင့်တင် လုပ်ဆောင်ခဲ့သည်။ ယင်းသို့ တိုက်ခိုက်ရာတွင် ရုရှားနိုင်ငံက တစ်ညတာ အတွင်း အသုံးပြုခဲ့သည့် မောင်းသူမဲ့ လေယာဉ်အရေအတွက်မှာ ၂၀၂၄ ခုနှစ်အတွင်း အချို့လများ၌ တစ်လလုံးအသုံးပြုခဲ့သော မောင်းသူမဲ့ လေယာဉ်များ အရေအတွက် ကိုပင် ကျော်လွန်သွားတတ်ကြောင်း သိရသည်။

ယခုနှစ် ဇွန်လ ၈ ရက်တွင်ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုတွင် ရုရှားနိုင်ငံသည် မောင်းသူမဲ့ လေယာဉ်အစင်း ၇၀၀ အထိသုံးစွဲခဲ့သည်။ လက်ရှိအချိန်တွင် ရုရှားတပ် များသည် ယူကရိန်းတစ်နိုင်ငံလုံး၏ ၂၀ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်ထားကြောင်း သိရသည်။