ဘရန႔္ဖို႔ဒ္ကစားသမား အမ္ဘူမိုကို တတိယအႀကိမ္ထပ္မံကမ္းလွမ္းတဲ့ မန္ယူ

ဘရန႔္ဖို႔ဒ္ကစားသမား အမ္ဘူမိုကို တတိယအႀကိမ္ထပ္မံကမ္းလွမ္းတဲ့ မန္ယူ
====================
မန္ယူအသင္းဟာ ဘရန႔္ဖို႔ဒ္အသင္းက ကင္မ႐ြန္းလက္ေ႐ြးစင္ေတာင္ပံကစားသမား အမ္ဘူမိုကို တတိယအႀကိမ္ ေၾကးတိုးျမႇင့္ကမ္းလွမ္းခဲ့ၿပီး ဒီတစ္ႀကိမ္မွာေတာ့ ဘရန႔္ဖို႔ဒ္အသင္း လက္ခံလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနေၾကာင္း သိရပါတယ္။

မန္ယူအသင္းဟာ အမ္ဘူမို(၂၅ ႏွစ္)ကို ေခၚယူဖို႔ ေႏြရာသီတစ္ေလွ်ာက္လုံး ႀကိဳးစားေနခဲ့တာျဖစ္ၿပီး ပထမဆုံးအႀကိမ္အျဖစ္ ေပါင္(၄၅)သန္း+ Add-ons ေၾကး ေပါင္(၁၀)သန္းနဲ႔ ကမ္းလွမ္းခဲ့တာပါ။

အခု တတိယအႀကိမ္ ကမ္းလွမ္းမႈကေတာ့ ကနဦးေျပာင္းေ႐ႊ႕ေၾကး ေပါင္(၆၅)သန္း+ Add-ons ေၾကး ေပါင္(၅)သန္းအထိ ျမင့္တက္လာတာေၾကာင့္ ဘရန႔္ဖို႔ဒ္အသင္းအေနနဲ႔ လက္ခံႏိုင္ဖြယ္ရွိေၾကာင္း သုံးသပ္မႈေတြလည္း ထြက္ေပၚလာပါတယ္။

အမ္ဘူမိုဟာ ၿပီးခဲ့တဲ့ရာသီမွာ ဘရန႔္ဖို႔ဒ္အသင္းအတြက္ ပရီးမီးယားလိဂ္မွာ ဂိုး(၂၀)အထိ သြင္းယူကာ ေျခစြမ္းျပခဲ့သူျဖစ္ၿပီး သူ႔ကို ဘရန႔္ဖို႔ဒ္နည္းျပေဟာင္း ေသာမတ္စ္ဖရန႔္ခ္ကလည္း စပါးအသင္းဆီ ေခၚယူဖို႔ ဆႏၵရွိေနပါတယ္။

ဒါေပမဲ့ အမ္ဘူမိုက မန္ယူအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ လိုလားေနတာေၾကာင့္ မန္ယူအသင္းက အခြင့္သာေနေပမဲ့ ေျပာင္းေ႐ႊ႕ေၾကးအတြက္ အဆင္မေျပျဖစ္ေနေသးတာပါ။

မန္ယူနည္းျပ အာမိုရင္မ္ကေတာ့ အမ္ဘူမိုကို ရာသီႀကိဳေျခစမ္းခရီး ထြက္ခြာမယ့္ အဂၤါေန႔မတိုင္ခင္ ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနေၾကာင္း သိရပါတယ္။


ဘရန့်ဖို့ဒ်ကစားသမား အမ်ဘူမိုကို တတိယအကြိမ်ထပ်မံကမ်းလှမ်းတဲ့ မန်ယူ
====================
မန်ယူအသင်းဟာ ဘရန့်ဖို့ဒ်အသင်းက ကင်မရွန်းလက်ရွေးစင်တောင်ပံကစားသမား အမ်ဘူမိုကို တတိယအကြိမ် ကြေးတိုးမြှင့်ကမ်းလှမ်းခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ဘရန့်ဖို့ဒ်အသင်း လက်ခံလိမ့်မယ်လို့ မျှော်လင့်နေကြောင်း သိရပါတယ်။

မန်ယူအသင်းဟာ အမ်ဘူမို(၂၅ နှစ်)ကို ခေါ်ယူဖို့ နွေရာသီတစ်လျှောက်လုံး ကြိုးစားနေခဲ့တာဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် ပေါင်(၄၅)သန်း+ Add-ons ကြေး ပေါင်(၁၀)သန်းနဲ့ ကမ်းလှမ်းခဲ့တာပါ။

အခု တတိယအကြိမ် ကမ်းလှမ်းမှုကတော့ ကနဦးပြောင်းရွှေ့ကြေး ပေါင်(၆၅)သန်း+ Add-ons ကြေး ပေါင်(၅)သန်းအထိ မြင့်တက်လာတာကြောင့် ဘရန့်ဖို့ဒ်အသင်းအနေနဲ့ လက်ခံနိုင်ဖွယ်ရှိကြောင်း သုံးသပ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။

အမ်ဘူမိုဟာ ပြီးခဲ့တဲ့ရာသီမှာ ဘရန့်ဖို့ဒ်အသင်းအတွက် ပရီးမီးယားလိဂ်မှာ ဂိုး(၂၀)အထိ သွင်းယူကာ ခြေစွမ်းပြခဲ့သူဖြစ်ပြီး သူ့ကို ဘရန့်ဖို့ဒ်နည်းပြဟောင်း သောမတ်စ်ဖရန့်ခ်ကလည်း စပါးအသင်းဆီ ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။

ဒါပေမဲ့ အမ်ဘူမိုက မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ လိုလားနေတာကြောင့် မန်ယူအသင်းက အခွင့်သာနေပေမဲ့ ပြောင်းရွှေ့ကြေးအတွက် အဆင်မပြေဖြစ်နေသေးတာပါ။

မန်ယူနည်းပြ အာမိုရင်မ်ကတော့ အမ်ဘူမိုကို ရာသီကြိုခြေစမ်းခရီး ထွက်ခွာမယ့် အင်္ဂါနေ့မတိုင်ခင် ခေါ်ယူနိုင်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။